NEWS

Dishang Kenny Garment မှ အလုပ်သမားတဦး၏ ပေးစာ

CoverLogo
1.6K Views

ရန်ကုန့်မြို့ လိူင်သာယာမြို့နယ် ရွှေသံလွင်စက်မှု့ဇုန် မင်းကြီးမဟာမင်းခေါင်လမ်းက Dishang Kenny Garment အထည်ချုပ်စက်ရုံဟာ Dishang Group ရဲ့စက်ရုံဖြစ်ပါတယ်။

စက်ရုံကတော့တရုတ်နိူင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား ၆၀၀ ကျော်နဲ့ K Way &TIGORA&RESERVED တံဆိပ်များချုပ်လုပ်နေပါတယ်။

အလုပ်ဝင်ချိန်ကမနက် ၇ နာရီ ၃၀ ဖြစ်ပေမဲ့တရုတ်များက ၇ နာရီ ၁၅ ထဲကအလုပ်ခိုင်းပါတယ်။

အလုပ်သမားများကိုလည်း ညဘက် ၉ နာရီက ၁၁ နာရီ အထိမဆင်းမနေရဖိအားပေး၍အလုပ်အရေးကြီးရင်ဆင်းခိုင်းပါတယ်။

စနေနေ့တွင်ညနေ ၅ နာရီအထိလုပ်ကိုင်ပေးရပါတယ် Sun day ပိတ်ရက်မနားဘဲ အရေးကြီးလို့ဆို့ပြီးလုပ်ကိုင်ပေးရပါတယ်။

စက်ရုံတွင်လုပ်ငန်းခွင်အဆင့်လိုက်သတ်မှတ်ပေးထားပေမဲ့All Superတွေနဲ့အဆင်ပြေတဲ့အလုပ်သမားတွေကသာသတ်မှတ်ကျွမ်းကျင်ကြေးရရှိပါတယ်။ အလုပ်သမားတွေကို အထည်စံချိန်တောင်းခံပြီး မရပါကအောစူပါများက ဆဲဆိုအော်ဟစ်တာခံရပါတယ်။

Dishang Kenny စက်ရုံတွင် Cutting All Super/စက်လိုင်းAll Super/QCAllSuper/Finishing AllSuperရှိပါတယ်။

စက်လိုင်းAllSuperနှင့်QC All Superသည်

Superများနှင့်လက်အောက်အလုပ်သမားများအပေါ်ရုပ်ရင်းကြမ်းတမ်းစွာဆဲဆို ပြောဆိုမူ့များသည်လွန်ကဲပါတယ်။ အလုပ်သမားများသည်စားဝတ်နေရေးအတွက်သီးခံကာလုပ်ကိုင်ပေးနေရပါတယ်။

တရုတ်ဆရာများသည်လည်းမိန်းခလေးများကိုဘက်လိုက်ဆက်ဆံမှု့များရှိပါတယ်။

စက်ရုံတွင်းတွင်းတွင်အပူရှိန်များလည်းAir con&ရေလိုက်ကာမကောင်းပါ လိုချင်သောTargetကိုသာရအောင်ခိုင်းပါတယ်။အလုပ်သမားများအတွက်ကျန်းမာရေးကိုလည်းမကြည့်ပါ။

 

(အလုပ်သမားပေးပို့သည့်အတိုင်း ပြန်လည်ဖော်ပြပါတယ်။)

#MyanmarLabourNews

အလုပ်ခွင်အသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအနေနဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်တွေ ဆုံးရှုံးနေရပါက လာရောက်သတင်းပေးနိုင်မှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်တွင်းမှာ အခက်အခဲတွေကြုံတွေ့ရတာ ၊ ခေါင်းပုံဖြတ်ခံရတာ၊ ဥပဒေပါအခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေကြုံတွေ့ရင်ဆိုင်ခံစားရပါက Myanmar Labour News FB Page Messenger ကို ရင်ဖွင့်လွှာဖြစ်စေ၊ တိုင်ကြားလွှာဖြစ်စေ ရေးသားပေးပို့နိုင်ပါတယ်။

myanmarlabournews@gmail.com , m.me/MyanmarlabourNews ကိုလည်း ပေးပို့နိုင်ပါတယ်။

ပေးပို့လာတဲ့ ရင်ဖွင့်စာ သို့မဟုတ် တိုင်စာတွေကို ပြန်လည်စိစစ်ပြီး #အလုပ်သမားရေးရာပေးစာကဏ္ဍ အနေနဲ့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အလုပ်သမားရေးရာ ပေးစာကဏ္ဍကို ပေးပို့လာတဲ့ အလုပ်သမားရဲ့အမည်နဲ့ အချက်အလက်တွေကို လည်း အကာအကွယ်ပေးထားမှာဖြစ်ပြီး စိတ်ချယုံကြည်စွာပေးပို့နိုင်ပါတယ်။


Related posts

Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026