NEWS

EPS စာမေးပွဲ အောင်မြင်ထားသူများ အလုပ်လုပ်ခွင့်မရလို့ အခက်တွေ့နေ

CoverLogo
4K Views

ကျွန်တော်တို့ဟာ EPS  စာမေးပွဲ အောင်ထားတာ ၂၀၁၈ က ပါ အောင်ထားပြီး ကိုဗစ် ရယ် နိုင်ငံရေးရယ်ကြောင့် အချိန်ကာလ တစ်ခု ကြန့်ကြာတဲ့ အတွက် ကိုရီးယား နိုင်ငံသို့ မသွားရဘဲ Cancel ဖြစ်သွားပါတယ်။

Cancel ဖြစ်တဲ့ လုပ်သား ဦးရေ ငါးရာဝန်းကျင်၊ Ccvi (ဗီဇာလျှောက်ခွင့်မရတဲ့ လုပ်သားဦးရေ ငါးရာကျော်လုံးဝ အခုချိန်ထိ ခေါ်စာ မရဖူးသေးတဲ့ လုပ်သား တွေလည်း များစွာ ကျန်ပါသေးတယ်။

ဒီလို ကိုရီးယားကို သွားခွင့်မရသေးပေမယ့် EPS Myanmar ရုံးက လျစ်လျူရှု့ပြီး  ကျွန်တော်တို့ လုပ်သားတွေ အတွက် ဘာမှ လုပ်မပေးဘဲ ဒေါ်လာရဖို့ အတွက် အားသန်ပီး စာမေးပွဲ ကျင်းပနေပါတယ်။

အရင်အောင်ထားတဲ့သူတွေဆိုရင် အရမ်းနစ်နာရပါတယ်။   တချို့ဆို ဘဝတွေပျက်၊ စိတ်ဓာတ်တွေကျ ဖြစ်နေရပါတယ်။

ကျွန်တော်တို့ Korea အလုပ် အမည်စာရင်းကုန်တွေအတွက်လည်း ကူညီပေးဖို့ တောင်းဆိုချင် ပါတယ်။ 
ဘယ်လိုလည်းဆိုရင် EPS Mynmar အေဂျင်စီအနေနဲ့Cancle လုပ်သားများ ၁၂ကြိမ်၊ eps၁၃ကြိမ်၊ eps လုပ်သားတွေကို လျစ်လျူရှုပြီး  စာမေးပွဲဖောင်ရောင်းစားပြီး စာမေးပွဲကျင်းပနေတာဖြစ်ပါတယ်။

၂၀၁၉/၂၀၂၀/၂၀၂၁ခုနှစ်တွင် အလုပ်ခေါ်စာ Calling ကျထားသူတွေရဲ့ အလုပ်ရှင်တွေဟာ လုပ်သားတွေရဲ့ ကြန့်ကြာနေမှုကို မစောင့်ဘဲ Cancle ပြုလုပ်ခဲ့ပါတယ်။ အလုပ်ရှင်က လုပ်သား၁ဦးအား Cancel အလုပ် ဖျက်သိမ်းခြင်း ပြုလုပ်ပါက နစ်နာသူလုပ်သားကို HRD-KOREA က သတ်တမ်းတိုးပေးဖို့ တာဝန်ရှိပါတယ်။

သို့ပေမယ့် EPS myanmar က တောင်းဆိုတင်ပြမှု့မရှိဘူးလို့ ပြန်လည် ဖြေကြားခဲ့သလို EPS myanmar စင်တာကလည်း HRD KOREA က တစုံတရာ တောင်းဆိုတာ မရှိတဲ့အတွက်ကြောင့် ဆိုပြီး ပြန်လည် ဖြေကြားခဲ့ပါတယ်။

Eps myanmar  နဲ့  HRD KOREA အေဂျင်စီ၂ခုအနေနဲ့  လုပ်သားတွေရဲ့ အခက်အခဲတွေကို ကူညီမှု့မရှိခြင်း တစ်စုံတစ်ရာထုတ်ပြန်မှု မရှိတာကြောင့်လုပ်သားတွေ များစွာ နစ်နာ ဆုံးရှံးနေရပါတယ်။ 
ကူညီပါ၊ ဒါဟာ လုပ်သားတွေရဲ့ နစ်နာမှုဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ Eps myanmar ကို ပတ်စပိုစ့်မိတ္တူ၊ စာမေးပွဲခုံနံပတ်မိတ္တူ ၊ အလုပ်သမားအချက်အလက် ID မိတ္တူဖောင်တွေကို ရံဖန်ရံခါ ထပ်တင်ခဲ့ပေမယ့် ဘာမှမထူးခြာခဲ့ပါဘူး။

Myanmar Labour News အနေဖြင့်  EPS MYANMARနင့် HRD-KOREA ကို ဆက်သွယ် မေးမြန်းပေ စေလိုကြောင်း ကျွန်ေတာ်တို့ ၂၀၁၈-Korea EPS စာမေးပွဲအောင်မြင်ထားသူများမှ
တောင်းဆိုအပ်ပါသည်ခင်ဗျာ ။


MyanmarLabourNews 


Related posts

Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
Yuan Hong Garment စက်ရုံ တနင်္ဂနွေနေ့တိုင်း အချိန်ပို ဆင်းခိုင်း
Mar 24, 2026
Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026