NEWS

(အစ်နေ့) အချိန်ပို အတင်းကျပ်ခေါ်နေ

CoverLogo
852 Views
သို့
သက်ဆိုင်ရာ အကို အမများရှင့်။
ကျွန်မတို့က PK Myanmar(ပဲခူး)စက်ရုံက စက်လိုင်း အလုပ်သမားတွေပါ။ PK Myanmar က
LL Bean အိတ်တွေ ချုပ် ပါတယ်ရှင့် ။
ကျွန်မတို့ အခက်အခဲကတော့ စက်ရုံက နားရက်မရှိအောင် အချိန်ပိုဆက်တိုက်ခေါ်ခိုင်းနေတာပါရှင့် ။
ပြီးခဲ့တဲ့အပတ် တနင်္ဂနွေ ကနေ ဒီနေ့အထိ အလုပ် ဆက်တိုက်လုပ်ရပါတယ်။
မနက်ဖြန်နားရက်ဖြစ်တဲ့ (အစ်နေ့)မှာလဲ အလုပ်သမား ၄၀၀ ကျော်ကို LL Bean အိတ် အတွက် အချိန်ပိုလုပ်ဖို့ကို ထုတ်လုပ်မှုခေါင်းဆောင် ကျော့ကျော့ခိုင် က အတင်းအကျပ် အချိန်ပိုဆင်းဖို့ အတွက် ဖိအားပေးနေ ပါတယ်။
ဝန်ထမ်းရေးရာ မန်နေဂျာကိုတောင် အသိမပေးဘဲ GM မစ္စတာကင်နဲ့ ပြောပြီးပြီ၊ အလုပ်လုပ်ရမယ်၊ အချိန်ပို မဖြစ်မနေဆင်းရမယ်ဆိုပြီး အတင်းခိုင်းစေပါတယ် ။
အချိန်ပိုလုပ်အားခကို အပြည့်အဝရရှိပေမယ့်၊ ကျွန်မတို့ နားရက်တော့ရချင်ပါတယ်။
အမြဲတမ်းလိုလို ကျော့ကျော့ခိုင်က ဖိအားပေးခိုင်းစေပါတယ် ။
သူနဲ့ အဆင်ပြေတဲ့ အလုပ်သမားတွေကို လစာရာထူးတိုးပေးပြီး၊ မတည့်တဲ့၊ သူ ကြည့်မရတဲ့ အလုပ်သမားတွေကို အတင်းဖိအားပေး ဆဲဆို ပါတယ်။
သူ့စကားနားမထောင်မိတဲ့ အလုပ်သမားတွေကို “စစ်တပ်နဲ့ဖမ်းခိုင်းမယ်၊ နင်တို့ ပဲခူးစစ်ဆေးရေးဂိတ်ကတောင် ထွက်မသွားနိုင်ဘူး ၊ ဖြစ်သွားရမယ်” ဆိုပြီး ပြောဆိုစေခိုင်းပါတယ်။
GM မစ္စတာကင် ကလည်း ကျော့ကျော့ခိုင်ရဲ့ ပြောဆို လုပ်ရပ် တွေကို မသိဟန်ဆောင်ထားပြီး အလုပ်သမားတွေ ကို နားရက်မရှိခိုင်းစေတာကို ခွင့်ပြုထားပါတယ်။
ကျွန်မတို့အခက်အခဲကိုကူညီစေချင်ပါတယ် ။

Related posts

Cover
အိုမန်မှ ပေးစာ_၂
May 04, 2025
Cover
Myanmar LNY CAPS ဦးထုတ်စက်ရုံ အလုပ်ရွှေ့ပြောင်းမည်စိုးရိမ်ဟုဆိုပြီး သင်္ကြန်မုန့်ဖိုး လျှော့ပေး
Apr 30, 2025
Cover
SDI Manufacturing Co.,Ltd အထည်ချုပ် ခြိမ်းခြောက် ရက်အစား လုပ်ကိုင်ခိုင်း
Apr 29, 2025
Cover
လုပ်ငန်းခွင်အတွင်းချိုးဖောက်မှုတွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေတောင်းဆို
Apr 27, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
Lita Myanmar က HR မန်နေဂျာ အဝတ်အစားပေါ် ခွဲခြားဆက်ဆံ
Apr 09, 2025
Cover
Yangon Global Star အထည်ချုပ် အလုပ်ခန့်လစာထက် လျှော့ပေး
Apr 09, 2025