NEWS

Creative Sewing Garment စက်ရုံက လျှပ်စစ်မီးပျက်၍ ပိတ်ခဲ့ရသည့် ရက်အတွက် အစားပြန်ဆင်းခိုင်း၊ အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြ

CoverLogo
1.1K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်က Creative Sewing Garment အထည်ချုပ်စက်ရုံက မီးပျက်တာကြောင့် စက်ရုံပိတ်ခဲ့ရတဲ့ ရက်အတွက် အစားထိုးပြန်ဆင်းပေးရမယ်လို့ ပြောဆိုတာကြောင့် စက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြတောင်းဆိုနေတယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ဆီက သိရှိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က Creative Sewing Garment စက်ရုံမှာ လျှပ်စစ်မီးပျက်နေသလို့ မီးစက်လည်း ပျက်နေတာကြောင့် စက်ရုံလည်ပတ်မှု မရှိဘဲ အလုပ်ပိတ်ခဲ့ရတယ်လို့ စက်ရုံအလုပ်သမား တွေက ပြောဆိုထားတာပါ။ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်မှာတော့ Creative Sewing Garment စက်ရုံ HR မန်နေဂျာက မီးပျက်လို့ စက်ရုံ ပိတ်ခဲ့ရတဲ့ရက်အတွက် စက်တင်ဘာလ ၂၄ ရက်နဲ့ အောက်တိုဘာလ ၁ ရက်နေ့တွေကို အစားထိုး အလုပ်ဆင်းဖို့ ပြောဆိုတဲ့အတွက် စက်ရုံက အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြ တောင်းဆိုနေတာလို့ FGWM ဆီက သိရပါတယ်။

Creative Sewing Garment စက်ရုံဟာ ရန်ကုန်တိုင်း၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း မှာ ဖွင့်လှစ်လုပ်ကိုင်နေပြီး O`NEILL ၊ ZR ကုန် အမှတ်တံဆိပ်တွေ ချုပ်လုပ်နေ တယ်လို့ သိရပါတယ်။

MyanmarLabourNews
 


Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026