SURVEY

စက်ရုံလုပ်ငန်းခွင်က လိင်ပိုင်းစော်ကားခြင်း (သို့) မတ်လ ချိုးဖောက်မှုများ

CoverLogo
130 Views

စက်ရုံလုပ်ငန်းခွင်က လိင်ပိုင်းစော်ကားခြင်း (သို့) မတ်လ ချိုးဖောက်မှုများ

မင်းနီကျော်

၂၀၂၄ ခုနှစ်၊ မတ်လအတွင်း Myanmar Labour News က သတင်းတွေကို ဖော်ပြခဲ့ရာ အလုပ်သမားတွေရဲ့ ပေးစာ ကို အထူး အလေးပေးဖော်ပြထားကို ဖတ်ရှု့ကြခဲ့ရမှာပါ။ အလုပ်သမားတွေရဲ့ ပေးစာတွေကို Myanmar Labour News က ဖော်ပြဖို့ ဖိတ်ခေါ်ခဲ့တာ ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဒီကဏ္ဍကို အခုနှစ်မှာ ပိုပြီး မြှင့်တင်ထား တာကတော့ အလုပ်သမားတွေရဲ့  လက်တွေ့ ခံစားနေရမှုတွေကို အထူးအလေးပေးလိုတာကြောင့် ဖြစ်ပါတယ်။

မတ်လအတွင်းမှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း သတင်းဖော်ပြမှုမရှိခဲ့တဲ့ စက်ရုံအတွင်းက လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုမှု တခုကို ပေးစာကဏ္ဍကနေ ထွတ်ပေါ်လာပါတယ်။ သာမာန်အားဖြင့် ထုတ်ပြောလေ့ မရှိတဲ့ လိင်ပိုင်း ဆိုင်ရာ စော်ကားခြင်း (Sexual Harassment) က လုပ်ငန်းခွင်ထဲက မြန်မာအမျိုးသမီးတွေကြားမှာ ခင်လို့ ၊ နောက်ပြောင်တာဆိုပြီး အမြတ်ထုတ်ခံနေရတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ ။ ဒါကြောင့်လည်း အမျိုးသမီးအရေးနဲ့ လူအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက Sexual Harassment နဲ့ ပတ်သက်တဲ့ အသိပညာပေး လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံအတွင်းမှာ များစွာ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီလုပ်ငန်းတွေ အားနည်းနေခဲ့ရ ပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားတယ်ဆိုတာကတော့ ကိုယ်ထိလက်ရောက်စော်ကားမှ အမှု ဖြစ်မြောက်တာမျိုး မဟုတ် ပါဘူး။ အမျိုးသမီးတွေကို နှုတ်နဲ့  ညစ်ညမ်းပြောဆိုတာကလည်း လိင်ပိုင်းဆိုင်ရာ စော်ကားတာလို့ သတ်မှတ် ပါတယ်။ စော်ကား ပြောဆိုခံရသူအတွက် စိတ်ပိုင်းရုပ်ပိုင်း ထိခိုက်ခံစားရလို့ မြန်မာနိူင်ငံရဲ့ ဥပဒေတွေအရ တရားစွဲဆိုနိုင်တဲ့ အမှုတွေလည်း ဖြစ်ပါတယ်။  

ဒီလိုဖြစ်ရပ်တွေက အလုပ်ငန်းခွင်တွေ၊ နေအိမ်ပြင်ပ နဲ့ ကျောင်းစာသင်ခန်းတွေစတဲ့ နေရာစုံမှာ ဖြစ်နိုင်တာပါ။ လုပ်ငန်းခွင်အတွင်းက မြန်မာအမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း (Sexual Harassment) ခံရတာ တွေကို ဖော်ထုတ်နိုင်ဖို့  စိန်ခေါ်မှုတွေ အများကြီးရှိလို့ အခုလို ၃ နှစ်ကြာမှ သတင်းဖော်ပြနိုင်ခဲ့တာလို့ Myanmar Labour News က ယူဆပါတယ်။

