NEWS

Vicsong ဖိနပ် စက်ရုံတွင် အချိန်ပို နာရီလေးဆယ်ကျော်လုပ်ကိုင်ထားပေမဲ့၊ ၆ နာရီစာ လုပ်ခသာ ထည့်ပေါင်း ပေး

CoverLogo
610 Views
 
ပဲခူးမြို့ရှောင်လမ်း၊ ဆင်ဖြူကွင်းလမ်းဘက်က ၊ ဖိနပ်စက်ရုံကို တိုင်ကြားချင်လို့ပါရှင့်။ စက်ရုံနာမည်က Vicsong (Vicsong- Myanmar footwear Co.,Ltd) ပါ။ လာရောက်ဖြေရှင်းပေးရှင့်၊ အချိန်ပိုလုပ်ခတွေ အများကြီး နစ်နာရလို့ပါရှင့်။
ကျွန်မတို့ကို စက်ရုံက လက်ပွေတနေ့ကို ၄ ကြိမ် နှိပ်ခိုင်းပါတယ် ။
 
မနက် အလုပ်လာချိန် ၊ နေ့လည်ထမင်းစားဆင်းချိန်၊ ထမင်းစားပြန်တက်ချိန်နဲ့ ညနေအလုပ်ပြန်ချိန် စုစုပေါင်း ၄ ကြိမ် နှိပ်ခိုင်းပါတယ်။ လက်ပွေ မနှိပ်ရင် တနေ့ ၅၀၀ ဖျက်မယ်ဆို ပြီး သူဌေးက စက်ရုံထဲက တရုတ်အမျိုးသမီး ကနေ တဆင့် ပြောလာပါတယ်။ ကျွန်မတို့ကို သူတို့ပြောထားတာတော့ ၊ လက်ပွေမနှိပ်ရင် တနေ့ ၅၀၀ ပဲ ဖျက်မယ် ပဲ ပြောတာပါ ။
 
ဒီနေ့ လစာလည်း ထုတ်တော့ တနေ့ ၅၀၀ အပြင် အချိန်ပို ot လုပ်ခတွေကို ဖြတ်ထားပါ တယ်။ အချိန်ပို နာရီ ၄၀ ကို ဖြတ်ထားတာပါ။ လက်ပွေစက်ကလည်း ပျက်နေပါတယ် ။ ကျွန်မတို့နှိပ်လည်း သူတို့မှာ မပေါ်ပါဘူးဆို အဲဒီ လုပ်ခတွေကို ဖြတ်ထားတာပါ။
အချိန်ပို ot နာရိ ၄၀ ကျော်ဆင်းထားတာကို ၈၄၀၀ ပဲထည့်ပေးတယ်။
Ot ၆ နာရီ ပဲထည့်ပေးသလို ဖြစ်နေပါတယ် ။
အကူအညီတောင်းပါတယ်ရှင့် ။
( Vicsong- Myanmar footwear Co.,Ltd က တခြားချိုးဖောက်မှုတွေလည်း ဆက်ရှိနေတာကြောင့် ဆက်လက် ဖော်ပြပေးပါ့မယ်)

Related posts

Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026