ညီမတို့က Juntai (Fu Yuan) Garment ကပါ။ စက်ရုံက မြစိမ်းရောင်စက်မှုဇုန်ထဲမှာပါ။ စက်ရုံက အထည်စံချိန်တွေတောင်းပါတယ်။ အလုပ်သမားတေ ထုတ်လုပ်နိုင်တာထက် ပိုတောင်းတာပါ။ မရ/ ရအောင် အတင်းဖိအားပေး တောင်းပါတယ်။ အထည်စံချိန်တောင်းတိုင်း ဆဲဆို အော်ဟစ် နေတာပါ။
လိုင်းထဲမှာ အလုပ်သမား ဘယ်နှစ်ယောက်ပျက်ပျက် အထည်စံချိန် ကတော့ လျော့မတောင်းပါဘူး။ တိုးပဲ တောင်းနေပါတယ်။
စက်ရုံမှာ အလုပ်နဲ့ မလိုက်အောင် ကလေးလုပ်သားတွေ အသက်မပြည့်သူတွေ ရှိနေပါတယ်။ စက်ရုံက ဒီအလုပ်သမားတွေကို တခြားအလုပ်သမားတွေနဲ့ တန်းတူ အချိန်ပို ဆင်းခိုင်းပါတယ်။ ကလေးလုပ်သားတွေ ဆိုပြီး ညာတာပြီးခိုင်းတာမျိုးမရှိပါဘူး။ အခွင့်အရေးလဲမရရှိပါဘူး။
စက်ရုံက အိမ်သာတွေက မကောင်းပါဘူး၊ လုံခြုံမှုမရှိပါဘူး၊ သောက်ရေတွေကလည်း မသန့်ဘူး။ စက်ရုံက အကြီးကြီးပါ။ ထမင်းစားဆောင် မရှိပါဘူး။
အလုပ်သမားတွေ စားဖို့ နေရာအတွက် သက်သက်မှတ်မှတ် မရှိပါဘူး။ ကြုံတဲ့နေရာမှာ ဖြစ်သလို စားနေရပါတယ်။
အလုပ်သမား အလုပ်ကထွက်တော့ ဒေးကြေး ၁၂,၀၀၀ ကို ၇,၈၀၀ နဲ့ပဲ ရှင်းပေးတယ်။ အဲ့ဒါက ဘာသဘောလဲ။ ညီမတို့က တလလုံး ၁၂၀၀၀ နဲ့ဆိုပြီးလုပ်ထားတာပါ။
နေ့တိုင်း ဆဲဆိုခံရ ၊ အော်ဟစ်ပြောဆိုခံပြီး လုပ်ထားရတဲ့ လုပ်ခတွေပါ။ တောင်းတဲ့ စံချိန်ကို ပေးရခဲ့ရတာပါပဲ။ ဒါကို လျှော့ရှင်းတာက စက်ရုံက လုပ်အား အမြတ်ထုတ် တာပါ။
စက်ရုံမှာ အလုပ်တွေအတွက် အကူညီတောင်းဖို့ WCC လည်းမရှိပါဘူး၊ သမဂ္ဂလည်းမရှိပါဘူး ။ စက်ရုံမှာ အလုပ်သမား ၆၀၀ ဝန်းကျင် ရှိပါတယ်။ အခုတော့ AMISU အထည်တွေ ချုပ်နေပါတယ်။ စက်ရုံဘက်မှာ လိုအပ်ချက်တွေနဲ့ ခေါင်းပုံဖြတ်တာတွေကို သိစေချင်ပါတယ်။