မတ်လအတွင်း လုပ်ငန်းခွင်အတွင်းက အမျိုးသမီးတွေဟာ ကြီးကြပ်ရေးမှူး အမျိုးသားရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုတာခံရတဲ့ အပြင် အမျိုးသမီးအချင်းချင်း အရှက်ရအောင် ပြောဆိုတဲ့ စက်ရုံတရုံနဲ့ ဒီလို ပြောဆိုခံရတာများလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုင်မှုရှိနေတယ်ဆိုပြီး စက်ရုံတရုံ စုစုပေါင်း စက်ရုံ နှစ်ရုံ ရှိခဲ့ပါတယ်။

ပထမဖော်ပြလိုတဲ့ စက်ရုံကတော့ Tianjin Fashion Milestone အထည်ချုပ် စက်ရုံ ဖြစ်ပါတယ်။ သတင်း အသေးစိတ်ကို လင့်မှာ ဖတ်ရှုနိုင်ပါတယ်။ (https://www.myanmarlabournews.com/posts/tianjin-fashion-milestone-လုပ်ငန်းခွင်အတွင်း-ရိုင်းစိုင်းစွာ-ခိုင်းစေပြောဆို-ဆက်ဆံ-နေ)

Tianjin Fashion Milestone အထည်ချုပ်က လုပ်ငန်းခွင်အတွင်းက အမျိုးသမီးတွေကို စက်ပြင် အောစူပါ အမျိုးသားက သားပြောမယားပြောဆိုတာကို ခံစားနေရတဲ့ကြောင်း အဲဒီအမျိုးသမီးတွေက ပြောဆိုခဲ့ပါတယ်။ ဒီအမျိုးသားက ဆဲဆိုတာတွေလည်း ပြုလုပ်ခဲ့ပေမဲ့ အမျိုးသမီးတွေဘက်တော့ လေးလေးစားစား ပြောဆို ဆက်ဆံခဲ့တာကိုလည်း Myanmar Labour News က ရရှိခဲ့တဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။

“စက်ပြင် အောစူပါ ကိုကြီး ----- လည်း ရှိသေးတယ်။ သူ့ကို စက်ပျက်လို့ သွားခေါ်ရင် သူက သမီးတို့ကို အော်ဟစ် ပြော လွှတ်တယ်။ တခါတလေ ဆဲတာတောင် ပါသေးတယ်။ လိုင်းထဲ စက်လာ ပြင်ရင်လည်း သားပြော မယားပြော ပြောတယ် ။ ဟိုရက်က အကြံပြု စာပုံးထဲ ထည့်တိုင်တာလည်း စက်ရုံဘက်က အသေချာလည်း မရှင်းပေးဘူး။ ဟိုမေးဒီးမေးနဲ့ ပြီးသွားရော။ သမီးတို့လည်း ပြောခံရသူတွေက အရမ်းအရှက်ရတာ” လို့ ပြောဆိုပါတယ်။  

Tianjin Fashion Milestone  စက်ရုံ က အောစူပါ တချို့ရဲ့ အလုပ်သမားတွေအပေါ် ရိုင်းစိုင်း ဆဲဆိုတာကိုလည်း အခုလို ပြောပြပါတယ်။

ောက် ကောင်မတွေ အလုပ် မလုပ်ချင်ရင်၊ အစကတည်းက အိမ်က မလာနဲ့။ ေ-ာက် အထည်ကို မြန်မြန် ချုပ်ပေး။ ေ-ာက်လက်တွေက ကိုယ့်ဟာကိုယ် ကိုင်ထား နေကြတာလား။ တခါတလေ အထည် မှားချုပ်မိရင် ေ-ာက် ကောင်မ နင့် ေ-ာက် လုံး မပါဘူးလား။ နင် ေ-ာက်လုံး ဘာမှာ ထိုးထားလို့လဲ” ဆိုပြီး ပြောပြတာပါ။

