NEWS

Wonderful Apparel စက်ရုံအလုပ်သမားများပေးစာ

CoverLogo
908 Views

အမှတ် (-)၊ ဟန်စတီးပါဝါလမ်း၊ မြောင်းတကားစက်မှုဇုန်၊ မှော်ဘီမြို့က တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပါတယ်။ အလုပ်သမား ၂၀၀ ကျော်ရှိပြီး COLIN’S၊ ADVENTURE၊ TRSLLKIDS တံဆိပ်တွေချုပ်ပါတယ်။

ချိုးဖောက်မှုဖြစ်စဥ်အနေနဲ့  EC စာချုပ်ချုပ်ထားသော်လည်း ECစာချုပ်အတိုင်း လုပ်ဆောင်ခြင်း မရှိဘဲ အလုပ်သမားများကို တရုတ်အမျိုးသမီးဆိုသူက သူမကြိုက်တာဆိုလျင်  မန်နေဂျာကို အလုပ်မှတန်းထုတ် ခိုင်းပါတယ်။ 

မန်နေဂျာမှ အမှားအမှန်မခွဲခြားခြင်း၊ ECစာချုပ်နှင့်အညီလုပ်ဆောင်းချင်မရှိဘဲ  တရုတ်အမျိုး သမီးက အလုပ်ထုတ်ခိုင်းတိုင်း မန်နေဂျာကလည်း ဘာမှပြန်ပြောချင်မရှိပဲ အလုပ်ကတန်းထုတ်ခြင်းကြောင့် အလုပ်သမားများမှာ နစ်နာမှုဖြစ်နေပါတယ်။

ပထမရက်ကလည်း အထည်စစ်ဆေးသော အလုပ်သမားနှစ်ဦးကို သူတို့အထည်စစ်လို့ ဘိုင်ရာကျတယ်ဟုဆိုကာ အလုပ်မှတန်းထုတ်ပစ်လိုက်ပါတယ် ယခုလို့ တရုတ်အမျိုး သမီးက မဆင်မခြင်အလုပ်သမားများကို အလုပ်ထုတ်ချင်တိုင်း ထုတ်နေခြင်းမှာ အလုပ်သမားများအတွက် နစ်နာမှုရှိသလို ဥပဒေမဲ့ကိုချိုးဖောက်ပြီး လုပ်ဆာင်နေချင်များဖြစ်ပါတယ်။

၎င်းကိစ္စနဲ့ပတ်သတ်ပြီး QCအောစူပါဆီက အဲ့နေပဲအလုပ်ကနေတန်းထွက်သွားတော့ QCအောစူပါဆီက ၅၀၀၀၀ကျပ်ကို လစာထဲက ဖြတ်ထားလိုက်ပါတယ်။ ၎င်းအလုပ်ရှင်သည် မထင်ရင်မထင်သလို အလုပ်ထုတ်ခြင်း၊ အကြောင်း ပြချက်မရှိပဲ ပိုက်ဆံဖြတ်ထားခြင်းများကို အလုပ်သမားများ အတော်များများကိုပြုလုပ်ကာ လစာထဲကမန်နေဂျာကိုယ် တိုင်က တရုတ်မှပြောတဲ့အတိုင်း ပိုက်ဆံကိုဖြတ်ပေးနေတာဖြစ်ပါတယ်။

လုပ်ငန်းခွင်ထဲတွင်လည်း အလုပ်သမားများကို အထည်စံချိန်မတရားတောင်းခံနေခြင်း၊  စက်လိုင်းတစ်လိုင်း ကို လူ ၁၉ ယောက်လောက်ပဲရှိပြီး စက်သမားတစ်ဦးကို   နှစ်ပွိုင့်မှသုံးပွိုင့်အထိချုပ်လုပ်ရပြီး အထည်စံချိန်ကို ၄၀မရတဲ့အထည်ကို အထည်၄၀ပေးရမည်ဟု အတင်းတောင်းခံနေခြင်း၊  အထည်၈၀ /၉၀‌လောက် ချုပ်လုပ်ရ တဲ့ အထည်ကိုတော့ ၁၀၀ /၁၂၀အထည်ထိတောင်းခံနေခြင်း၊ စက်လိုင်းထဲတွင် လူဦးရေလဲထပ်မံမဖြည့်ပဲ လူဦးရေနဲ့မမျှတတဲ့ အထည်စံချိန်များကို အလုပ်ရှင်ဘက်ကမတရားတောင်းခံနေပြီး အထည်စံချိန်များ တောင်းခံလျင်လည်း လိုင်းစူပါတွေက ဆဲဆိုခြင်း၊  ကြိမ်းမောင်းပြီး အလုပ်ရှင်ဘက်က တောင်းခိုင်းသည့် စံချိန်ရအောင် အတင်းအဓ္ဓမရအောင် အတင်ခိုင်းနေပါတယ်။

