NEWS

Nine Tripod ကျိုတိန် မှန်နှင့် အလူမီနီယံ တပ်ဆင် ရောင်းဝယ်ရေးလုပ်ငန်း အလုပ်ရှင်အလုပ်သမားအငြင်းပွားမှု အပေါ် အလုပ်သမားရုံးက ဖြေရှင်းပေးမှု တရားမျှတမှုမရှိဟုဆို

CoverLogo
639 Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄)၊ ဦးမြဲလမ်းမှာဖွင့်လှစ်ထားတဲ့ Nine Tripod ကျိုတိန် မှန်နှင့် အလူမီနီယံ တပ်ဆင် ရောင်းဝယ်ရေးလုပ်ငန်း အလုပ်ရှင်အလုပ်သမားအငြင်းပွားမှု အပေါ် အလုပ်သမားရုံးက ဖြေရှင်းပေးမှု တရားမျှတမှုမရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။အလုပ်သမားတွေဟာ ယင်းတို့ရဲ့ လုပ်သက်ခွင့် ၃ နှစ်စာကို ပေးချေဖို့နဲ့  အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ အပိုထောက်ပံ့ကြေး ပေးဖို့ လိုလားတယ်လို့ ပြောဆိုပါတယ်။

အဲ့ဒီလုပ်ငန်းဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလူမီနံယံပစ္စည်းတွေကို တရုတ်မှတင်သွင်းကာ မြန်မာပြည်မှာတပ်ဆင်ရောင်းဝယ်ရေးလုပ်ကိုင်နေတာလို့ သိရပါတယ်။

အလုပ်သမား ၂၅ ယောက်ရှိပြီး အလုပ်ထဲမှာတော့ အလုပ်သမားသမဂ္ဂရော ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီပါ ဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို လုပ်သက်ခွင့်မပေးတာ ၈ နှစ်နီးပါးရှိပြီဖြစ်တာကြောင့် ဘတ်ဒိတ်နဲ့ ပြန်လည်တွက်ချက်ပေးဖို့ တောင်းဆိုခဲ့ပြီး အလုပ်ရှင်က ဖြေရှင်းမပေးတာကြောင့် အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေး ဦးစီးဌာနကို တိုင်ကြားခဲ့ပြီး ပထမအကြိမ်ဆွေးနွေးပေးရာတွင် လုပ်သက်ခွင့်တစ်နှစ်စာဘက်ဒိတ်နှင့်တွက်ပေးရန် ပြောဆိုခဲ့တယ်လို့ အလုပ်သမားကပြောပါတယ်။

"အမှန်တကယ်အလုပ်သမားတွေလိုချင်တာက လုပ်သက်ခွင့်ကို ၃ နှစ်စာတွက်ပေးစေချင်တာပါ ဦးစီးရုံးက တစ်နှစ်စာပဲပေးဖို့ ဆုံးဖြတ်ပေးခဲ့တယ် ၃ နှစ်စာလိုချင်ရင် တရားရုံးကိုဦးတိုက်လျှောက်ပြီးတောင်းလို့ ပြောတယ်။ အလုပ်သမားတွေက ၁ နှစ်စာပဲလက်ခံတော့ အလုပ်ရှင်က ဒေးကြေး ၈၀၀၀ အစား ၄၈၀၀ နဲ့ ၂၀၂၂ တစ်နှစ်စာတွက်ပေးတယ် ဒါကိုလည်း ကျေနပ်မှုမရှိပါဘူး ပြီးတော့ ခွင့် ရှောင်တခင်ခွင့် လုပ်သက်ခွင့် စုစုပေါင်း ၁၆ ရက်ကျော်ရင် အလုပ်သမားတွေက ဒေးကြေးနဲ့တွက်ပြီးအလုပ်ရှင်ကို ပြန်ပေးဖို့ ဦးစီးမှူးက အလုပ်ရှင်ကို အကြံပေးလိုက်တယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ ခွင့်ခံစားခွင့် အလွယ်တတူမရတာကြောင့်ခွင့်မဲ့ဖြင့် အလုပ်ပျက်တဲ့ အလုပ်သမားတွေကို ငွေကြေးဖြတ်တောက်ပြီး ယခုအခါမှာ ခွင့်ပျက်ပါက အလုပ်ရှင်ကို ပိုက်ဆံပြန်အမ်းရန် အထိပါ တောင်းဆိုလာတဲ့အတွက် ကျေနပ်မှုမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