ဒီစက်ရုံက အောစူပါတွေက စက်ရုံလုပ်သက် ၅ နှစ်ဝန်းကျင်၊ ၅ နှစ်ကျော်တွေ ဖြစ်ကြပါတယ်။ သူတို့ လုပ်ကိုင် ခဲ့တဲ့ စက်ရုံသက်တမ်း တလျှောက် အလုပ်သမား အမျိုးသမီးငယ်ရဲ့ စိတ်ဒဏ်ရာ ဘယ်လောက်များမယ်ဆိုတာ မခန့်နိုင်တော့ပါဘူး။

လုပ်ငန်းခွင်အတွင်းက အမျိုးသမီးငယ်တွေ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တယ်ဆိုပြီး နောက်ထပ် ပြောဆိုထားတဲ့ စက်ရုံက တော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြခတ္တာလမ်းက လုပ်သား ၆၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ Myanto Industrial CO.Ltd အထည်ချုပ်စက်ရုံ ဖြစ်ပါတယ်။

(https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်အတွင်း-စိတ်ပိုင်းဆိုင်ရာ-အကြမ်းဖက်ခိုင်းစေ နေဟုဆို) ။

စက်ရုံထဲက အမျိုးသမီးငယ်တွေက  "လူ ၃၀ ကနေ ၄၀ ထိရှိတဲ့ စက်လိုင်းတလိုင်းကို တနာရီကို ဝယ်လွန်သား အထည် လိုင်းပေါက်ကို ၃၀ ပေးရတယ် ။ ရှပ်အင်္ကျီချုပ်တဲ့လိုင်းဆို တနာရီကို အထည် ၄၀ အထိပေးရတယ်။  စက်လိုင်းထဲမှာ အလုပ်သမားတယောက် အလုပ်ပျက်ပြီဆို၊  အဲ့ဒီအလုပ်မဆင်းတဲ့လူအတွက်ပါ ထည့်တွက်ပြီး ချုပ်ပေးရတယ်။ တောင်းတဲ့စံချိန်နဲ့လူဦးရေမမျှတဲ့အခါကြတော့ ၊ အလုပ်သမားတွေက ဘယ် ချုပ်ပေးနိုင်တော့ မလဲ ။ လက်ဝင်တဲ့ အထည်မျိုးဆို ၊ အထည်စံချိန်ပြည့်မီဖို့ခက်တယ်လေ အဲ့လိုစံချိန်မပေးနိုင်တော့ဘူးလားဆို အောစူပါနဲ့ စက်ရုံမှူး တရုတ်အမျိုးသမီးက စက်လိုင်းထဲဝင်လာပြီး အော်ဟစ်ဆဲဆိုပြီး အထည် မရရအောင် ပေးရမယ်ဆိုပြီး ပြောတယ်။ မလုပ်နိုင်ရင် ထွက်သွားဆိုပြီး ပြောတဲ့အပြင်ကို လိုင်း ၅၊ ၇၊ ၈ ကိုင်တဲ့ အောစူပါ တွေ ဆိုရင်၊ အထည်ချုပ် လာလုပ်ပြီး ၊ ငါတို့တောင်းတာမပေးနိုင်ရင်၊ ကေတီဗွီ မာဆက်မှာ သွားလုပ် ။ အထည် လာမချုပ်နဲ့ ဆိုပြီးပြောတာ။ အလုပ်သမားတွေမှာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတယ်လို့ ခံစားနေရတယ် ။ အထည်စံချိန်တွေကို လူအပြည့်မပေးဘဲ ခြိမ်းခြောက်တဲ့နည်းနဲ့တောင်းနေတာ"လို့ အလုပ်သမားက ပြောဆို ပါတယ်။

