NEWS

Vicsong ဖိနပ် စက်ရုံတွင် အချိန်ပို နာရီလေးဆယ်ကျော်လုပ်ကိုင်ထားပေမဲ့၊ ၆ နာရီစာ လုပ်ခသာ ထည့်ပေါင်း ပေး

CoverLogo
548 Views
 
ပဲခူးမြို့ရှောင်လမ်း၊ ဆင်ဖြူကွင်းလမ်းဘက်က ၊ ဖိနပ်စက်ရုံကို တိုင်ကြားချင်လို့ပါရှင့်။ စက်ရုံနာမည်က Vicsong (Vicsong- Myanmar footwear Co.,Ltd) ပါ။ လာရောက်ဖြေရှင်းပေးရှင့်၊ အချိန်ပိုလုပ်ခတွေ အများကြီး နစ်နာရလို့ပါရှင့်။
ကျွန်မတို့ကို စက်ရုံက လက်ပွေတနေ့ကို ၄ ကြိမ် နှိပ်ခိုင်းပါတယ် ။
 
မနက် အလုပ်လာချိန် ၊ နေ့လည်ထမင်းစားဆင်းချိန်၊ ထမင်းစားပြန်တက်ချိန်နဲ့ ညနေအလုပ်ပြန်ချိန် စုစုပေါင်း ၄ ကြိမ် နှိပ်ခိုင်းပါတယ်။ လက်ပွေ မနှိပ်ရင် တနေ့ ၅၀၀ ဖျက်မယ်ဆို ပြီး သူဌေးက စက်ရုံထဲက တရုတ်အမျိုးသမီး ကနေ တဆင့် ပြောလာပါတယ်။ ကျွန်မတို့ကို သူတို့ပြောထားတာတော့ ၊ လက်ပွေမနှိပ်ရင် တနေ့ ၅၀၀ ပဲ ဖျက်မယ် ပဲ ပြောတာပါ ။
 
ဒီနေ့ လစာလည်း ထုတ်တော့ တနေ့ ၅၀၀ အပြင် အချိန်ပို ot လုပ်ခတွေကို ဖြတ်ထားပါ တယ်။ အချိန်ပို နာရီ ၄၀ ကို ဖြတ်ထားတာပါ။ လက်ပွေစက်ကလည်း ပျက်နေပါတယ် ။ ကျွန်မတို့နှိပ်လည်း သူတို့မှာ မပေါ်ပါဘူးဆို အဲဒီ လုပ်ခတွေကို ဖြတ်ထားတာပါ။
အချိန်ပို ot နာရိ ၄၀ ကျော်ဆင်းထားတာကို ၈၄၀၀ ပဲထည့်ပေးတယ်။
Ot ၆ နာရီ ပဲထည့်ပေးသလို ဖြစ်နေပါတယ် ။
အကူအညီတောင်းပါတယ်ရှင့် ။
( Vicsong- Myanmar footwear Co.,Ltd က တခြားချိုးဖောက်မှုတွေလည်း ဆက်ရှိနေတာကြောင့် ဆက်လက် ဖော်ပြပေးပါ့မယ်)

Related posts

Cover
Yangon Oscar စက်ရုံ EC ချုပ်မပေး၊ အလုပ်သမားများ နစ်နာနေ
Jan 08, 2026
Cover
Myanmar Ju Chuan စက်ရုံ လုပ်သက်ခွင့်ကို ချိုးဖောက်
Jan 08, 2026
Cover
Yangon Wan Ping Garment တွင် ဆန္ဒမပါဘဲ အချိန်ပိုဆင်းနေရ
Jan 08, 2026
Cover
Xing Yuan စက်ရုံသည် အလုပ်သမားများ ပေးစာ
Jan 08, 2026
Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025