NEWS

ဧရာဝတီတိုင်းရှိ Myanmar of HuaMeng အထည်ချုပ် စက်ရုံတွင် ဥပဒေထက်ကျော်လွန်ပြီး OT ခေါ်ယူမှုများရှိနေ

CoverLogo
1.2K Views

ဧရာဝတီတိုင်းက အထည်ချုပ် စက်ရုံ အချို့ဟာ မေလပိုင်းထဲက အလုပ်သမားဆန္ဒကောက်ယူခြင်းမရှိဘဲဥပဒေထက်ကျော်လွန်ပြီးအချိန်ပို OT တွေအတင်း​ ကြပ်ခေါ်ယူနေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့ရှိ 

Myanmar of HuaMeng အထည်ချုပ်စက်ရုံတွင် တနဂ်နွေနေ့ OT တွေကို ဥပဒေထက်ကျော်လွန်ပြီး အလုပ်သမား ဆန္ဒကောက်ယူခြင်းမရှိဘဲ တစ်လလုံးခေါ်ယူနေတယ်လို့ သိရပါတယ်။

 

"စက်ရုံက OT ခေါ်တယ် အလုပ်သမားဆန္ဒမကောက်ယူဘူး တနလာ်နေ့ကနေ စနေနေ့ထိ ညနေ ၄နာရီကနေ့ ည၇နာရီထိဆင်းရသူရှိတယ်၊ ညနေ ၄နာရီကနေ ည၈နာရီထိဆင်းရသူတွေရှိတယ် ၊ 

နေ့လည် ထမင်းစားချိန်ပဲနားရတယ် အလုပ်ပြန်တက် ပြီးတာနဲ့ အနားမပေးဘူး OT ဆက်ဆင်းရတယ် ၊ ဥပဒေထဲမှာဆိုရင် OTကအလုပ်သမားဆန္ဒပါမှဆင်းရမယ် အလုပ်ရှင်က အတင်းအကြပ်ဆင်းခိုင်းခွင့်မရှိဘူး ဒါပေမဲ့ အလုပ်သမား တွေမှာ ပြန်ပြောပိုင်ခွင့်ရှိမနေဘူး ဆင်းဆိုဆင်းကြရတယ်" လို့ အထည်ချုပ်လုပ်သားတစ်ဦးကပြောဆိုပါတယ်။

 

ဥပဒေအရ တနဂ်နွေနေ့ အလုပ်လုပ်ရပါက တနဂ်နွေနေ့မတိုင်မီ ၃ရက်အနက် ဒါမှမဟုတ် တနဂ်နွေနေ့အပြီး နောက် ၃ရက်အနက် တစ်ရက်ရက်တွင် အလုပ်ပိတ်ရက်တစ်ရက် အစားထိုးပိတ်ပေးရန် ၊ အလုပ်သမားတစ်ဦးဦးအား အလုပ်ပိတ်ရက်တစ်ရက်လုံးမရစေဘဲ ၁၀ရက်ထက်ပိုကာ အလုပ်မလုပ်စေရဟု ပြဌာန်းထားပေမဲ့ ဧရာဝတီတိုင်းက အထည်ချုပ်စက်ရုံ အချို့နဲ့ HuaMeng အထည်ချုပ်စက်ရုံ တို့မှာ တနဂ်နွေနေ့ OT ခေါ်ပြီး အစားထိုးပြန်ပိတ်ပေးတာမရှိဘူးလို့သိရပါတယ်။ 

 

"OT ကြေးက တစ်နာရီ ၁၂၀၀ ရတယ် ည၇နာရီထိ OTဆင်းရရင် OT ကြေးကို လစာထဲထည့်ပေးတယ် ည ၈နာရီထိဆင်းရတဲ့ OTကြေးကို တစ်ပတ်တစ်ခါရှင်းတယ် ၊ ရတဲ့OTကြေးနဲ့အပြန် တက်စီခနဲ့ ဘာမှမကျန်ဘူး တက်စီကားခက အနည်းဆုံး ၅ထောင်ရှိတယ်၊ တနဂ်နွေ နေ့ဆိုလဲ တစ်ရက်မှမနားရဘူး ဆက်တိုက်ဆင်းနေရတာ ဥပဒေထဲမှာဆိုရင် လုပ်ငန်းလုပ်အပ်ချက်အရ တနဂ်နွေနေ့ OTခေါ်ရင် အလုပ်သမား သဘောတူညီမူ ယူရမယ် အလရကို ၃ရက်ကြိုတင်ပြီးခွင့်ပြုချက်ယူရမယ်၊ အနည်းဆုံး ၂၄နာရီကြိုတင်ပြီး စက်ရုံမှာ နို့တစ်စာကပ်ရမယ် ပါတယ် ဒါပေမဲ့ စက်ရုံဘက်က အလုပ်သမားသဘောတူညီချက်ယူတာမျိုးမရှိဘူး တချို့ဌာနတွေဆိုရင် အလုပ်သမားတွေတောင်မသိဘူး Super Leader နဲ့ လိုင်းစာရေးမတွေက လက်မှတ်အတု ထိုးတာမျိုးတွေလုပ်တယ်၊ OTကိုမဆင်းလို့မရဘူး ခြိမ်းခြောက်တာတွေလုပ်တယ် ၊ စက်ရုံဘက်က အလရ ကို စာမတင်ပဲ ခိုးခေါ်တာလား အလရက သိသိကြီးနဲ့ ခွင့်ပြုထားတာလားတော့ညီမတို့မသိဘူး " လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

