NEWS

သက်ြန်တွင်းကာလအစားထိုးအလုပ်ဆင်းခိုင်းနေတဲ့ Hung Yang (ဟုန်းရန် )ပိုက်ဆံအိတ်စက်ရုံက အလုပ်သမားတစ်ဦးရဲ့ ရင်ဖွင့်စာ

CoverLogo
3K Views

နိုင်ငံရေး မကောင်းတဲ့ ခေတ်ကာလကြီးမှာ အခြေခံလူတန်းစားတွေ စားဝတ်နေရေး အတွက် ဖြေရှင်းရတာ တကယ် မလွယ်ကူပါဘူး နယ်ဝေးကနေ အဆင်မပြေလို့ အလုပ်လာလုပ်ရတဲ့ သူတွေ အတွက် စျေးတွေ အကုန်တက်နေတဲ့ အချိန်. အဆောင်လခစားစရိတ်အသုံးအဆောင် တွေ အတွက် အနိုင်နိုင် ဖြေရှင်းပြီး မိဘတွေကို ပြန်မပို့နိုင်တဲ့အထိ ဖြစ်နေကြတဲ့ အချိန်ကာလကြီးမှာကိုယ့်လူမျိုးအချင်းချင်း စာနာစေချင်တယ်။

ကိုယ်စားရ ကိုယ်အဆင်ပြေရင် ပြီးရော ဆိုပြီး အထက်ဖား အောက်ဖိနဲ့ မတန်မဆ ပြောဆိုမတန်တဆလုပ်ရပ်တွေအပေါ်မှာ ပြန်သုံးသပ်ပြီး စာနာစေချင်တယ်။

အခု ရုံးပိတ်ရက် မဟုတ်သေးတဲ့ရက်တွေမှာ စက်ရုံရဲ့ ​ကုန်ကြမ်းမရမှု့ကြောင့် အလုပ်ကို ကိုယ့်သဘာနဲ့ ကိုယ် ကြိုပိတ်တယ် ကိုယ့်သဘောနဲ့ ကိုယ်ပိတ်ပြီးတော့ သကြ်န်ပြီး ပြန်ဖွင့်တဲ့ ရက်တွေမှာ စနေ တနင်္ဂနွေတွေ​ေတွမှာ ပုံမှန် ပြန်ဆင်းရက်အတိုင်း. ..ရက်စားပြန်ခေါ်တယ်။

အဲ့နေရာမှာ တစ်ခုမေးချင် ရုံးပိတ်ရက် မဟုတ်ဘဲ ဝန်ထမ်းတွေဘက်က အကြောင်းရှိလို့ ခွင့်တိုင်ရင် ရက်မှန်ကြေး  day ကြေး တစ်လလုံးစာ အဆင့်ကြေး တွေ လျော့ပြီး အကုန်ဖျက်ချ ပစ်တယ်မလား အလုပ်တစ်ရက် ဆင်းရင်.၁၀၀၀၀ မရဘူး.. တစ်ရက်ပျက်ရင်...သုံးသောင်းနီးနီး အဖျက်ခံရတယ်။

ခု သူတို့ဘက်က ပိတ်တာလေရက်စားဆင်းပေးစရာ လိုလား။
ရုံးပိတ်ရက်တွေ OT ခေါ်ရင် နှစ်ဆ ပေးရတယ်..ဒါကို သိသိကြီးနဲ့..ရက်စားခေါ်ရက်တယ်တဲ့လား။

၃ လပိုင်းမှာ ot (အချိန်ပိုဆင်းချိန်)နာရီ ၂၀ ရတယ်။
ဒါကို သူဌေးက ဝန်ထမ်းတွေ ငဲ့ပြီး.ot.  ၁၆ နာရီ ပိုထည့်ပေးတယ်တဲ့ ၃၆ နာရီ ရကြတယ်ပေါ့။

အဲ့ဒါတွေ အတွက် ရက်စားပြန်ခေါ်ပြီး ပြန်ယူပြစ်တာ ထည့်ပြောပေးကြအုံးလေ ဝန်ထမ်းတွေကို နားလှည့် ပါးရိုက် လုပ်တာ မလွန်ဘူးလား။

