NEWS

Tha Shu အထည်ချုပ် စက်ရုံ လိုင်းစာရေး ၁၅ ဦးအား စစ်ဆေးခံရန် ရွေးချယ်ထားဟုဆို

CoverLogo
1.1K Views

Myanmar Labour News က တာဝန်ရှိသူများရှင့်

ဒီကနေ့ (မေ ၂၅ ရက်) မှာ မြို့နယ် အလုပ်သမားရုံးက တာဝန်ရှိသူတွေ စက်ရုံကို လာစစ်မယ်လို့ သိပါတယ်။ စက်ရုံက အလုပ်သမားတွေကိုတော့ အဲလို လာစစ်မယ်ဆိုတာ မပြောပါဘူး။ ဒါပေမဲ့ လိုင်းစာရေးမ ၁၅ ဦးနဲ့ လုပ်သက်ရင့် စာချုပ် လုပ်သား ၃ ဦးလောက်ကို စက်ရုံရဲ့ ထုတ်လုပ်ရေးမန်နေဂျာက အစစ်အဆေးခံဖို့ မနေ့က (မေ ၂၄ ရက်) က ရွေးပါတယ်ရှင့် ။ စစ်ဆေးရေးအဖွဲ့လာရင် အစစ်ခံဖို့ပါ။

Myanmar Labour News မှာ သတင်းပါလို့ လာစစ်တာလို့ ကြားပါတယ် ရှင့်။ သတင်းမှာပါတဲ့ အချက်တွေထဲက ထမင်းစားဆောင်ကျပ်တာ တခုတည်း ရှင်းပေးထားပါတယ်။ ကျန်တဲ့ သောက်ရေ မသန့်တာ၊ တံခါးပိတ်လို့ အပူဒဏ်ခံရတာ၊ ရေဗူး ယူမရတာ၊ စံချိန်တွေ တိုးတောင်းတာတွေ၊ စူပါတွေ ဆဲပြီး ခိုင်းတာတွေက နဂိုအတိုင်းပဲ ရှိပါသေးတယ်ရှင့် ။ မပြောင်းလဲပါဘူးရှင့်။

မနေ့ (မေ ၂၄)ရက် က စက်ရုံရဲ့ ထုတ်လုပ်ရေးမန်နေဂျာက လိုင်းစာရေးမတွေကို ခေါ်ပါတယ်။ တာဝန်ရှိသူတွေ စစ်တယ်ဆိုရင် သတင်းမှာပါတဲ့ စက်ရုံက အဖြစ်အပျက်တွေက မဟုတ်ဘူးဆိုပြီး လိုင်းစားမရေးတွေကို ဖြေဖို့ ပြောတယ်လို့ ကြားပါတယ်။ စံချိန်အထည် ၂၅ ထည် လောက်ပဲ (Hourly) တောင်းတဲ့ အကြောင်း၊ ရေဗူးယူမရတာ မဟုတ်တဲ့ အကြောင်း၊ သောက်ရေမသန့်တာနဲ့ တံခါးပိတ်တာတွေက မဟုတ်တဲ့ အကြောင်းတွေကို လာစစ်ဆေးရင် ပြောဖို့ ထုတ်လုပ်ရေး မန်နေဂျာက သင်ပေးတယ်လို့ ကျွန်မတို့ အလုပ်သမားတွေ ပြန်ကြားရပါတယ်ရှင့်။

စက်လိုင်းစာရေးမတွေကိုလည်း Helper (အကူလုပ်သား)တွေ၊ စက်သမားတွေ ၊ တခြားဌာနက အလုပ်သမား တွေလို ဟန်ဆောင်ခိုင်းပြီး ဖြေခိုင်းထားတာပါ။

အလုပ်သမားရုံးက လာစစ်ရင် စက်ရုံထဲမှာ တကယ်ဖြစ်ပျက်နေတာတွေကို အမှန်တိုင်း မသိမှာကို စက်ရုံအလုပ်သမားတဦးအနေနဲ့ စိတ်ပူတာပါရှင့် ။ သေချာ စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်ရှင့်။


Related posts

Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026