NEWS

GTIG EASTAR ရုံ (3) အလုပ်သမား ထောင်နှင့်ချီ နစ်နာ

CoverLogo
805 Views
 
ကျွန်မ အကူညီတောင်းချင်လို့ပါရှင့် ။ GTIG EASTAR ရုံ (3)ကပါ ။
အခုအချိန်ထိ စက်ရုံမီးလောင်လို့ ပိတ်ထားတဲ့ ကာလတွေအတွက် ဝန်ထမ်းတွေကို ဘာနစ်နာ ကြေးမှ စက်ရုံသူဌေးက မပေးခဲ့ပါဘူး။
ကျွန်မတို့ရဲ့ စက်ရုံခွဲ Honor စက်ရုံက ဝန်ထမ်းတွေကတော့ နစ်နာကြေး ရသွားပါပြီ။ နောက်ပြီး ဆိုလာမိုလာ (Solamoda) စက်ရုံဆိုလည်း နစ်နာကြေး ရသွားပါပြီ။ စက်ရုံဘက်ကတော့ ကိုယ်ပိုင်အော်ဒါတွေရရင်ပေးပါ့မယ်ဆို ပြီး လိမ်ထားတာ၊ အခုဆိုရင် ကိုယ်ပိုင်အော်ဒါတွေ အများကြီးရနေပေမဲ့ ၊ အခုချိန်ထိ ဘာမှမရခဲ့ပါဘူး။
 
မီးလောင်လို့ ပိတ်သိမ်းထားတဲ့လတွေမှာ ဝန်ထမ်းတွေ ဘာကူညီမှ ဘာမှမရခဲ့ပါဘူး။ အရင်တုန်းက နစ်နာကြေးတွေ တောင်းဖို့ စက်ရုံဝန်းထမ်းတွေက ကြိုးစားကြပါတယ်။ စက်ရုံက “အေးဆေးပဲ ပေးစရာမလိုတော့ဘူး” လို့ပြောတယ်။ တခြား စက်ရုံတွေ နစ်နာကြေးပေးရင် စက်ရုကလည်း ပေးမယ် ပြောပါတယ်။ သူများ စက်ရုံတွေက နစ်နာကြေးပေးလို့ ဝန်ထမ်းတွေလည်း ရပြီးပါပြီ။
စက်ရုံကပြောတာက မီးလောင်ပြီး သုံးလလောက်ကြာသွားရင်၊ ဥပဒေအရ မပေးရတော့ဘူးလို့ ပြောပါတယ်။ ကျွန်မတို့မှာ အဲ့ဒီအချိန်ထဲက ဒုက္ခတွေရောက်ခဲ့ရတာ အခုအထိပါပဲ။
 
အခုဆိုရင် စက်ရုံမှာ ကိုယ်ပိုင်အော်ဒါ Lpp ဆိုလည်း 2024 တနှစ်စာလုံးအတွက် ရှိပါတယ်။ OVS ဆိုလည်း အလားတူ ပါပဲ။
အဲလို စက်ရုံမှာ အော်ဒါတွေရှိနေပါတယ်။ ကုန်အမှတ်တံဆိပ် (Brands) တွေဆီကလည်း အကူအညီမရပါဘူး။ အပြင်အဖွဲ့စည်းတွေဆီကလည်း အကူအညီ မရလို့ ပါရှင့် ။
 
ဆိုလာမိုလာ (Solamoda) ကတော့ နေပြည်တော်ကိုတိုင်လိုက်တာ နောက်ဆုံး ပိတ်လစာ နဲ့ မီးမလောင် မှီကရတဲ့ လစာအတိုင်း မီးလောင်ခဲ့တဲ့ လတွေအတွက် အားလုံ ကိုရတယ်လို့ သိရပါတယ်။ စိုလာမိုလာ (Solamoda) က ကျွန်မတို့စက်ရုံတို့က တနေ့တည်း မီးလောင်ခဲ့တာပါ။
အဲဒီက ဝန်ထမ်းတွေ ရှေ့လက အကုန်လုံးရသွားကြပါပြီ။
အလုပ်သမားတွေ နစ်နစ်မှုများလို့ ကူညီပါရှင့် ။
 
(မှတ်စု- GTIG EASTAR ရ (3) စက်ရုံမှာ တရုတ်လူမျိုးပိုင်စက်ရုံဖြစ်ပြီး TESCO Brand သားရေ အနွေးထည် တွေအပါအဝင် OVS, KIABI, C&A, TESCO, ZARA, House  F&F Brand စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်ခဲ့တဲ့ စက်ရုံဖြစ်ပါတယ်။
၂၀၂၁ခုနှစ်မတ်လအတွင်း စက်ရုံမီးလောင်မှု့ဖြစ်ပြီးနောက် ၇လအကြာ စက်ရုံပိတ်ထားခဲ့ပါတယ်။ စက်ရုံပိုင်ရှင်က ဝန်ထမ်း အလုပ်သမားတွေအပေါ် စက်ရုံ ပိတ်သိမ်းတဲ့ကာလအတွက် နစ်နာကြေး မပေးပဲ ငြင်းဆန်နေတာဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်မှာ ရှိတဲ့ GTIG-EASTAR အထည်ချုပ််စက်ရုံမှာ အလုပ်သမား ၂၀၀၀ နီးပါးရှိတာကြောင့် နစ်နာမှု များပြားပါတယ်။
 
စက်ရုံ မီးလောင်ပြီးနောက် ၇ လနီးပါးကြာ စက်ရုံက အလုပ်သမားတွေကို ပြန်လည်ခေါ်ယူပြီး၊ အလုပ်ဝင်ဖို့ အချိန် ၃ ရက်သာ ပေးခဲ့လို့ နယ်အဝေးက အလုပ်သမားတွေမှာ နိုင်ငံရေးခြေအနေကြောင့် ပြန်လာဖို့ ခက်ခဲတဲ့ အခြေအနေကြောင့် အများစုအလုပ်ပြုတ် ခဲ့ရတယ်လို့ Myanmar Labour News ရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။ )

Related posts

Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026