NEWS

ပဲခူး Myanmar solamoda Sunrun စက်ရုံ ရက်သတ္တပတ်လုံး နေအိမ်မပြန်ရဘဲ အချိန်ပို လုပ်ကိုင်ရ

CoverLogo
765 Views

Myanmar solamoda Sunrun စက်ရုံမှာ အချိန်ပိုဆင်းရလို့ နေ့တိုင်းနီးပါး အိမ်မပြန်ရပါဘူး။ အချိန်ပို (ot)တွေ အသေအလည်း ခေါ်နေပါတယ်။ စက်ရုံမှာပဲ အိပ်ရပါတယ်။   စက်ရုံမှာ အိပ်ရဝောာ့ အလုပ်လုပ်တဲ့ ခုံပေါ်တွေမှာပဲ အိပ်ရပါတယ်။ ပေးတဲ့ စောင်တွေကလည့်း အနံအသက်တွေနဲ့ပါ ။ စက်ရုံက မြို့ရှောင်လမ်း၊ ကျွဲဒညှင်းကုန်းရွာ အနီး၊ ပဲခူးစက်မှုဇုန်မှာပါ။ 

ပြီးခဲတဲ့ ၁၂ လပိုင်းကတည်း အချိန်ပိုကို ညနက် ၁၁ နာရီအထိအောင် ခေါ်ပါတယ်။ အခုလို မလုံခြုံတဲ့ ခေတ်မှာ အချိန်ပိုတွေကို အလုပ်သမားတွေက မဆင်းချင်ကြပါဘူး ။  စနေနေ့တွေဆို ညဘက်ဆင်းရတဲ့အပြင် နောက်တနေ့ (တနင်္ဂနွေနေ့) မနက် ၃ နာရီ အထိ ဆက်ဆင်းခိုင်းပါ တယ်။ မနက် ၅ နာရီ မှာ ကြိုပို့ ကားလာပါတယ်။ အိမ်ဝေး တဲ့ သူတွေဆို ဖယ်ရီကား ၁ နာရီကျော် စီးပြီး မနက် ၇ နာရီလောက်မှ အိမ်ကို ရောက်ကြပါတယ်။


အချိန်ပိုဆင်းတဲ့နေတိုင်း မနက်စာ  မကျွေးပါဘူး။  နေ့လည်စာပဲ ကျွေးပါ တယ်။  အချိန်ပိုဆင်းရတဲ့ နေ့တွေမှာ နေ့လည် ၁၂ ခွဲကနေ ည ၆ ခွဲအထိ မနားရပါဘူး ။ နာရီဝတ် နားပြီး၊  ည ၇ နာရီကနေ ည ၁၁ အထိ ဆက်တိုက် ချုပ်ရပါတယ်။ 
စက်လိုင်းကို အုပ်ချုပ်တဲ့ တရုတ်အမျိုးသမီးကလည်း အော်ဟစ်ပြောဆိုလို့ ငိုရတဲ့သူတွေ ရှိပါတယ်။ QC အလုပ်သမား တွေကို ရာထူးချပြီး အမွှေးညှပ်ဌာနကို ပို့ပစ်ပြီး လျော်ကြေးမပေးရဘဲ အလုပ်ထွက်အောင် ဖိအားပေးတာတွေ ရှိပါတယ်။ သက်ဆိုင်ရာလူကြီးများ သိစေချင်ပါတယ်။ Myanmar solamoda Sunrun စက်ရုံကပါ။ စက်ရုံက ရုံခွဲ ၃ရုံရှိ ပါတယ်။  အခု ပဲခူးစက်ရုံက နံပါတ် ၃ ပါ ။ 
စက်ရုံမှာ GU brand ကိုအများဆုံးချုပ်ပါတယ်။ အခုတော့ တခြားတံဆိပ်တွေချုပ်နေပါတယ်။ 


Related posts

Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
XING YUAN ( Myanmar) အထည်ချုပ် လိုင်းစူပါ ဆဲဆို ခိုင်းစေ
Feb 18, 2026
Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Uni-Win Leather စက်ရုံ အမျိုးသား အောစူပါမှ ဆဲဆို ခိုင်းစေ
Feb 13, 2026
Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်
Feb 08, 2026