NEWS

Gold Emperor ဖိနပ်စက်ရုံ တနင်္ဂနွေ နားရက်မပိတ်ဘဲ ခိုင်းစေ အလုပ်ခွင်အတွင်း တရုတ်ဆရာများ ရိုင်းဆိုင်းစွာ ပြုမူနေ

CoverLogo
504 Views

Gold Emperor ဖိနပ်စက်ရုံခွဲက ဝန်ထမ်းပါရှင့်။

စက်ရုံမှာ ဒီလ တနင်္ဂနွေ လေးရက်လုံး ပိတ်ရက်မပေးလို့ပါရှင့်  ။ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို တရုတ်ဆရာတွေက ခြေထောက်နဲ့ ပစ္စည်းကန်ပေးတာတွေ လုပ်ပါတယ်။ 

ဒီဖိနပ်စက်ရုံကို တရုတ်နိုင်ငံသားပိုင်ပါတယ် ၊ အလုပ်သမားက ၂၀၀၀ ဝန်းကျင်ရှိပါတယ်ရှင့်။ စက်ရုံက ရန်ကုန်၊ လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်း၊ Denko ဆီဆိုင်ရှေ့နားမှာပါ  ။ အရင်က အထည်ချုပ် စက်ရုံဟောင်းက ဖိနပ်စက်ရုံ ပြောင်းဖွင့်ထားတာပါ။

အလုပ်အချိန်က မနက် ၇ ခွဲကနေ ညနေ ၄ခွဲ အထိပါ။ ထမင်းစားနားချိန် ၁ နာရီပါရှင့်။ အဲဒါကို မနက် ၇ခွဲ မတိုင်မီ ၁၅ မိနစ်အလိုကတည်း မီတင်(Meeting) ဆိုပြီး နေတိုင်း အလုပ်ကို စောဝင်ခိုင်းပါတယ်။ အင်္ဂါနဲ့ သောကြာနေ့မှာ  အောစူပါ ဒေါ်နုနုဌေးက မီတင်လုပ်ပါတယ်၊ ကျန်နေ့တွေမှာ လိုင်းလီတာက မီတင်လုပ်ပါတယ်။

ကျွန်မတို့မှာ မနက်အစာထပြီး ထမင်းချိုင့်ပြင်၊ စက်ရုံအမီလာဖို့ လုပ်ရလို့ မနက်စာကို မစားရဘဲ စက်ရုံလာရတာပါ။ စက်ရုံ ရောက်တော့ ၁၅ မိနစ်အလိုမှာ  မီတင်တက်ရတော့ အဆင်မပြေ ဖြစ်ရပါတယ်။ မနက်စာမစားရလို့ လေအောင့် တာတွေလည်း ဖြစ်ရပါတယ်။

အိုတီခေါ်တာလည်း နေ့တိုင်းပါ ။ ည ၇ ခွဲအထိပါ။ ဒီလထဲမှာတော့ တနင်္ဂနွေ လေးရက်လုံး အနားမပေးခဲ့ဘူး။ တရက်မှလည်း မနားရပါဘူး။ အလုပ်သမားတွေလည်း ပင်ပန်းနေပါပြီ။ နားရက်မရလို့ ဖျားနာတာတွေ များနေပါ တယ်ရှင့်။ 

ထမင်းစား  နားချိန်ပြီး ၁၂  ခွဲကတည်းက ည ၇ ခွဲအထိ နားချိန်မရဘဲ ဆက်တိုက်လုပ်ရလို့လည်း ပိုပင်ပန်း ပါတယ် ရှင့်။ ထမင်းစားနားချိန် တနာရီပေးတယ်ဆိုပေမဲ့လည်း အပြည့်အဝ မနားရဘူး။ ထမင်းစားရတာက ဝန်ထမ်း တစ်ဝက်စီကို အလှည့်နဲ့ စားခိုင်းပါတယ်။ တနေကုန် အလုပ်ချိန် စုပေါင်း ၁၁နာရီ ရှိပါတယ်။

နားချိန် ၁နာရီတောင် အပြည့်အဝ မနားရတာပါ။ ကျွန်မတို့မှာ အခွင့်အရေး လွန်စွာချိုးဖောက်ခံနေ ရတာပါရှင့်။ 
ပစ္စည်းတွေကို ခြေတောက်နဲ့ ပြပြီး ခိုင်းတဲ့ တရုတ်ဆရာက စက်ပြင်ခေါင်းဆောင်ပါ။ အဲဒီ စက်ပြင်ဌာနက တရုတ် အမျိုးသမီးကလည်း ဝန်ထမ်းအပေါ်  တရုတ်ဆရာလိုပဲ ရိုင်းပြစွာခြေထောက်နဲ့ ခိုင်းစေပါတယ်။ စက်ရုံမှာ တရုတ်ဆရာ စုစုပေါင်း ၁၅ ယောက်ရှိပါတယ်။  

အောစူပါ ဒေါ်နုနုဌေးကလည်း တနင်္ဂနွေ ပိတ်ရက် အချိန်ပို OT မဆင်းတဲ့ အလုပ်သမားတွေကို  (ကျွမ်းကျင်ကြေး)  ဂရိတ်တွေ  ပြန်ချမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ 

သက်ဆိုင်ရာ လူကြီမင်းတို့ အကူညီတောင်းပါတယ်ရှင့်။


Related posts

Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026