ဒီ ပြောဆိုမှုအရဆို လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်း နှိပ်စက်တာတွေကို ထင်ထင် ရှားရှား တွေ့ရမှာ ဖြစ်ပါတယ်။ ဆဲဆိုမှုတွေက ဥပဒေမှာ ထောင်ဒဏ် ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မတွေ ဖြစ်ပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ ထိခိုက်ပြောဆိုမှုတွေကလည်း ဥပဒေအရ အပြစ်ပေးနိုင်တဲ့ ပြစ်မှုတွေ ဖြစ်ပါတယ်။ ဒီလို လုပ်ငန်းခွင်အတွင်း ဆဲဆိုမှုတွေက လုပ်ငန်းခွင် ပျော်ရွှင်မှုကို ပျက်ယွင်းပြီး ကုန်ထုတ်လုပ်မှု ကျဆင်းစေတာကို စစ်တမ်းတွေအရ သိရပါတယ်။

မတ်လအတွင်း ဆဲဆိုမှုရှိတယ်ဆိုတဲ့ စက်ရုံလုပ်ငန်းခွင်ပေါင်း ၁၄ ခုအထိ ရှိပါတယ်။

ထုတ်ကုန် အရေအတွက်များပြားပါက လုပ်ငန်းရှင်အတွက် အကျိုးစီးပွားများပြားပါတယ်။ ဒီအတွက် လုပ်ငန်းခွင် ကြီးကြပ်သူတွေက လုပ်ငန်းအောက်ခြေက အလုပ်သမားတွေကို ဖိအားပေးတာ၊ ဆဲဆိုတာ၊ အခက်အခဲတွေကို လစ်လျူရှုတာတွေ အမြဲဖြစ်ပေါ်နေတာပါ။ ဆဲဆိုမှုနဲ့ ဆက်စပ်ပတ်သက်တဲ့ ချိုးဖောက်မှုတွေကတော့ အလုပ်သမားတွေကို ဖိအားပေးတာ၊  စံချိန်တိုးတောင်းတာ၊ ခွဲခြားဆက်ဆံတာ တွေဖြစ်ပါတယ်။

Myanmar Labour News က  စက်ရုံပေါင်း ၃၅ ရုံရဲ့ သတင်း ၃၇ ပုဒ်ကို မတ်လအတွင်း ဖော်ပြခဲ့ပါတယ်။ ဒါ့ အပြင် ပြည်ပရောက် မြန်မာအလုပ်သမားသတင်း ၈ ပုဒ်၊ အလုပ်သမားတွေရဲ့ လူမှုဘဝ သတင်း ၅ ပုဒ် ၊ ဆန်းစစ်ချက် ဆောင်းပါး ၂ ပုဒ်၊ ဆောင်းပါး ၁ ပုဒ်  စုစုပေါင်း အလုပ်သမား သတင်း ၅၃ ပုဒ်ကို ဖော်ပြထား ပါတယ်။။  စက်ရုံနဲ့ ထုတ်ကုန် ပစ္စည်းတွေကတော့ ဇယားမှာ ဖော်ပြထားပါတယ်။ 

စက်ရုံလုပ်ငန်းခွင်အတွင်း ဆဲဆိုမှုတွေနဲ့ ဆဲဆိုခံရတာတွေ ရှိနေတယ်ဆိုတဲ့ စက်ရုံလုပ်ငန်း ၁၄ ခု ရှိခဲ့ပြီး အများစု ကတော့ အထည်ချုပ် စက်ရုံတွေဖြစ်ကြပါတယ်။  ဒါ့အပြင် မတ်လအတွင်း အလုပ်သမားတွေ ချိုးဖောက်ခံရတဲ့ အမျိုးအစားတွေထဲမှာ လုပ်ခနဲ့ ရပိုင်ခွင့် ဖြတ်တောက်နေတယ်ဆိုတဲ့ စက်ရုံပေါင်း ၁၉ ရုံ၊ အလုပ်သမားတွေ မလုပ်နိုင်တဲ့ စံချိန်တောင်းတယ်ဆိုတဲ့ စက်ရုံ ၁၆ ရုံ၊ အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင် ခိုင်းတာနဲ့ ဖိအားပေး ခြိမ်းခြောက် ခိုင်းစေနေတဲ့ စက်ရုံ ၁၅ ရုံ၊ လုပ်ငန်းခွင်အခြေအနေတွေမပြည့်စုံတာ၊ ခွင့် မပေးတာနဲ့ ဂိတ်ပတ်စ်မပေးတဲ့ စက်ရုံ ၁၄ ရုံ တို့ ပါဝင်ပါတယ်။

