ကူညီပါရှင့်၊ Tianjin Fashion Milestone Garment စက်ရုံက အလုပ်သမားတွေပါရှင့် ။ လာမဲ့ အာဇာနည်နေ့မှာ စက်ရုံက အချိန်ပို ဆင်းခိုင်းနေပါတယ် ။ အဲဒီနေ့ကို “မိမိသဘောဖြင့် ဆင်းတာပါဆိုတဲ့ ခေါင်းစဥ်နဲ့” လက်မှတ်တွေ ထိုးခိုင်းနေတာပါ။ ဒီကနေ့ မနက်ကတည်းက အဲဒီလက်မှတ်တွေ ထိုးခိုင်းနေတာပါ။ HR မန်နေဂျာ က လက်မှတ် ထိုးခိုင်းတာပါ။
အလုပ်သမားတွေက အာဇာနည်နေ့မို့ မဆင်းချင်တာပါရှင့် ။ စက်ရုံက အချိန်ပိုတွေခေါ်နေတာလည်း ၆ လပိုင်း ကတည်းက ပါ။ နေ့တိုင်း အချိန်ပိုလုပ် ရပါတယ်။ ည ၇ နာရီခွဲမှ အလုပ်ဆင်းပါတယ်။ စနေနေ့ဆို ညနေ ၅ နာရီအထိ လုပ်ရပါတယ်။ တနင်္ဂနွေနေ့လည်း မနားရဘူး။ ညနေ ၄ နာရီအထိ အချိန်ပို လုပ်ပေးရပါတယ်။
WCC အဖွဲ့ ဖွဲ့ထားပါတယ်။ သူတို့ကလည်း စက်ရုံဘက်ကို ဘာမှ မပြောကြပါဘူး။
အကူအညီတောင်းပါတယ်ရှင့်။
(Tianjin Fashion Milestone Garment စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်ထားပြီး လုပ်သား တစ်ထောင်ကျော် လုပ်ကိုင်နေတယ်လို့ သိရှိထားပါတယ်။ စက်ရုံမှာ WCC ဖွဲ့စည်းထားပေမဲ့ အလုပ်သမားကိုယ်စားလှယ် အပြည့်အစုံမပါဝင်တော့ဘူးလို့ သိရပါတယ်။ ဖေဖော်ဝါရီလအတွင်း အချိန်ပိုခိုင်းစေတာ ငြင်းဆန်လို့ဆိုပြီး စက်ရုံဘက်က ကြိုပို့ယာဉ် စီစဉ်မပေးလို့ အလုပ်သမားတွေ လမ်းလျှောက်ပြန်ခဲ့ ရပါတယ်။ အဲဒီအချိန်က ရရှိထားတဲ့ အချက်အလက်တွေအရ စက်ရုံက Sinsay , VERO MODA တံဆိပ်ကို ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။)
NEWS
Tianjin Fashion Milestone Garment အာဇာနည်နေ့တွင် အချိန်ပို လုပ်ခိုင်း

558 Views
Related posts

TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026

Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026

Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026

Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026

ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026

New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026

WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026

He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026