NEWS

Lucky Top Myanmar တွင် အိုတီရုံးလာရောက်၊ စစ်ဆေးမှုမရှိဘဲ ငွေယူပြန်

CoverLogo
237 Views

#ပေးစာ

 
လက်ရှိ အရှေ့ဒဂုံ Lucky Top Myanmar မှာအလုပ် လုပ်ပါတယ်။ စက်ရုံ အခြေအနေတွေပြောပြချင်ပါတယ်။
စက်ရုံ ခုချိန်ထိ အချိန်ပိုတွေ ခေါ်နေတုန်းပါ ရှင်။ ညဆို 12 နာ၇ီထိ ညတိုင်းဆင်းနေရတယ်။
 
စနေဆို အောလင်းဆင်းရပါတယ်။
ခုချိန်ထိ အလုပ်သမားရုံး၊ အိုတီရုံးကလည်း လာမစစ်ပါဘူး။
ညတိုင်း ကို အချိန်ပိုက ခေါ်နေတာ ။
 
ဖုန်းဆက်တိုင်တော့ စက်ရုံတော့ ရောက်လာပါတယ်။ ရုံးပေါ်တက်သွားပြီး စက်ရုံက ပိုက်ဆံပေးရင် ပြန်တာပဲ။
အခုဆို သမီးတို့ အချိန်ပိုတွေ ဆင်းရတာများလို့ ကျန်းမာရေးတွေလည်း မကောင်းတော့ပါဘူး
တနင်္ဂနွေ မနက်အပြန်ဆိုလည်း ဖယ်ရီမစီစဉ်ပေးပါဘူး။
 
ဗိုက်ကြီးသည်တွေဆို အချိန်ပိုမဆင်းနိုင်ရင် အလုပ်ကကို ထွက်ခိုင်းတာပါ ။
“ ကောင်မတွေ ဝင်တာတစ်နှစ်မပြည့်သေးဘူး” ဆိုပြီး လင်နဲ့ တိုင်းထွာပြီးတော့ကို ဆဲတာပါ။
အိုတီဆင်း မဆင်းနိုင်ရင် အလုပ်ထွက် ဆိုပဲ။
 
အိမ်သာတွေကလည်း ညစ်ပတ်ပြီး လောက်တွေရော၊ ခြင်တွေရောပါ။
သောက်ရေကလည်း ပေါ့လို့ သောက်မကောင်းလို့ အနည်တွေပါနေတယ်လို့ ပြောတာကို စက်ရုံက
“ အိမ်ကနေ သောက်ရေ ယူလာ” ဆိုပြီး ပြန်ပြောပါတယ်။
 
သောက်ရေက သံချေး အနံတွေရနေတာ ပါ။ သံချေး‌ရောင်ပါ ထွက်ပြီး ဝါကျင့်ကျ င့်ဖြစ်နေတာပါ။
အနည်တွေပါ ပါတာပါ။
အရမ်းပူအိုက်တဲ့ ရာသီကြီးမှာ ရေသန့်စက်ပျက်လို့ ဆိုပြီး ရေလည်း ဝယ်မတိုက်ပါဘူး။ အိမ်ကနေ ယူလာရပါတယ်။
 
နေကပူ ရေတောင် လုံလောက်အောင် မထားပေးဘူး။ အိမ်သာကလည်း မသန့်၊ မိုးတွင်းရောက်ရင် ဒူးခေါင်းမြုတ်တဲ့ထိ ရေထဲက နေ သွားရတာပါ။
 
စက်ရုံမှာ ဆေးခန်း နဲ့ သူနာပြုတော ရှိပါတယ်။ ဒါပေမဲ့ ဘာဆေးတောင်းတောင်း မရှိတာပါ ၊ မဝယ်ပေးပါဘူး။
ဆေးက တောင်းလည်း ရှိရဲ့ မပေးပါဘူး။
 
အထည်စံချိန်တွေကလည်း စက်ရုံမှူးက မစာမနာ တောင်းတာပါ။ မချုပ်နိုင်ရင် ထွက်သွားဆိုပြီးပဲ ပြောပါ တယ်။
အင်္ကျီဆို ၄၅ ထည်၊ ဘောင်းဘီဆို ၆၀ အထိ တောင်းပြီး မရရင် အောစူပါတွေက အော်ဟစ်ဆဲဆိုတာတွေ လုပ်ပါတယ်။
 
စက်ရုံထဲမှာ အသက် ၁၃ ၊ ၁၄ နှစ်အရွယ်၊ ၁၅ ၊ ၁၆ အရွယ် ကလေးအလုပ်သမားတွေကို လူကြီးတွေနဲ့တန်းတူ ခိုင်းနေတာပါ။ အောဒစ် (Audit) တွေ လာရင် စတိုခန်းမှာ ပိတ်ထားတာ ပူလောင်နေတာ ၊ လျှပ်စစ်မီးတောင် ဖွင့် မပေးပါဘူး။
 
