NEWS

စက်ရုံရွှေ့ပြောင်းပါက လိုက်ပါနိုင်ခြင်းမရှိသူတွေကို နစ်နာကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို

CoverLogo
902 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှဇုန် ၄ ကျန်စစ်သားလမ်းမှာ ဖွင့်လှစ်ထာတဲ့ New Way ဖိနပ်စက်ရုံမှာ စက်ရုံပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်နေပြီး ပြောင်းရွှေ့တဲ့နေရာကို လိုက်ပါအလုပ်လုပ်နိုင်ခြင်းမရှိတဲ့ အလုပ်သမားတွေကို နစ်နာကြေးပေးရန်တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အဆိုပါဖိနပ်စက်ရုံဖွင့်လှစ်လည်ပတ်နေတာ ၁၁ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး ယခုဖွင့်လှစ်ထားသည့် လှိုင်သာယာစက်မှုဇုန် ၄ မှာ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်ကို မတ်လမှာ ပြောင်းရွှေ့ဖွင့်လှစ်သွားမှာဖြစ်လို့ လိုက်ပါလုပ်ကိုင်နိုင်သူတွေ လိုက်ပါနိုင်ပြီး လိုက်ပါနိုင်ခြင်းမရှိသူတွေကိုတော့ မည်သည့်နစ်နာကြေးမှ ပေးချနိုင်ခြင်းမရှိကြောင်း စက်ရုံမန်နေဂျာဆိုသူက ပြောဆိုထားတယ်လို့ အလုပ်သမားကပြောပါတယ်။

"စက်ရုံမှာ ၂၀၂၃ မှာ အလုပ်ရှင် အပြောင်းအလဲဖြစ်သွားတယ် အလုပ်သမားတွေကတော့ မသိခဲ့ဘူး အခုလို စက်ရုံရွှေ့ပြောင်းမဲ့ကိစ္စ လုပ်လို့ တိုင်တော့မှ အလုပ်ရှင်ပြောင်းသွားမှန်းသိရတာ ၂၀၂၃ တုန်းက စက်ရုံကိုတိုင်တော့ မပြောင်းရွှေ့တော့ဘူးလို့ ပြောတယ် အခုထပ်ပြီးတော့ ပြောင်းရွှေ့မယ်လို့ ပြောပါတယ် မလိုက်နိုင်တဲ့သူတွေကို နစ်နာကြေးမပေးဘူးလို့ပြောပါတယ် အကြောင်းပြချက်အမျိုးမျိုးရှာပြီး ဖိအားပေးခိုင်းတာတွေရှိတယ် စက်ရုံပြောင်းမယ်ပြောပြီး နစ်နာကြေးမပေးချင်လို့ ဖိအားပေးတာတွေ လုပ်တယ် တချို့အလုပ်သမားတွေဆို အလုပ်ကထွက်သွားကြပါပြီ စက်ရုံထဲမှာ လုပ်သက် ၁၀ နှစ်နီးပါးရှိတဲ့အလုပ်သမားတွေလည်းရှိတယ် အလုပ်သမားခေါင်းဆောင်တွေရှိရင် အကြောင်းအမျိုးမျိုးပြပြီးအလုပ်ထုတ်ခံရတယ် အခုခေါင်းဆောင်ပြီး ပြောပေးမဲ့လူလည်းမရှိဘူး"လို့ အလုပ်သမားကပြောဆိုပါတယ်။

"စက်ရုံမှာ လုပ်သက်ခွင့်တွေ သတ်မှတ်လပြည့်ဖို့ ၂ ပတ်လောက်အလိုမှာ လုပ်သက်ခွင့် ၁၀ ကြိုနားခိုင်းတယ် အလုပ်သမားတွေက လိုအပ်တဲ့အချိန်သုံးစွဲဖို့ တင်ပြလည်းမရဘူး သူတို့ပေးနားတဲ့ရက်ကိုပဲနားရတယ် အဓိက ပြဿနာက စက်ရုံကို ရွှေ့မယ်ပြောလိုက် အလုပ်သမားက ရုံးတွေကို သွားတိုင်လိုက်မယ်ပြောလိုက် စက်ရုံဘက်က မရွှေ့တော့ဘူးပြောလိုက်နဲ့ အမျိုးမျိုးလုပ်နေပါတယ် မလိုက်နိုင်တဲ့အလုပ်သမားတွေကို စိတ်ညစ်ပြီးအလုပ်ထွက်သွားအောင် လုပ်နေတယ်လို့ ထင်ပါတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအထိ နေ့စားအလုပ်သမား အချို့ ခိုင်းစေခဲ့ပြီး လုပ်သက် ၃ လကနေ ၈ လလောက်အထိ လုပ်ကိုင်ခဲ့ပေမဲ့ အတည်ပြုဝန်ထမ်းခန့်အပ်ခြင်းမရှိသလို ခံစားခွင့်တွေရရှိခဲ့ခြင်းမရှိဘဲ ၃၀ ဦးကိုတော့ နစ်နာကြေးပေးခြင်းမရှိဘဲ အလုပ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာ ၂၀၂၄ အရှေ့ပိုင်းတွေမှာ adidas အမှတ်တံဆိပ်ဖိနပ်တွေချုပ်လုပ်ခဲ့ပြီး လက်ရှိမှာတော့ Reebok အမှတ်တံဆိပ်ချုပ်လုပ်နေတာဖြစ်ပြီး အလုပ်သမား ၄၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလုပ်ကိုင်နေတာလို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂအဖွဲ့အစည်းနဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားပေမဲ့ လက်ရှိမှာ အခြေအနေတွေကို ညှိနှိုင်းဖြေရှင်းပေးနိုင်ခြင်းမရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့ စက်ရုံရွေ့ပြောင်းပါက လိုက်ပါနိုင်ခြင်းမရှိတဲ့ အလုပ်သမားတွေကို လုပ်သက်အလိုက်နစ်နာကြေး ပေးရန်၊ လိုက်ပါနိုင်တဲ့ အလုပ်သမားမျာကို မူလနေရာ၊ မူလရာထူး၊ မူလလုပ်သက်အတိုင်း ခေါ်သွားပေးရန်၊ လုပ်သက်ခွင့်ရက်များကို လုပ်သက်ပြည့် သုံးလအတွင်း အလုပ်သမားများအနေဖြင့် လိုအပ်တဲ့အခါ ခွင့်အဖြစ်တင်ပြပါက ခွင့်ပြုပေးရန်စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026