ဒါ့အပြင် အလုပ်ထုတ်တယ်ဆိုတဲ့ စက်ရုံ ၈ ရုံ၊ နေ့စားအလုပ်သမားတွေအပေါ် ချိုးဖောက်မှုရှိတဲ့ စက်ရုံ ၆ ရုံ၊ EC စာချုပ် ဖောက်ဖျက်တယ်ဆိုတဲ့ စက်ရုံ ၅ ရုံ၊ အလုပ်အချိန်တဆက်တည်း ၅ နာရီ ကျော်လုပ်ကိုင်ရတဲ့ စက်ရုံ ၄ ရုံ၊ ရက်အစားလုပ်ကိုင်ခိုင်းသည့် စက်ရုံ ၄ ရုံ၊ လာစစ်ဆေးသည့် အဖွဲ့အစည်းတွေကို လိမ်လည် ဖြေကြားခိုင်းသည့် စက်ရုံ ၄ ရုံ၊ နားချိန် အပြည့်အဝ မပေးသည့် စက်ရုံ ၃ ရုံ၊ လုပ်ငန်းခွင် အတွင်း နိုင်ငံခြားသားများ တိုက်ရိုက် ခိုင်းစေနေတဲ့ စက်ရုံ ၃ ရုံ၊ အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အလုပ်နေရာ ပြောင်းရွှေ့တယ်ဆိုတဲ့ စက်ရုံ ၂ ရုံ တို့ ဖြစ်ကြပါတယ်။ ဒီနောက်မှာ လုပ်ငန်းခွင် အတွင်းလိင်းပိုင်းဆိုင်ရာ စော်ကားတာ ၊ ကိုယ်ဝန်ဆောင်တွေ အပေါ် ချိုးဖောက်တာ၊ စက်ရုံပိတ်သိမ်းတာ၊ အောစူပါက အလုပ်သမားတွေဆီက ငွေကြေး ဖြတ်တောက်တဲ့ စက်ရုံ ၁ ရုံ ပါဝင်ပါတယ်။

အလုပ်သမားတွေအပေါ်  Myanto Industrial Co.Ltd စက်ရုံက  အမျိုးအစား ၉ မျိုး ချိုးဖောက်ခဲ့ပြီး မတ်လ အတွင်း ချိုးဖောက်မှု အများဆုံး စက်ရုံဖြစ်နေတာကို တွေ့ရပါတယ်။  (https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်အတွင်း-စိတ်ပိုင်းဆိုင်ရာ-အကြမ်းဖက်ခိုင်းစေနေ ဟုဆို) ။

ဒီနောက်မှာ Tianjin Fashion Milestone အထည်ချုပ် စက်ရုံနဲ့  Lat War Garment 1 အထည်ချုပ်စက်ရုံတွေ ရှိနေပြီး ချိုးဖောက်မှုအမျိုးအစား ၈ မျိုးစီ ဖော်ပြထားတာကို တွေ့ရပါတယ်။
(https://www.myanmarlabournews.com/posts/tianjin-fashion-milestone-လုပ်ငန်းခွင်အတွင်း-ရိုင်းစိုင်းစွာ-ခိုင်းစေပြောဆို-ဆက်ဆံ-နေ)၊( https://www.myanmarlabournews.com/posts/ လက်ဝါးအထည်ချုပ်စက်ရုံ-လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ-ကျူးလွန်နေဟုဆို)။

