NEWS

Tianjin Fashion Milestone Garment  အာဇာနည်နေ့တွင် အချိန်ပို လုပ်ခိုင်း

CoverLogo
518 Views

ကူညီပါရှင့်၊ Tianjin Fashion Milestone Garment စက်ရုံက အလုပ်သမားတွေပါရှင့် ။ လာမဲ့ အာဇာနည်နေ့မှာ စက်ရုံက အချိန်ပို  ဆင်းခိုင်းနေပါတယ် ။ အဲဒီနေ့ကို “မိမိသဘောဖြင့် ဆင်းတာပါဆိုတဲ့ ခေါင်းစဥ်နဲ့” လက်မှတ်တွေ ထိုးခိုင်းနေတာပါ။  ဒီကနေ့ မနက်ကတည်းက အဲဒီလက်မှတ်တွေ ထိုးခိုင်းနေတာပါ။ HR မန်နေဂျာ က လက်မှတ် ထိုးခိုင်းတာပါ။ 
အလုပ်သမားတွေက အာဇာနည်နေ့မို့ မဆင်းချင်တာပါရှင့် ။ စက်ရုံက အချိန်ပိုတွေခေါ်နေတာလည်း ၆ လပိုင်း ကတည်းက  ပါ။ နေ့တိုင်း အချိန်ပိုလုပ် ရပါတယ်။ ည ၇ နာရီခွဲမှ အလုပ်ဆင်းပါတယ်။ စနေနေ့ဆို ညနေ ၅ နာရီအထိ လုပ်ရပါတယ်။ တနင်္ဂနွေနေ့လည်း မနားရဘူး။ ညနေ ၄ နာရီအထိ အချိန်ပို လုပ်ပေးရပါတယ်။
WCC  အဖွဲ့ ဖွဲ့ထားပါတယ်။ သူတို့ကလည်း စက်ရုံဘက်ကို ဘာမှ မပြောကြပါဘူး။ 
အကူအညီတောင်းပါတယ်ရှင့်။
(Tianjin Fashion Milestone Garment စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာ  ဖွင့်လှစ်ထားပြီး လုပ်သား တစ်ထောင်ကျော် လုပ်ကိုင်နေတယ်လို့ သိရှိထားပါတယ်။ စက်ရုံမှာ WCC ဖွဲ့စည်းထားပေမဲ့ အလုပ်သမားကိုယ်စားလှယ်  အပြည့်အစုံမပါဝင်တော့ဘူးလို့ သိရပါတယ်။ ဖေဖော်ဝါရီလအတွင်း အချိန်ပိုခိုင်းစေတာ ငြင်းဆန်လို့ဆိုပြီး စက်ရုံဘက်က ကြိုပို့ယာဉ် စီစဉ်မပေးလို့ အလုပ်သမားတွေ  လမ်းလျှောက်ပြန်ခဲ့ ရပါတယ်။ အဲဒီအချိန်က ရရှိထားတဲ့ အချက်အလက်တွေအရ စက်ရုံက Sinsay , VERO MODA တံဆိပ်ကို ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။)


Related posts

Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
May 18, 2026
Cover
Lucky Top Myanmar တွင် အိုတီရုံးလာရောက်၊ စစ်ဆေးမှုမရှိဘဲ ငွေယူပြန်
May 18, 2026