NEWS

Myanmar Bestex Garment စက်ရုံ စနေ၊တနင်္ဂနွေအပါ နေ့စဉ် အချိန်ပို အလွန်အကျွံခေါ်နေ၊ တိုင်းကြားလို့ လာစစ်ပေမဲ့ ညနက်အထိ အချိန်ပို ဆက်ခေါ်

CoverLogo
704 Views
 
Myanmar Bestex Garment Co.,Ltd ကပါ။ တိုင်ကြားပါတယ်ရှင့် ။ တိုင်ကြားတာလည်း အကြိမ်ကြိမ်မို့ သက်ဆိုင်ရာက လာရောက်ဖြေရှင်းပေးပါဗျ ။ စက်ရုံက ဝန်ထမ်းတွေက မြို့နယ်ရုံးကို တိုင်ကြပါတယ်။ ဒါပေမဲ့ အရာ မထင်ပါ ဘူး။
 
မြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးမှူးတွေ ရောက်လာပါတယ်။ အဲဒီ လူကြီးတွေက ဦးဇော်ဇော်လတ်၊ ဦးကြည်လင်းတို့ပါ။ ကျွန်တော်တို့မှာ သူတို့ နာမယ်တွေ အလွတ်ရနေပါပြီ ။ သူတို့က စက်ရုံ ဘက်က တရားလွန်ခိုင်းစေနေတာကို အရေးမယူပါဘူး။ မန်နေဂျာရော စက်ရုံမူးရောက ပိုက်ဆံပေးရင် ရတယ်လို့ ပြောတယ်။ တကယ်လည်း အဲလိုဖြစ်နေပါတယ်ဗျ ။
သတ်မှတ်ထားတဲ့ အလုပ်ချိန်က မနက်၇ နာရီခွဲကနေ အချိန်ပိုနဲ့ဆို ည ၇ နာရီခွဲအထိပါ။ ဒါပေမဲ့ ည ၁၂ နာရီထိ လုပ်ကိုင် ပေးရပါတယ်။ စနေနေ့ဆို ည ၈နာရီ အထိ အလုပ်ဆင်းရတယ်။ တနဂ်နွေဆိုလည်း ည ၆နာရီ၊ ၇ နာရီ၊ ၈ နာရီ အထိ ဆင်းရတယ်။ လစာထုတ်ရက်ဆို ၅ နာရီ ၆ နာရီအထိ ဆင်းရပါတယ်ဗျ။
 
အခုလ(ဧပြီ) ၆ ရက် စနေနေ့ ညကဆိုရင် ည ၁နာရီအထိ QC နဲ့ Packing ဌာနတွေ အလုပ်ဆင်းရပါတယ်။ (ဧပြီ) ၈ ရက်လည်း ည ၁၂ နာရီထိ စက်လိုင်း ၁ က ဆင်းရပါတယ်။
 
ရှောင်တခင်ခွင့် တောင်းရင်လည်း မရပါဘူး။ တစ်ရက်ပျက်တာနဲ့ နှစ်ကြေး၊ ရက်မှန်ကြေးပါ အကုန်ဖြုတ်တာ ခံရပါတယ် ။ လုပ်သက်ခွင့်လည်း ပိုက်ဆံမယူဘူး၊ ခွင့်ယူမယ်ဆိုလည်း မပေးပါဘူး။
 
(ဧပြီ )၇ ရက်လည်း ဦးစီးမှူးတွေ လာစစ်လို့ ညနေ ၅ နာရီပြန်ရတာ။ နောက်နေ့ ည ၁၂ နာရီ အထိ အလုပ်ဆင်းရ ပါတယ်။ အခုညလည်း မိုးလင်းလို့ ပြောပြီး လုပ်နေရပါတယ်။ မနက်ဖြန်လည်း ညဆိုင်းရှိတယ်ပါတယ်။
လာစစ်ကြပါအုန်း ဗျ ။
 
ဝန်ထမ်းတွေ မလုပ်နိုင်တော့လို့ မလုပ်ချင်လို့ အလုပ်ထွကတာကို ဘယ်အလုပ်ရုံမှ လုပ်မရအောင် လုပ်ပစ်မယ်လို့ မန်နေဂျာ သန္တာနဲ့ အော်စူပါ ခိုင်သဇင်ထွန်းက ခြိမ်းခြောက်ပါတယ်ဗျ ။ ကူညီကြပါဗျ။
 
(Myanmar Bestex Garment Co.,Ltd က အလုပ်သမားတွေပေါ် ချိုးဖောက်မှုတွေရှိလို့ နှစ်စဉ် သတင်းဖော်ပြ ခံရတဲ့ စက်ရုံဖြစ်ပြီး၊ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေကြား ပြောကြားနေပါတယ်။ )

Related posts

Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
May 18, 2026
Cover
Lucky Top Myanmar တွင် အိုတီရုံးလာရောက်၊ စစ်ဆေးမှုမရှိဘဲ ငွေယူပြန်
May 18, 2026