NEWS

အော်ဒါမရှိတဲ့အကြောင်းပြချက်နဲ့ အလုပ်သမား ၂၀၀ ကျော် ကို အလုပ်ရပ်စဲရန်ကြိုးပမ်း ၊ ဥပဒေနဲ့အညီလုပ်ဆောင်ဖို့ အလုပ်သမားတွေ တောင်းဆို

CoverLogo
1.5K Views

လုပ်ငန်းခွင်မှာ အော်ဒါမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ လုပ်သက် ၆ လအောက် အလုပ်သမားတွေနဲ့ အခြားအလုပ်သမား စုစုပေါင်း ၂၀၀ လောက်ကို လူအင်အားလျှော့ချတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတဲ့အပေါ် ကျေနပ်မှုမရှိတဲ့အလုပ်သမား ၄၀၀ လောက်က လုပ်ငန်းခွင်အတွင်းမှာ အလုပ်ရပ်နားပြီး တောင်းဆိုနေပါတယ်။

"စက်ရုံမှာ အလုပ်သမားအင်အား ၁၀၀၀  ကျော်ရှိတာကို အလုပ်သမား ၂၀၀ လောက်ကို လူအင်အားလျှော့ချတယ်ဆိုပြီးအလုပ်ထုတ်တာပါ။ အခုလိုအချိန်ကြီးမှာ ကိုယ်ချင်းမစာဘူးဗျာ။ကျွန်တော်တို့အခုဘာမှမလုပ်ဘဲ ထိုင်နေတာကို ဆန္ဒပြတယ်ဆိုပြီး အတင်းအလုပ်လုပ်ခိုင်းနေတယ်။မတရားလုပ်တာကြီးကိုတော့လက်သင့်မခံနိုင်ဘူးဗျာ"လို့ အလုပ်သမားတစ်ယောက်ကပြောပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်ထားတဲ့ အဆိုပါ  Tianjin Fashion Milestone Garment စက်ရုံမှာ  အလုပ်သမား ၁၀၀၀ ကျော်နဲ့လည်ပတ်နေတာဖြစ်ပြီး  အလုပ်သမား ၂၀၀ ဝန်းကျင်ကို အလုပ်ထုတ်တာဖြစ်တယ်လို့သိရပါတယ်။

"အောက်တိုဘာ ၄  ရက်နေ့တုန်းက အော်ဒါနည်းပါးလို့ ဆိုပြီးတော့ အလုပ်ရှင်ဘက်ကနေ လူလျှော့ချဖို့ ခြောက်လအောက် အလုပ်သမား ၂၀၀ ကျော်ကို Notice တစ်လ ကြိုပေးတယ်ဆိုပြီး လက်မှတ်အတင်းအကြပ် ထိုးခိုင်းတယ်  အလုပ်သမား တစ်ချို့က လက်မှတ်ကို မထိုးဘူး အလုပ်ရှင်ဘက်ကို တောင်းဆိုတာက တကယ် အော်ဒါနည်းရင်  လုပ်ထုံလုပ်နည်း အရ အရင်ဆုံးထွက်ချင် သူများကို မေးပေးပါ တစ်ဆင့်စီ လုပ်ဆောင်ပေးပါ ပြောလည်း အလုပ်ရှင်ဘက်က လုံဝသဘောမတူပဲ ခြောက်လအောက် အလုပ်သမားကို ထုတ်ဖို့ ပဲ ပိုက်ဆံရှိတယ် ပြောတယ်"လို့ အလုပ်ရပ်စဲဖို့ဖိအားပေးခံရတဲ့အလုပ်သမားက ပြောဆိုပါတယ်။

