NEWS

ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း

CoverLogo
24 Views
 
VS SA ဝေဆာဝတ်စုံ အထည်ချုပ်စက်ရုံမှာ အလုပ် သမား  ၂၀၀ လောက် လုပ်နေတာပါ။ စက်ရုံက ယူနန်ပြည်နယ်ထဲမှာပါ။ အတိအကျဆို Building 3,N0 70 Mohan Road မှာပါ။
 
အလုပ်ချိန်က မနက် ၈ နာရီကနေ ည ၈ နာရီခွဲ အထိ ဆင်းရပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုတွေလည်း ဆင်းရပါတယ်။
 
အချိန်ပိုကြေးကို တစ်နာရီ ၅ ယွမ်ပေး မယ်လို့ ပြောထားပြီး အလုပ်သမားတွေကို ည ၉ နာရီမှ ၁၀ နာရီထိ ဆက်တိုက် အချိန်ပိုဆင်းခိုင်းပါတယ်။ အခု မေလ ၁၅ ရက် လစာထုတ်တော့ အချိန်ပိုကြေးတွေ ထည့်မပေးပါဘူး။
 
အချိန်ပိုကြေး မပါလို့ ရှင်းပေးဖို့ ပြောတော့ ဘယ်သူမှ တိတိကျကျ ရှင်းပြတာမရှိဘူး။ အဲ့ဒီငွေတွေလည်း မရခဲ့ဘူး။ နောက်တော့ အထည်စံချိန်မပြည့်လို့ အချိန်ပိုကြေးမပေးလို့ ပြောပါတယ်။
 
လက်ရှိချုပ်တဲ့ အထည်စံချိန်က အရင် ၁၃၀ ကျော် ပဲ ပေးခဲ့ရတာပါ။ အခု မနက် ၈ ကနေ ည ၈ နာရီခွဲ အထိကို အထည်‌ရေ ၃၀၀ အထိတောင်းပါတယ်။ အချိန်ပို တစ်နာရီ အထည် ၃၀ စုစုပေါင်း အထည် ၃၃၀ ပြည့်မှ အချိန်ပို တစ်နာရီကို ၅ ယွမ် ပေးမှာလို့ ပြောပါတယ်။
 
တကယ်ဆို ၁၃၀ ပြည့်ဖို့ မနည်းချုပ် နေရတာ။ နောက် အလုပ်သမားတစ်ယောက်ကို အနည်းဆုံး ပွိုင့် ၃ ပွိုင့် လောက် တာဝန်ယူ ချုပ်ရပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်ပိုကြေးမပေးတာကိုတော့ လက်ခံလို့မရပါဘူး။
 
မြန်မာ အလုပ်သမားတွေက ဒီစက်ရုံကို အကြွေးစနစ်နဲ့ လာရောက်လုပ်ကိုင် နေတာပါ။ အကြွေးကျေမှ မှတ်ပုံတင်၊ စမတ်ကဒ် အထောက်အထားတွေ ပြန်ပေးပါတယ်။
 
လက်ရှိ အထောက်အထားအားလုံးကို အလုပ်ရှင်က သိမ်းထား ပါတယ်။ အကြွေးကျေလည်း အထောက်အထားတွေကို အလုပ်ရှင်က ပြန်မပေးဘဲ သိမ်းထားပါ သေးတယ်။
 
အလုပ်ဆက်မလုပ်လိုတဲ့ အလုပ်သမားတွေ တစ်လ ကြိုတင် အကြောင်းကြားရမယ်လို့ ပြောထားပါတယ်။ အလုပ်သမားက နေရပ်ပြန်ဖို့ ကြိုတင်ပြောလည်း အထောက်အထားတွေမပေးဘဲ ဆက်သိမ်းလို့ ပြန်ခွင့်မရတဲ့ အလုပ်သမားတွေရှိပါတယ်။
 
ဒါပေမဲ့ စက်ရုံဘက်က အလုပ်ထုတ်ချင်ပြီဆို ဘာအကြောင်းပြချက်မှ မရှိ ချက်ချင်း အလုပ် ထုတ်ပါတယ်။
နေမကောင်းလို့ ဆေးခန်းပြရပြီဆို ဘာသာပြန်မရှိ၊ ဘာမရှိနဲ့ အကြောဆေး တစ်လုံးထိုးပေးပြီး လစာထုတ်တော့ ဆေးဖိုး ယွမ် ၂၀၀ ဖြတ်လိုက်ပါတယ်။ ဆေးဖိုးဖြတ်ပြီးတော့ ဂရိတ်ပါ အချခံရပါတယ်။ နောက် နားတဲ့ ရက်အတွက် လစာထပ် ဖြတ်ပါသေးတယ်။
 
မေလ ၁၅ ရက်နေ့ လစာမှာ အချိန်ပိုကြေးထည့်မပေးတာနဲ့ ၊ အလုပ်သမားတွေရဲ့ အထောက်အထားမပေးတဲ့ မပေးတဲ့ကိစ္စတွေကို အလုပ်သမားတွေက ၁၆ ရက်နေ့မှာ အလုပ်မလုပ်ပဲ ရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
စက်ရုံဘက်က အလုပ်ပဲ လုပ်ခိုင်းပြီး လာရောက်ပြောဆိုတဲ့ အလုပ်သမားတွေကို အလုပ် ထုတ်မယ် ပြောပါတယ်။
အလုပ်ဆက်မလုပ်လိုတဲ့ အလုပ်သမားတွေကိုလည်း အထောက်အထားမပေးပါဘူး။
 
လက်ရှိ အချိန်ပိုကြေးလည်းမရသလို အထောက်အထားတွေလည်း မရသေးပါဘူး။ ‘
 
မေလ၊ ၁၇ ရက်နေ့မှာ အလုပ်သမားတချို့ ဘာအထောက်အထားမှ မယူပဲ ထွက်ပြေးကြပါတယ်။ လက်ရှိ အချိန် အထိ အယောက် ၅၀ နီးပါးရှိပြီ ဖြစ်ပါတယ်။ လက်ရှိ စက်ရုံ အလုပ်သမားတွေက အသက်အန္တရာယ် ဖြစ်လာကို စိုးရိမ်နေတာ။
 
အကူအညီပေးပါနော် ။

Related posts

Cover
Lucky Top Myanmar တွင် အိုတီရုံးလာရောက်၊ စစ်ဆေးမှုမရှိဘဲ ငွေယူပြန်
May 18, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026