စက်ရုံမှူးက သမီးတို့ကို ခေါင်းခေါက်တာ ခဏ ခဏပါ၊ ကျောကုန်းလည်း ထုပါတယ် ။
သမီးတို့ကို ဝမ်တိန်း ထိုးခိုင်းပြီး လစာတွေထဲက သုံးသောင်း ငါးသောင်း ဖြတ်ပါတယ်။
အဲပိုက်ဆံနဲ့ သူတို့က မုန့်သွား စားကြပါတယ်။
 
စက်ရုံကို လာစစ်ရင် သမီးတို့ အကုန်ဖြေမှာပါ။ ဒါပေမဲ့ တစ်ယောက်မှလည်း ခေါ်မမေးပါဘူး။
လာလည်း မမစ်ပါဘူး။
 
သမီးတို့ကို ကူညီပြီး လာရောက်စစ်ဆေးပေး စေချင် မေးမြန်းစေချင်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ညက အေားလင်းခေါ်တာ၊ တနင်္ဂနွေနေ့ မနက်အိမ်အပြန်မှာ ဖယ်ရီမပေးဘူး။
 
သမီးတို့ လမ်းလျောက်ပြန်ရတာ ၊ ဆိုဒ်တွဲလည်း ဈေးတွေက တက်နေတာ မစီးနိုင်ဘူး။
အလုပ်သမားတွေက ဒါးပိန်ဘက်ရော အင်းတိုင်ဘက်ရော ပြန်ကြရတာပါ။
သမီးတို့လည်း မပြောရဲဘူး။
 
HR manager ကလည်း နေ့တိုင်း ဝမ်တိန် စာအုပ်ကိုင်ပြီးတော့ကို လိုင်းပတ်တာ။
ဝမ်တိန်ထိတာနဲ့ကို သမီးတို့က သုံးသောင်း ငါးသောင်း အဖြတ်ခံရတာ။
တစ်နေ့လုံး စက်တန်းမန်နေဂျာက မိုက်ကြီးနဲ့ တိုင်းထွာဆဲဆိုပြီး စံချိန်တောင်းတာ။
 
HR manager ကလည်း ‌နားကန်းနေလား ကန်းနေလားနဲ့ မိုက်နဲ့ တစ်ရုံလုံးကြားအောင်အော်တာပါ။
စက်တန်းမန်နေဂျာက လိုင်းထဲမှာလည်း ငွေတိုးချေးပါတယ်။
 
လစဉ်သူကို ကန့်တော့ဖို့ လည်း အောစူပါတွေ စူပါတွေက လတိုင်း သမီးတို့လစာထဲက ဖြတ်ပါတယ်။
လစာထုတ်တာနဲ့ စူပါတွေက ကန့်တော့ကြေး ကောက်တာပါ။
သမီးတို့က သုံးထောင်ထည့်ရင် နည်းလို့ ပြောပါတယ်၊ ဆဲဆိုပါတယ် ။
 
“ ကောင်မတွေ -ီး လိုပဲ အိုတီတောင် တစ်နာရီ၃ထောင်ပေးနေတာ။ ဘာလည်း ၂ထောင်နဲ့ ။ ဟက်ပါတွေလို ရှင်းစေချင်လို့လား” လို့ ပြောပါတယ်။
လတိုင်းငါးထောင်ထည့်နေတာတောင် အပြောအဆို အတိုင်းထွာခံရတာပါ။
 
အိုတီမှာ နေမကောင်းလို့ ဆိုလည်း ပြန် မရပါဘူး။
အိုတီချိန်တောင် စံချိန်မပြည့်ရင် ဂိတ်ပတ်မပေးတာပါ။
သမီးတို့ ဖုန်းတွေကို လုံခြုံရေးဂိတ်ထဲက စစ်ပါတယ်၊ ပြီးရင် တစ်ခါထဲ အပ်ခဲ့ရတာပါ ။
 
အရင်က HR တုန်းကတော့ ဖုန်းတွေအပ်ပေမယ့် မိဘ အုပ်ထိန်းသူတွေ လာရင် သမီးတို့နဲ့ပေးတွေ့ပါတယ် ။
အရေးကြီးရင် ပြန်လွှတ်ပါတယ်။
 
ခုကတော့ အိမ်က လာရှာတာတောင် ခေါ်မပေးပါဘူး။
အမြန်ဆုံး စစ်ဆေးပေးပါ၊ ဖြေပေးဖို့လည်း စောင့်နေပါတယ်။

Related posts

Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026