 

အလုပ်သမား တွေအနေနဲ့ ထိုကဲ့သို့ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးတွေ ဆုံးရှုံးနေရပြီး ဥပဒေချိုးဖောက်ခံနေရသော်လည်း အလရမှအရေးယူခြင်းမရှိဘူးလို့သိရပါတယ်။

 

" ညီမတို့က OTကို ဥပဒေအတိုင်းပဲဆင်းချင်တာပါ OT ခေါ်မယ်ဆို အလုပ်သမားဆန္ဒအမှန်ကို လက်ခံပေးစေချင်တယ် ၊ ညီမတို့မှာ မနက်၆နာရီထဲကအလုပ်ထလာရတယ် ချက်ပြုတ်ချိန်မပါ ည ၈နာရီထိဆင်းရတယ် အိမ်ပြန်ရောက်လို့ မိသားစု မျက်နှာတောင် ကြည့်ဖို့အချိန်မရှိဘူး သာရေးနာရေးဘာသာရေးဆိုတာအဝေးကြီးမှာ "လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

 

Hua Meng အထည်ချုပ်စက်ရုံဟာ ၂၀၁၉ အောက်တိုဘာ ၇ ရက်နေ့မှာ အလုပ်သမား တွေက အချက် ၄၀ ကျော်ကို စုပေါင်းတောင်းဆိုမူ ပြုလုပ်ခဲ့ဖူးပါတယ်။

 

၂၀၁၉ နိုဝင်ဘာ ၂၇ ရက်မှာ ခုံသမာဓိအဖွဲ့ ၏ဆုံးဖြတ်ချက်အား ကျေနပ်မှု မရှိတဲ့အတွက် ကြောင့် ၂၀၁၉ ဒီဇင်ဘာ ၉ ရက်မှ စတင် သပိတ်မှောက်ကာ ၂၀၂၀ ဇန်နဝါရီ ၁၃ ရက် ည ၁၀ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအမံဖြင့် သဘောတူစာချုပ် ဆိုကာ ညတွင်းချင်းသပိတ်စခန်းသိမ်းခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် လုပ်ငန်းခွင်သို့ပြန်လည် ဝင်ရောက်ခဲ့ကြပါတယ်။ 

 

၂၀၂၀ ဖေဖော်ဝါရီလမှာအော်ဒါ မရှိလို့ဆိုပြီး စက်ရုံယာယီပိတ်ခဲ့ကာ လက်ရှိမှာ လူဦးရေ နှစ်ထောင်ဝန်းကျင်နှင့် ပြန်လည်ပတ်သော်လည်း ယခုအချိန်ထိ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ ၊ သမဂ္ဂအဖွဲ့ဝင်များ၊ စုပေါင်းတောင်းဆိုမှု သပိတ်မှောက်ရာတွင်ပါဝင်ခဲ့သူများအား အလုပ်ပြန်လည်ခေါ်ယူခြင်းမရှိသေးဘူးလို့ လည်း သိရပါတယ်။ 

 

"စက်ရုံမှာ WCC ဆိုပြီး Super တွေပါပြီး ၃ယောက်ထဲ ပုံကပ်ထားတယ် အလုပ်သမားတွေဘာမှမသိရဘူး သူတို့ထည့်ချင်တဲ့သူကို ထည့်တယ်၊ စက်ပြင်တွေဆိုလဲ အလုပ်ခွင်ထဲအရက်တွေသောက်တယ် HRက အပြစ်ပေးခြင်းမရှိဘူး ညီမတို့မှာ အရက်နံ့တွေနဲ့ မူးတာတောင်ဖြစ်တယ်၊ စက်ရုံ မြောင်းထဲက မြောင်းပုတ်နံ့တွေဆိုလဲ အရမ်းဆိုးရွားပြီး စက်ရုံကဘာမှ လုပ်မပေးဘူး အနံ့အရမ်းဆိုးတယ်" လို့အဆိုပါ စက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။

 

"Finishing ဌာနကို Superကပြောတယ် ၇ လပိုင်း တစ်လလုံး ပိတ်ရက်မရှိ ဆင်းရမယ် ဆင်းချင်တဲ့သူဆင်းပြောပေမဲ့မဆင်းရင် အငြိုးထားခဲ့ရတယ် ပြောဆိုခံရတယ် ခွဲခြားဆက်ဆံခံရတယ် ဥပဒေပါ ခွင့်တွေဆိုလည်း ရဖို့ခက်တယ်"လို့အလုပ်သမားကပြောဆိုပါတယ်။

 

 

အဆိုပါ Myanmar of Hua Meng အထည်ချုပ်စက်ရုံမှာ အလုပ်သမားဦးရေ နှစ်ထောင်ကျော်နဲ့

ZU, SinSay, MOHITO, Sergio Tachini, RAIN BOW, John Baner, Brezee Brand တွေကိုချုပ်လုပ်ပြီး တည်ဆဲဥပဒေများကိုချိုးဖောက်နေတယ်လို့အလုပ်သမား တွေထံကသိရပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026