စတိုလ်တစ်ခုအခုမှလိုင်းစချိန်လို့ အထည် မတက်သေးဘူး စံချိန်ကိုအရင်တောင်းနေခြင်း၊ ချုပ်လုပ်ရသော အထည်များမှာ အနွေးထည်၊ ကုတ်အင်္ကျီ၊ မိန်းကလေးဝတ် T shirt များချူပ်လုပ်ရခြင်း၊ လိုင်းချိန်းရင် စူပါတွေက မချိန်းရဘဲ တရုတ်မကိုယ်တိုင် အလုပ်ကိုဝင်လုပ်ပြီးပြပေးကာ  သူတစ်ခါပြလို့ တစ်ခါထဲနဲ့အလုပ်သမားက မရရင်သွားပြန်တော့အလုပ် ထွက်လိုက်လို့ပြောပါတယ်။

စက်လိုင်း၆ လိုင်းရှိပြီး  လိုင်းစူပါ၃ဦးပဲရှိပြီး တရုတ်အမျိုးသမီးက  အားလုံးကို တိုက်ရိုက်အုပ်ချူပ်နေခြင်း၊ စက်လိုင်းတွေထဲမှာလဲ စူပါမရှိတာကြောင့် တရုတ်မကိုယ်တိုင်အုပ်ချုပ်ပြီး ဆူပူ ပြောဆိုတာတွေ ခုံတွေကိုထုရိုက်ပြောဆို အပြုမူတွေပြုလုပ်ခြင်း၊  တရုတ်မပြောတာကို စကားပြန်မရှိ တာကြောင့်မန်နေဂျာကစကားပြန်ပေးနေခြင်း၊ မန်နေဂျာက မန်နေဂျာအလုပ်မလုပ်ပဲ တရုတ်မပြောသမျှ အကုန်လိုက်လုပ်နေခြင်းဖြစ်ပါတယ်။

တရုတ်အမျိုးသမီးက မြန်မာလိုလဲ တော်တော်တော့ ပြောတတ်ပြီး Finishing all super က တရုတ်မ အကြိုက် လိုက်လုပ်ပေးနေတာကြောင့် QC အောစူပါ၊ စူပါ မရှိတဲ့အတွက်ကြောင့် QCကိုပါ Finishing all super ကကိုင်တွယ်နေတာပါ။

တရုတ်အမျိုးသမီးက နည်းနည်းလေးပြောလိုက်တာနဲ့ finishing all super က များများ ခိုင်းနေခြင်း၊ အဲ့တာကြောင့် တရုတ်အမျိုးသမီးက သူကို လူယုံပုံစံမျိုးထားခြင်း၊ အလုပ်ပါးတဲ့ဌာန က အလုပ်များတဲ့ဌာနကိုပိုပြီးခိုင်းနေခြင်း၊  အလုပ်သမားတွေက ဌာနတစ်ခုထဲ မဟုတ်ပဲ လိုတဲ့ဌာနကို အကုန် လိုက်လုပ်ပေးနေရပြီး အောစူပါ၊ မန်နေဂျာက တရုတ်မခိုင်းတာ အကုန်လိုက်လုပ်ပေးနေတော့ တရုတ်မက ပိုပိုပြီးဆိုးလာခြင်းဖြစ်ပါတယ်။

အလုပ်သမားများ အလုပ်တက်ချိန်မှာ နံနက်၈နာရီမှ ည ၆း၃၀ အထိဆင်းရပြီး ညဘက်၇နာရီမှ အောနိုက် ၁၂နာရီအထိ အချိန်ပိုအိုတီဆင်းရခြင်း၊ အောနိုက်အချိန်ပိုအိုတီဆင်းရသော်လည်း အလုပ်ရှင်ဘက်မှ ဖယ်ရီမစီ စဥ်ပေးပဲ အလုပ်သမားများက မိမိအဖယ်ရီမစီစဥ်ဖြင့် အချိန်ပိုအိုတီဆင်းရပါတယ်။

