NEWS

Mountain Tree အထည်ချုပ်အလုပ်သမားများအား စက်ရုံတာဝန်ခံ ကိုယ်ထိလက်ရောက်ပြုလုပ်နေ

CoverLogo
521 Views

Mountain Tree စက်ရုံက အလုပ်သမားတဦး ပါ။ 
စက်ရုံက ရွှေလင်ပန်းစက်မှုဇုန်၊ အလယ်ရွာမှတ်တိုင်နားမှာပါ ။ 
စက်ရုံက လုပ်ငန်းခွင်တာဝန်ခံ တရုတ်အမျိုးသမီးက အရမ်းမိုက်ရိုင်း နေလို့ပါ ။ လုပ်ငန်းခွင်ထဲရောက်တာနဲ့ ဆဲဆိုပါတယ်။ အဲဒီအမျိုးသမီးက စက်ချုပ်လုပ်သားတွေကနေ အောစူပါတွေအထိ ဆဲဆိုပါတယ်။ အထည်တွေနဲ့ ပစ်ပေါက်တာတွေလည်း လုပ်ပါတယ်။ 
 စက်ရုံ အလုပ်သမား ၃၀၀ ဝန်းကျင် လောက်ရှိပါတယ်။  စက်ရုံမှာ ဖယ်ရီ ၆ စီးဝန်းကျင်ပဲ ရှိလို့ ကျပ်သိပ်ပြီး စီးရပါ တယ်။ စီးရတာ၊ အဆင်မပြေလို့ပါ။  စက်ရုံဖွင့်တာ ၃/၄ လပဲ ရှိသေးတယ်။ EC စာချုပ် ချုပ်ပေးတာ မရှိပါဘူး ။  အချိန်ပို Ot ကို ည ၈ နာရီ၊ ည ၁၁ နာရီ ဆင်းရပါတယ်။ ညနက် ၁၁ အချိန်ပိုကို အတင်းဆင်းခိုင်းပါတယ်။  မနက် အလုပ်သမားတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ရပါတယ်။ ဖယ်ရီမပေးပါဘူး ။ အလုပ်သမား အားလုံး ဖိနိပ်ခံနေ ရတာပါ။ 
စကားပြန်ဆိုသူကလည်း အလုပ်သမားတွေကို ဓာတ်ပုံရိုက်ပြီး တိုင်တန်းတာတွေ လုပ်ပါတယ်။ 
Mountain Tree စက်ရုံမှာ ဂျပန် အထည်တွေ ချုပ်ပါတယ်။ 
အိုတီခေါ်တာ အလုပ်သမားတွေရဲ့ သဘောဆန္ဒ မပါ ပါဘူး။ တနင်္ဂနွေနေ့တွေမှာပါ တခါတရံ ဆင်းရပါတယ်။ စက်ရုံမှာ စားဝတ်နေရေးကြောင့် လုပ်ကိုင် နေရပေမဲ့ လုပ်ငန်းခွင်ရောက်ကတည်းက ဆဲဆိုလို့  မိုးလင်း အလုပ်သွားဖို့ အလုပ်သမားအားလုံး ကြောက်နေရ ပါတယ်။ သက်ဆိုင်ရာတွေ သိစေချင် ပါတယ်။ 
(Mountain Tree အထည်ချုပ်စက်ရုံဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ကိုင်နေတာလို့ DICA အချက်အလက်တွေ အရ သိရပါတယ်။)


Related posts

Cover
Sheng Tai (ST) ဒေးကြေးလျှော့ပေးပြီး WCC ကို ဥပဒေမဲ့ ဖွဲ့စည်း
Jan 17, 2026
Cover
Shwe Zarmani အထည်ချုပ် အချိန်ပိုအတွက် သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်း
Jan 17, 2026
Cover
Wonderful Apparel စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
Jan 16, 2026
Cover
Denko Petrochemical Management ကုမ္ပဏီ ခွင့်မပေးဘဲ ဥပဒေ ချိုးဖောက်
Jan 15, 2026
Cover
"မတရားသဖြင့် အလုပ်ထုတ်ခံရမှုအပေါ် မူလရာထူးဖြင့် အလုပ်ပြန်လည်ရရှိရေး ရင်ဖွင့်တိုင်ကြားစာ"
Jan 14, 2026
Cover
Yangon Oscar စက်ရုံ EC ချုပ်မပေး၊ အလုပ်သမားများ နစ်နာနေ
Jan 08, 2026
Cover
Myanmar Ju Chuan စက်ရုံ လုပ်သက်ခွင့်ကို ချိုးဖောက်
Jan 08, 2026
Cover
Yangon Wan Ping Garment တွင် ဆန္ဒမပါဘဲ အချိန်ပိုဆင်းနေရ
Jan 08, 2026