အလုပ်သမားတွေအပေါ် ချိုးဖောက်မှု အမျိုးအစား ၇ မျိုး ချိုးဖောက်တယ်ဆိုတဲ့ စက်ရုံ ၄ ရုံကတော့ Eastar Garment ၊ Hanfex Garment Co.,Ltd ၊ WHN Garment ၊ Hanboom (Myanmar)Co.,Ltd စက်ရုံတွေ ဖြစ်ကြပါတယ်။ ချိုးဖောက်မှုသတင်းတွေကို  လင့်တွေကို အစဉ်လိုက် ပြထား ပါတယ်။ (https://www.myanmarlabournews.com/posts/ပိတ်ရက်မရဘဲ-အချိန်ပိုလုပ်ကိုင်နေရ)၊ (https:// www.myanmarlabournews.com/posts/အလုပ်သမား-၇၀၀-ကျော်ရှိတဲ့-hanfex-garment-မှာ-ဥပဒေပါခံစားခွင်တွေဆုံးရှုံးနေရ)၊(https://www.myanmarlabournews.com/posts/whn-garment-အထည်ချုပ်စက်ရုံအလုပ်သမားတွေ-အခွင့်အရေးချိုးဖောက်ခံနေရ)၊ (https:// www. myanmarlabournews. com/posts/အထည်ကြေး-၁-သိန်းဖိုးမပြည့်တဲ့အလုပ်သမားကို-ထောက်ပံ့ကြေး-၃၀၀၀၀-ကျပ်ဖြတ်တောက်)

နောက်ထပ် ချိုးဖောက်မှုရှိတဲ့ စက်ရုံတွေကိုတော့ ဂရပ်မှာ ကြည့်ရှုနိုင်ပါတယ်။ 

မတ်လ တလအတွင်း ချိုးဖောက်မှုတွေထဲမှာ လူကုန်ကူးမှု သဘောဆောင်တဲ့ လုပ်ရက်တွေ၊ ခွင့််နဲ့ ဂိတ်ပတ်စ် မပေးလို့ လုပ်ငန်းခွင်အတွင်း ကိုယ်ဝန်ပျက်ကျရတဲ့ အဖြစ်အပျက်တွေက စက်ရုံတာဝန်ရှိသူ တချို့၊ ကြီးကြပ်ရေးမှူးအဆင့် စတဲ့ ဝန်ထမ်းတွေ ပတ်သက်မှု ရှိနေတာပါ။ ဒါ့အပြင် နိုင်ငံရေးအခြေအနေမကောင်းတဲ့ ကာလအတွင်း အတိုင်းအဆမဲ့ ဆဲဆိုမှုတွေက အလုပ်သမားတွေအပေါ်မှာ သက်ရောက်မှုကြီးမားနေတာကိုလည်း Myanmar Labour News က သတိပြုမိပါတယ်။

ဒါပေမဲ့ ချိုးဖောက်မှုတွေနဲ့ ဖြစ်ရပ်တွေမှာ တိုက်ရိုက်ပတ်သက်တာက အောက်ခြေ ကြီးကြပ်ရေးမှူးတွေနဲ့ စက်ရုံတာဝန်ရှိ သူတွေ ဖြစ်ပါတယ်။ စက်ရုံတာဝန်ရှိသူတွေက အထည်အရေအတွက် များများထွက်ဖို့ ကြီးကြပ်ရေးမှူးတွေကို မျက်နှာလွှဲထားတာနဲ့ မျက်နှာသာပေးတာတွေကြောင့် လုပ်ငန်းခွင်ထဲက အလုပ်သမား တွေမှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက် နစ်နာတွေ ဖြစ်ပေါ်နေရတာလို့လည်း အထူးတင်ပြလိုပါတယ်။

မျှတပြီး ကိုယ်ချင်းစာတရား စည်းစနစ်ကျကျ နဲ့ ပညာတတ်ဆန်ဆန် အုပ်ချုပ်နိုင်မယ်ဆိုရင်တော့ ဒီလို ဖြစ်ရပ်တွေ ရှောင်လွှဲနိုင်မယ်လို့  Myanmar Labour News က သုံးသပ် တင်ပြလိုက်ရပါတယ်။

Download PDF

MyanmarLabourSociety
ResearchTeam