Mountain Tree စက်ရုံက အလုပ်သမားတဦး ပါ။
စက်ရုံက ရွှေလင်ပန်းစက်မှုဇုန်၊ အလယ်ရွာမှတ်တိုင်နားမှာပါ ။
စက်ရုံက လုပ်ငန်းခွင်တာဝန်ခံ တရုတ်အမျိုးသမီးက အရမ်းမိုက်ရိုင်း နေလို့ပါ ။ လုပ်ငန်းခွင်ထဲရောက်တာနဲ့ ဆဲဆိုပါတယ်။ အဲဒီအမျိုးသမီးက စက်ချုပ်လုပ်သားတွေကနေ အောစူပါတွေအထိ ဆဲဆိုပါတယ်။ အထည်တွေနဲ့ ပစ်ပေါက်တာတွေလည်း လုပ်ပါတယ်။
စက်ရုံ အလုပ်သမား ၃၀၀ ဝန်းကျင် လောက်ရှိပါတယ်။ စက်ရုံမှာ ဖယ်ရီ ၆ စီးဝန်းကျင်ပဲ ရှိလို့ ကျပ်သိပ်ပြီး စီးရပါ တယ်။ စီးရတာ၊ အဆင်မပြေလို့ပါ။ စက်ရုံဖွင့်တာ ၃/၄ လပဲ ရှိသေးတယ်။ EC စာချုပ် ချုပ်ပေးတာ မရှိပါဘူး ။ အချိန်ပို Ot ကို ည ၈ နာရီ၊ ည ၁၁ နာရီ ဆင်းရပါတယ်။ ညနက် ၁၁ အချိန်ပိုကို အတင်းဆင်းခိုင်းပါတယ်။ မနက် အလုပ်သမားတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ရပါတယ်။ ဖယ်ရီမပေးပါဘူး ။ အလုပ်သမား အားလုံး ဖိနိပ်ခံနေ ရတာပါ။
စကားပြန်ဆိုသူကလည်း အလုပ်သမားတွေကို ဓာတ်ပုံရိုက်ပြီး တိုင်တန်းတာတွေ လုပ်ပါတယ်။
Mountain Tree စက်ရုံမှာ ဂျပန် အထည်တွေ ချုပ်ပါတယ်။
အိုတီခေါ်တာ အလုပ်သမားတွေရဲ့ သဘောဆန္ဒ မပါ ပါဘူး။ တနင်္ဂနွေနေ့တွေမှာပါ တခါတရံ ဆင်းရပါတယ်။ စက်ရုံမှာ စားဝတ်နေရေးကြောင့် လုပ်ကိုင် နေရပေမဲ့ လုပ်ငန်းခွင်ရောက်ကတည်းက ဆဲဆိုလို့ မိုးလင်း အလုပ်သွားဖို့ အလုပ်သမားအားလုံး ကြောက်နေရ ပါတယ်။ သက်ဆိုင်ရာတွေ သိစေချင် ပါတယ်။
(Mountain Tree အထည်ချုပ်စက်ရုံဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ကိုင်နေတာလို့ DICA အချက်အလက်တွေ အရ သိရပါတယ်။)
NEWS
Mountain Tree အထည်ချုပ်အလုပ်သမားများအား စက်ရုံတာဝန်ခံ ကိုယ်ထိလက်ရောက်ပြုလုပ်နေ

634 Views
Related posts

TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026

Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026

Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026

Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026

ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026

New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026

WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026

He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026