NEWS

Hengda Myanmar အထည်ချုပ် တနင်္ဂနွေအချိန်ပို ဆက်လက် လုပ်ကိုင်ခိုင်းနေ

CoverLogo
752 Views

Hengda Myanmar စက်ရုံ အလုပ်သမားပါရှင့် ။

တနင်္လာနေ့ကနေ သောကြာနေ့ထိ ည ၇နာရီခွဲအထိ အလုပ်ဆင်းရပါတယ်။ တနင်္ဂနွေနေ့ နားရက်လည်း မနားရပါဘူး။

Brand (ကုန်အမှတ်တံဆိပ် ကိုယ်စားတွေရော၊ အလုပ်သမားရုံးက တာဝန်ရှိသူတွေရော အလုပ်သမားတွေ အချိန်အပိုတွေ မတရားလုပ်နေရလို့ လာစစ်ဆေးပေးမဲ့ ထိထိရောက်ရောက် မရှိပါဘူး။

အရင်တခါလာ စစ်ဆေးတုန်းက တရက်ပဲ ၆နာရီခွဲပြန်ရပါတယ်။ နောက်ရက် ၇ နာရီခွဲ ပြန်ဖြစ်တာ အခုအထိပါပဲ။ ပုံမှန်ဆို ၆ခွဲထိပဲ အလုပ်ဆင်းခဲ့ရတာပါ။

ခုလို မိုးတွင်းပိုင်းမှာ အလုပ်ဆင်းနောက်ကျရင် အိမ်ပြန်လမ်းမှာ ဘယ်သူမှမရှိဘူး၊ လုံခြုံရေးက စိတ်မချရဘူး။

လျှပ်စစ်မီးကလည်း အချိန်ပြည့်ပျက်နေလို့ လမ်းမှာ လုယက်ခံရ လူစွဲခံရရင်တောင် သိကြမှာမဟုတ်ဘူး ။ ချက်စားဖို့လည်း အဆင်မပြေပါဘူး။ ညီမတို့ ပြန်တဲ့အချိန်ဆို ဘယ်စျေးဆိုင်မှ မဖွင့်တော့ဘူး။ အရမ်းခက်ခဲ ပါတယ်။

စစ်ဆေးမယ်ဆိုလည်း ထိထိရောက်ရောက် စစ်ဆေးပေးစေချင်ပါတယ်။
စူပါတွေကလဲ အချိန်ပို အတင်းဆင်း ခိုင်းပါတယ်။ ညီမတို့ အလုပ်သမားတွေဘက်ကို မကြည့်ပါဘူး။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဇူလိုင် ၂၈ ရက်)က လဲ အချိန်ပို ဆင်းရပါတယ်။
နေမကောင်းလို့ မဆင်းရင်တောင်မှ ဘာလို့မဆင်းတာလဲဆိုပြီး ခေါင်းဆောင် leaderတွေက
အများရှေ့မှာ ပြောဆိုကြပါတယ်။

WCC အဖွဲ့ကလည်း ငြိုငြင်ခံရမှာ စိုးလို့ ဘာမှ မပြောပေးပါဘူး။ တိုင်လို့လည်း မရပါဘူး။ သူတို့ ပြောတိုင်းလည်း တခါမှ မအောင်မြင်ပါဘူး။ ကူညီကြပါရှင့်။

#အချက်အလက်( ပြီးခဲ့တဲ့ ဇွန်လထဲမှာ Hengda စက်ရုံမှာ အလုပ်သမာအခွင့်အရေး ချိုးဖောက်နေတယ်ဆို တဲ့ တိုင်ကြားမှုတွေကြောင့် ချုပ်လုပ်နေတဲ့ H&M ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်တွေဘက်က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ စက်ရုံအတွင်း နေ့စား အလုပ်သမား ခိုင်းစေမှုတွေနဲ့ ရက်သတ္တပတ် ပိတ်ရက်တွေမှာ အလုပ်ဆင်းခိုင်းခဲ့တာတွေကို ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ် စစ်ဆေးတွေ့ရှိသွားခဲ့တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ အဲ့လိုတွေ့ရှိမှုကြောင့် အလုပ်သမား တွေအတွက် ပိတ်ရက်တရက်သာ ပြန်ပိတ်ပေးခဲ့ တယ်လို့ အလုပ်သမားတွေ ဆီက သိရပါတယ်။ ဒါပေမဲ့ စစ်ဆေးမှုတွေ အပြီးမှာတော့ စက်ရုံဘက်က ဥပဒေချိုးဖောက်ပြီး အချိန်ပို ဆက်လက် လုပ်ကိုင်ခိုင်းတဲ့ အကြောင်း အလုပ်သမားတွေက ပေးစာ ပေးပို့ထားတာ ဖြစ်ပါတယ်။
Hengda အထည်ချုပ်စက်ရုံကတော့ မှော်ဘီမြို့နယ်၊ အင်းလျက်ရွာမှာရှိပြီး အလုပ်သမား ၁၅၀၀ ဝန်းကျင်နဲ့ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။)


Related posts

Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
May 18, 2026
Cover
Lucky Top Myanmar တွင် အိုတီရုံးလာရောက်၊ စစ်ဆေးမှုမရှိဘဲ ငွေယူပြန်
May 18, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026