"အလုပ်ရှင်က ဦးစီးမှူးရုံးက အကြံပေးလိုက်တဲ့အတိုင်း ခွင့် တွေ လုပ်သက်ခွင့်တွေ စုစုပေါင်း ၁၆ ရက်ကျော်တဲ့အလုပ်သမားတွေဆီက ပိုက်ဆံပြန်တောင်းဖို့လုပ်နေတာပါ အငြင်းပွားမှုဖြစ်လို့ သွားတိုင်တဲ့နေ့တွေကိုလည်း ရက်ပျက်အဖြစ်သတ်မှတ်တယ် အလုပ်သမားတွေရဲ့ ခံစားခွင့်တွေဆိုရင် ရှိပြီးသားကို ယုတ်လျော့အောင်လုပ်ပြီးဖြေရှင်းပေးတာ"လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

မန်နေဂျာမှ အလုပ်သမားတွေကို ဆဲဆိုတာ အလုပ်ခန့်ထားမှုဆိုင်ရာစာချုပ်အတိုင်းမဟုတ်ဘဲ အခြားအလုပ်များအခြားဌာနများကို ပြောင်းရွှေ့ခိုင်းစေတာ အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်ထည့်သွင်းတွက်ချက်ပေးဖို့  စတဲ့ အချက်တွေကို အလုပ်ရှင်ဘက်က ဖြေရှင်းမပေးလို့ အလုပ်သမားရုံးကို ထပ်မံတိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

"အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးမှူးဆိုသူက အပိုထောက်ပံ့ကြေးတိုးပေးဖို့ကိစ္စကို ဘယ်လိုဖြေရှင်းပေးလဲဆိုတော့ ၂၀၂၀ တုန်းက တိုးပေးထားတဲ့ ထောက်ပံ့ကြေး ၁၀၀၀၀ ကနေ ၄၀၀၀၀ ထိ ပေးထားတာနဲ့ ချေလိုက်ဖို့ ပြောတယ် မပြည့်တဲ့လူကို ဖြည့်ပေးဖို့နဲ့ ပိုနေသူကို တိုင်ခွဲပေးဖို့ အလုပ်ရှင်ကိုညွှန်ကြားလိုက်တာပါ "လို့ အလုပ်သမားကရှင်းပြပါတယ်။

ယင်းဖြေရှင်းချက်နှင့်ပတ်သက်ပြီးအလုပ်သမားတွေမှ ကျေနပ်မှုမရှိလို့ စာဖြင့်မေးမြန်းခဲ့ရာမှာ အလုပ်သမားညွှန်ကြားရေးဦးစီးမှူးမှ "ကြိုက်တဲ့နေရာတိုင်နိုင်ကြောင်း လုပ်သက် ၃၈ နှစ်ရှိကြောင်းနှင့် အလုပ်ပြုတ်ရင်ပင်စင်စားလို့ရတယ်"လို့ ဖုန်းဖြင့် ပြန်လည်အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

"၂၀၂၀ တုန်းက ပေးထားတဲ့ ထောက်ပံ့ကြေးက အလုပ် ၅ ရက်ပျက်တာနဲ့ အကုန်အဖြတ်ခံရမယ်ဆိုတဲ့သဘောတူညီချက် စာချုပ်နဲ့ပေးထားတာပါ အခု ဝန်ကြီးဌာနက ပေးတဲ့ အပိုထောက်ပံ့ကြေးနဲ့မဆိုင်ဘူးလေ "လို့ အလုပ်သမားကရှင်းပြပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်သက်ခွင့်ရက်တွေကို တရားမျှတစွာပေးချေရန်လိုလားနေကြောင်းနဲ့ 
ဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ အပိုထောက်ပံ့ကြေး ပေးချေစေလိုကြောင်း တောင်းဆိုလိုတယ်လို့ ပြောဆိုပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026