အလုပ်ရှင်ဘက်မှ ခေါ်သော အချိန်ပိုအိုတီကိုလည်း အလုပ်သမားများမှာ မဆင်းမနေရဆင်းရခြင်း၊ မဆင်းလျင်အငြိုးအတေး ထားခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အချိန်ပိုအိုတီဆင်းရလို့ ဖယ်ရီကားပေးရန်ပြောသော်လည်း အလုပ်ရှင် ဘက်မှမပေးခြင်း၊ ညဘက်မပေးနိုင်လို့ မနက်အစောကြီးအိမ်ပြမ်ရန် ဖယ်ရီးကားပေးရန်ပြောသော်လည်းမ ပေးခြင်း၊ လုပ်ငန်းခွင်ထဲတွင် နေ့စားအလုပ်သမားများခိုင်းစေနေပြီး ထို့နေ့စားအလုပ်သမားများကို အလုပ် များတဲ့အချိန်တွေဆိုခေါ်ခိုင်းပြီး ၂လကျော်ကျော်လောက် အလုပ်လုပ်ခိုင်းပြီး  အထည်နိုင်သွားပြီးဆိုရင် ထို့နေ့ စားအလုပ်သမားများကို အလုပ်ရှင်ဘက်မှ အလုပ်မှထုတ်ပစ်ပါတယ်။

စက်ရုံကိုလာစစ်လို့ အော်ဒါမအောင် ရင်လည်း အလုပ်သမားတွေဆီက ပိုက်ဆံဖျက်တာ ဝမ်တိန်ထိုးခိုင်းတာတွေလဲ အလုပ်ရှင်ဘက်ကလုပ် ဆောင်နေခြင်း၊ အလုပ်သမားအသုံးပြုသော အိမ်သာများမှာ သန့်ရှင်းမှုမရှိခြင်း၊ လှိုင်သာယာမှာ ဖွင့်ထားသော ဟာမိုနီအထည်ချုပ်စက်ရုံက ကိုရီအော်ဒါများယူချုပ်နေခြင်း၊ ၎င်းအလုပ်ရှင်သည် အလုပ်သမားများအပေါ် ချိုးဖောက်မှုများ ခဏခဏကျူးလွန်နေခြင်း၊ အလုပ်သမားစစ်ဆေးရုံးကလာစစ်လည်း လုပ်ငန်းခွင်ထဲတွင် ဘာမှပြောင်းလဲမှုမရှိဘဲ အလုပ်ရှင်က လုပ်ချင်တာတွေ ပိုပိုလုပ်လာနေခြင်းကို အကူအညီပေးဖို့ တောင်းခံချင်ပါတယ်။

အလုပ်သမားများတောင်းဆိုချက်။

၁။ အလုပ်ရှင်ဘက်မှစံချိန်တောင်းခံရာတွင် အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်သော စံချိန်ကိုတောင်းခံရန်။
၂။ အောစူပါများမှာ စံချိန်တောင်းခံရာတွင် အလုပ်သမားများကို ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်းမပြုလုပ် ရန်။
၃။ အလုပ်ရှင်ဘက်မှ ညဘက်အချိန်ပိုအိုတီ ၁၂အထိခေါ်လျင် အလုပ်သမားများသဘောဆန္ဒပါမှသာ ခေါ်ရန်။
၄။ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီခေါ်လျင် အလုပ်သမားများအတွက် ဖယ်ရီစီစဥ်ပေးရန်။
၅။   တရုတ်အမျိုးသမီးက အလုပ်သမားများကို တိုက်ရိုက်အုပ်ချုပ်ခြင်းမပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အလုပ်ထုတ်ခြင်း၊ အကြောင်းပြချက်မရှိပိုက်ဆံများဖြတ်တောက် ခြင်းမပြုလုပ်ရန် Wounderful Apparel Co,Ltd အလုပ်သမားများမှ အကူအညီတောင်းခံအပ်ပါတယ်။ 


Related posts

Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
May 18, 2026
Cover
Lucky Top Myanmar တွင် အိုတီရုံးလာရောက်၊ စစ်ဆေးမှုမရှိဘဲ ငွေယူပြန်
May 18, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026