"အော်ဒါမရှိဘူးဆိုရင် တကယ်အမှာစာနည်းပါးရင် လူလျှော့လို့မရဘူးမဟုတ်ဘူး လျှော့ပါ ဒါပေမယ့် လူလျှော့တယ်ဆိုရင် လုပ်လုံးလုပ်နည်းတွေရှိတယ် အရင်ဆုံး တစ်ရုံလုံးမှာ ဘယ်သူတွေထွက်ချင်လဲဆိုတာမေးရမယ် ပြီးရင် ကိုယ်ဝန်ဆောင်တွေရှိလား အသက်မပြည့်သေးတဲ့ကလေးတွေရှိလားဆိုတာရှိတယ် အရင်ဆုံးထွက်ချင်တဲ့လူကိုမေးရမယ် ပြီးရင် အဆင့်ဆင့် လုပ်ထုံးလုပ်နည်း အရသွားရမှာ" လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

အော်ဒါနည်းပါးတယ််ဆိုပြီး လူလျှော့နေပေမယ့် စက်ရုံဘေးချင်းကပ် ရုံ ၂ မှာ လူသစ်တွေခေါ်နေတာလည်းရှိနေပြီး လက်ရှိနို့တစ်ပေးခံရတဲ့အလုပ်သမားနဲ့အခြားအလုပ်သမား ၄၀၀ နီးပါးက လုပ်ငန်းခွင်အတွင်း အလုပ်မလုပ်ဘဲ စောင့်ဆိုင်းနေသူများကို အိမ်ပြန်လွှတ်နေတာတွေရှိနေပြီး လုပ်ငန်းခွင်အတွင်းမှာ တည်ငြိမ်မှုမရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ Smart Myanmar အဖွဲ့က ဖွဲ့စည်းပေးထားတဲ့ WCC အလုပ်သမားအဖွဲ့အစည်းရှိပြီး လက်ရှိမှာတော့ အလုပ်သမားရေးရာ ကိစ္စရပ်တွေမှာ နှုတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။

"အလုပ်သမားတွေအတွက် သမဂ္ဂမရှိဘူး WCCတော့ရှိတယ် အမှန်တကယ်ကျတော့ အလုပ်ရှင်ဘက်က ရွေးချယ်ထားတဲ့ အဖွဲ့ဆိုတော့ အလုပ်သမားတွေရသင့်တဲ့ ခွင့်ရက်တွေ  အလုပ်ရှင်ဘက်က ဖိအားပေးတာတွေ အချိန်ပိုအိုတီတွေ  ဆင်းနေရတာ  ဥပဒေမဲ့ အလုပ်ထုတ်တာတွေ ရှိနေတာကိုလည်း ဖြေရှင်းပေးတာ မရှိတဲ့အပြင် အခုလို လူ ၂၀၀ ကို အလုပ်ထုတ်တဲ့ ကိစ္စတွေလည်း  ဘာမှ ဝင်ရောက် ပြောကြားပေးတာမရှိဘူး တစ်ခုခုဆို အလုပ်ရှင်နဲ့  WCC တစ်ခုခု သဘောတူပြီးမှ  အလုပ်သမားတွေသိရတာ"လို့ လက်ရှိလုပ်ငန်းခွင်ရဲ့ ဖြေရှင်းရေးယန္တရားအခြေအနေကိုပြောပါတယ်။

လက်ရှိအခြေအနေအရ လုပ်ငန်းခွင်ထဲမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခြင်းများ ပြုလုပ်နေပြီး အလုပ်သမားရုံများက လုပ်ငန်းခွင်ထဲ လာရောက်စစ်ဆေးလျှင် အလုပ်သမားများ တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိဘဲ အလုပ်ရှင်နဲ့ စကားပြောပြီး ပြန်သွားသည့်အတွက် လုပ်ငန်းခွင်ထဲ အပြောင်းအလဲ ထူးခြားမှုမရှိဘဲ  အလုပ်သမားရုံက လူကြီးများ လုပ်ငန်းခွင်ထဲ လာရောက်စစ်ဆေးလျှင် အလုပ်ရှင်မှ ဟန်ပြအနေထားသာ ဆောင်ရွက်ထားတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါ လုပ်ငန်းမှာ ZARA, Vero Morde, JDY စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

MyanmarLabourNews

 


Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026