NEWS

KSHENG (Myanmar) Apparel အထည်ချုပ်အလုပ်သမားများပေးစာ

CoverLogo
518 Views

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ KSheng အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ၏ သဘောဆန္ဒကို မေးမြန်းခြင်းမရှိဘဲ အချိန်ပိုအောလင်း/ အောနိုက်များ ခေါ်ကာ အချိန်ပို မဆင်းသော အလုပ်သမားများကို HR ရုံးခန်းသို့ ခေါ်ကာ အချိန်ပိုမဆင်းနိုင်လျှင် အလုပ်လာမဆင်းနဲ့ဟု ခေါင်းဆောင်များကပြောခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဂရိတ်ချခြင်း၊ လိုင်းနေရာပြောင်းရွေ့ခြင်းများ ပြုလုပ်နေသဖြင့် အလုပ်သမားများက  အကူအညီလိုအပ်နေပါတယ်။

စက်ရုံမှ အလုပ်ချိန် နံနက် ၇း၃၀ ဝင်ရန် သတ်မှတ်ထားသော်လည်း စူပါ ခေါင်းဆောင်များက မနက်ဆိုရင် ၇း၁၅ ဆို အလုပ်ဝင်ခိုင်းပြီး မီတင်ပြုလုပ်ခြင်းတွေရှိတာကြောင့် တစ်ချို့ အလုပ်သမားများအနေဖြင့် မနက်အစော ထလာခဲ့ရသောကြောင့် မနက်စာကို စက်ရုံရောက်မှ စားရမယ့် အချိန်မရှိတော့တာကြောင့် အဆင်မပြေမှုတွေ ရှိနေပါတယ်။

တနင်္လာနေ့မှ သောကြောနေ့အထိကို ည (၈း၀၀) အထိအချိန်ပို ခေါ်သဖြင့် တနင်္ဂနွေနေ့ကိုလဲ အပတ်တိုင်းနီးပါ အချိန်ပိုဆင်းခိုင်းသောကြောင့် အလုပ်သမားများက ပင်ပန်းလို့ မဆင်းနိုင်တာမျိုး အကြောင်းကိစ္စရှိလို့ မဆင်းနိုင်တာမျိုးဆိုရင်  HR မန်နေဂျာက အချိန်ပိုမဆင်းနိုင်တာကို နားလည်ပေးသော်လည်း စူပါခေါင်းဆောင်များက အလုပ်သမားတွေကို ရုံးခန်းတွင် ခေါ်ကာ ပြောဆိုတက်ပြီး  အချိန်ပို မဆင်းနိုင်ရင် အလုပ်လာမလုပ်နဲ့ နင်တို့က ချမ်းသာနေတာလား စသဖြင့်အလုပ်သမားတွေ ဖိအားပေးပြောဆိုတာတွေ ပြုလုပ်နေတာပါ။

အဆိုးဆုံးကတော့ Line-10  မှ စူပါ ဒေါ်- ဖြစ်ပြီး အလုပ်သမားတွေအပေါ်တွင် အခြားခေါင်းဆောင်များထက်ကို ပို၍ ဖိအားပေးခိုင်းစေတာတွေ/  ခွဲခြားဆက်ဆံ တာတွေ ပြုလုပ်နေပါတယ်။

မကြာခင်  သီတင်းကျွတ်လရောက်တော့မယ်ဆိုတော့ စူပါခေါင်းဆောင်တွေကို အလုပ်သမားတွေအနေဖြင့် ကိုယ့်ရဲ့ ဆရာသမား မိဘတွေသဖွယ် သဘောထားပြီး နှစ်တိုင်းကန်တော့ ကြပေမယ့် ဒီနှစ်တော့ ကန်တော့ချင်စိက်တောင် မရှိပါဘူး။

ဘာဖြစ်လို့လဲဆို အလုပ်သမားတွေကသာ စူပါ ခေါင်းဆောင်တွေကို ကိုယ့်ဆရာသမား မိဘသဖွယ် တလေးတစား ကန်တော့ကြပေမယ့် စူပါ/ ခေါင်းဆောင်များကတော့ အလုပ်သမားတွေအပေါ်မှာ နားလည်မှုပေးခြင်းမရှိတာကြောင့် စိက်မကောင်း ဖြစ်ရပါတယ်။

အချိန်ပိုကိစ္စတွေနဲ့ ပတ်သက်ပြီး အလုပ်သမားများကို ယခင်ကလဲ မီဒီယာမှာ သတ်ဆိုင်ရာ Brand ပိုင်ရှင်တွေနဲ့ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ သိပြီး လာရောက်ဖြေရှင်းပေးစေလိုတာကြောင့် ဖော်ပြ အကူအညီတောင်းပေမယ့် အလုပ်သမားဝန်ကြီးဌာနကလဲ အလုပ်သမားဥပ‌ဒေက သတ်မှတ်ထားတဲ့ အချိန်တွေထပ်ကျော်လွန်ပြီး အချိန်ပို ခိုင်းစေတာတွေ/ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပိုခေါ်နေတာတွေ ရှိနေတာတောင် အရေးယူဖြေရှင်းပေးခြင်းမရှိတာကြောင့် အလုပ်သမားရုံးက တာဝန်ရှိသူတွေကိုလဲ အခွန်သာဆောင်နေရတာ အလုပ်သမားတွေအတွက် ဘာမှ အ‌ကူအညီမပေးတာကြောင့် စက်ရုံဘက်က ငွေတွေဘာတွေလက်ခံနေသလားဆိုပြီး သံသယဖြစ်မိတယ် ဘယ်ကို ဘယ်လို အကူအညီ တောင်းရမှန်း မသိတော့လို့ အခုလို ရင်ဖွင့်လိုက်ရပါတယ်။

(Myanmar Labour News က KSENG (Myanmar) Apparel စက်ရုံနဲ့ ပတ်သက်ပြီး ဧပြီလက ရရှိထားတဲ့ အချက်အလက်တွေအရ စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ Mataland, Clique, springfield, FB sister, GEM) စတဲ့ တံဆိပ်တွေကို အလုပ်သမား ၉၀၀ ဝန်းကျင်နဲ့ ချုပ်လုပ်နေပါတယ်။ )


Related posts

Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026