ဒီလို မတရား လုပ်တာကို သိသိကြီးနဲ့
Super. Leader တွေကို တစ်ယောက် ၁၀၀၀၀၀ ပေးပြီးတော့ အောက်က လူတွေကို ဖိခိုင်းတာ.. မတရား လုပ်တာ တရားကြရဲ့လား Super. Leader တွေ မတော်မတရား စားပြီး ကိုယ့်လိုင်းသားတွေကို ကိုယ့်လူမျိုးအချင်းချင်းကို မတရားမှန်းသိရက် ကိုယ်စားရ ပြီးရော..ဖိနှိမ်နိုင်တာ လိပ်ပြာသန့်ကြရဲ့လား။

ပြီးတော့ သကြ်န်ရက် ဒါ တရားဝင် ရုံးပိတ်ရက်လေ ဒါကို သကြန်တွင်း အလုပ်ဆင်းခိုင်းတယ်။
ဆင်းချင်တဲ့သူဆင်း မဆင်းချင်တဲ့သူ နေလိူ့ ရတယ် တဲ့ သဘောမျိုးလောက်ဆိုရပြီလေ..ခုက မဖြစ်မနေ ဆင်းရမယ်...
မဆင်းရင်.အခွင့်အရေးတွေ ဘာတစ်ခုမှ ရမယ် မထင်နဲ့တို့..တစ်လိုင်းလုံး မဖြစ်မနေ အကုန်ဆင်းခိုင်းမှာတို့.နဲ့ ဖိအားပေး ခြိမ်းခြောက်ပြီး...အဲ့လောက် မဖိနှိပ်ကြပါနဲ့ စာနာပေးကြပါ။

အဲ့နေရာမှ ဆင်းပေးလို့.. မရဘူးလို့ ပြောရင် ပြောတဲ့သူက အဆိုး..မကောင်းတဲ့သူ ဖြစ်တယ်...အပြောခံရတယ်။
နောက်ဆုံး အဲ့ပြောတဲ့ သူပဲ ထွက်သွားရမယ်.....စာနာကြပါ အလုပ်သမားတွေက မပြောရဲကြဘူး ။ အဲ့ဒါကို အခွင့်ကောင်း မယူကြပါနဲ့..ပြောရဲဆိုရဲတော့လည်း အမုန်းခံ အငြိုးခံ.. မပြောရဲ မဆိုရဲတော့လည်း ဖိနှိပ်ခံဘဝတွေနဲ့ နေကြရတယ်။

သူဌေးဘက်ကို ပြန်ကြည့်ပေးပါ.စက်ရုံဘက်ကို ပြန်ကြည့်ပေးပါလို့ အမြဲပြောနေတတ်တဲ့  Super. Leader တွေရေ.
ပေးကျွေးခွံ့နေတဲ့..သူဌေးတွေကိုပဲ ကြည့်မနေကြပါနဲ့..ဝန်ထမ်းများစွာရဲ့ ရင်ထဲ ကိုလည်း တစ်ခါလောက် မြင်အောင် ကြည့်ပေးကြပါလိူ့ ပြောချင်ပါတယ်။

ကိုယ်စားရပြီးရော ကိုယ်အနေချောင်ပြီးရော. အဲ့လိုအတွေးမျိုးတွေနဲ့....ဝန်ထမ်းများစွာရဲ့..စိတ်တွေ..ဆန္နတွေကို မရိုက်ချိုးကြပါနဲ့.....ဝန်ထမ်းတွေရဲ့ အသံကို နားစွင့်ပေးပါအုံးလို့။

Hung Yang (ဟုန်းရန်)ပိုက်ဆံအိတ်စက်ရုံက တရုတ်နိုင်ငံသားပိုင်စက်ရုံ ဖြစ်ပြီး GUESS အမှတ်တံဆိပ် ပိုက်ဆံအိတ်များ ချုပ်လုပ်တင်ပို့တာပါ။လှိုင်သာယာ ရွှေလင်ဗန်း စက်မှု့ဇုံ အမှတ် 356 ဝက်မစွတ်ဝန်ထောက်လမ်း မှာ ဖွင့်လှစ်ထားတာပါ။

 

 


Related posts

Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026