ARTICLE

မျိုးတုံးတော့မဲ့ မြန်မာစစ်အာဏာရှင်စနစ်

CoverLogo
2.1K Views

မီးဇာကုန်ဆီခမ်းနေတဲ့စစ်အာဏာရှင်စနစ်ကိုဖက်တွယ်ပြီး မိုက်မဲစွာနိုင်ငံတော်အာဏာလုယူခဲ့တဲ့ဖက်ဆစ် စစ်မိစ္ဆာဘီလူးတွေဟာ ပြည်တွင်းနိုင်ငံရေးမျက်နှာစာ၊ စစ်ရေးမျက်နှာစာမှာပါ တပြည်လုံးက တိုင်းရင်းသားမိဘပြည်သူအားလုံးနီးပါးက အပြင်းအထန်တုံ့ပြန်ဆန့်ကျင်မှု့ကိုရင်ဆိုင်ရလို့ နယ်ပယ်အသီးသီးမှာအရေးနိမ့်နေရသလို နိုင်ငံတကာ သံခင်းတမန်ခင်းစစ်မျက်နှာမှာလည်း ဘယ်နိုင်ငံရဲ့အသိအမှတ်ပြုမခံရဘဲ ဝိုင်းအကျဉ်ခံရတဲ့ဘဝကိုရောက်ရှိနေပါပြီ။

တကယ်တော့ ၂၁ ရာစုလို သတင်းစီးဆင်းမှု့မြန်ဆန်လှတဲ့နည်းပညာ ဉာဏ်ပညာခေတ်ထဲမှာ ပြည်သူလူထုကိုအခြေမပြုဘဲ မကောင်းမှု့ရာဇဝတ်မှု့တွေကျူးလွန်ပြီး ဖုံးကွယ်မုသားဆိုလိမ်ညာအုပ်စိုးလိုတဲ့စစ်အာဏာရှင်စနစ်ဟာ ကြာကြာမရှင်သန်နိုင်ပါဘူး။

တိတိကျကျပြောနိုင်တာက စစ်အာဏာရှင်စနစ်ရှင်သန်အသက်ဆက်နိုင်မဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ပြည်သူလူထုရဲနိုင်ငံရေးအသိရေချိန်နိမ့်ကျမှု့နဲ့အကြောက်တရားလွှမ်းမိုးမှု့တွေဟာ ဒီကနေ့ မြန်မာနိုင်ငံမှာ ပျောက်ကွယ်သွားခဲ့ပါပြီ။ စစ်အာဏာရှင်စနစ်အန္တရာယ်ကိုဘဝပေးအသိအရ နိုင်ငံရေးအသိရေချိန်မြင့်မားလာတဲ့ပြည်သူပြည်သားတွေမှာ အကြောက်တရားတွေမရှိတော့တာကြောင့်ဖြစ်ပါတယ်။

တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေတဲ့ စစ်အခွင့်ထူးခံ မိစ္ဆာစစ်ဘီလူးတွေနဲ့နောက်လိုက်လက်ပါးစေတစ်သိုက်ဟာ ဘယ်သောအခါမှ ပြည်သူလူထုအများစုရဲ့ထောက်ခံမှု့ကိုမရနိုင်သလို ဘယ်နှစ်ကြိမ်ဘဲရွေးကောက်ပွဲလုပ်လုပ် အမြဲရှုံးနိမ့်နေကြရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့အသိုင်းအဝိုင်းအားလုံးဟာ ...

၁) နိုင်ငံရေးအသိ၊ ခံယူချက်မမှန်ကန်ဘူး။
၂) ကိုယ်ကျင့်သီလမစင်ကြယ်ဘူး။
၃) ပြည်သူအပေါ် လက်နက်အားကိုးဗိုလ်ကျအုပ်ချုပ်လိုတယ်။
၄) အခွင့်ထူးခံလိုတယ်။
၅) တရားဥပဒေအထက်နေလိုတယ်။
၆) တကိုယ်ကောင်းသာကြည့်ပြီး အတ္တကြီးမားတယ်။
၇)သမိုင်းကြောင်းမကောင်းဘူး။
၈) ဒီမိုကရေစီစနစ်၊ အများဆန္ဒနဲ့မဲပေးဆုံးဖြတ်တာကို လက်မခံလိုဘူး။
၉) ပြည်သူအများစုအပေါ် စေတနာမရှိဘူး။
၁၀) တိုင်းပြည်အပေါ်ရိုးရိုးသားသားနဲ့ကောင်းကျိုးပြုခဲ့တဲ့တာဆိုတာ ဗလာနတ္တဘာမှမရှိဘူး။
၁၁) ပြည်သူလူထုကို သေနတ်နဲ့ပစ်သတ်တယ်။
၁၂) ကျောင်းသားကိုသတ်တယ်။
၁၃) ရဟန်းသံဃာကိုသတ်တယ်။
၁၄) တိုင်းရင်းသားတွေကို စစ်ပွဲတွေနဲ့သတ်တယ်။
၁၅) နိုင်ငံရေးအတိုက်အခံတွေကို ဖမ်းဆီးထောင်ချညှင်းဆဲသတ်ဖြတ်အညွှန့်ချိုးတယ်။
၁၆) အမှားကုဋေကုဋာနဲ့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှု့တွေကို ဝန်မခံဘူးး။ တာဝန်မခံဘူး။
၁၆) တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို စနစ်တကျဖျက်ဆီးတယ်။
၁၇) တိုင်းပြည်ရဲ့စီးပွားရေးကို ဖျက်ဆီးဆုတ်ယုတ်စေခဲ့တယ်။
၁၈) ကိုယ်တိုင်လည်းအဂတိလိုက်စားတယ်။ အကျင့်ပျက်ခြစားမှု့ကိုကြီးထွားစေတယ်။
၁၉) တိုင်းပြည်သယံဇာတတွေရောင်းစားပြီး ကိုယ်ကျိုးရှာတယ်။
၂၀) ပြည်သူ့ဘဏ္ဍာတွေနဲ့ချမ်းသာအောင်လုပ်တယ်။
၂၁) ပြည်သူအလိုမတူဘဲ နိုင်ငံတော်အာဏာကို ဓါးမြတ်ုက်လုယူတယ်။
၂၂) ပြည်သူအများစုအလိုမတူဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဇွတ်အတည်ပြုပြဌာန်းတယ်။
၂၃) ပြည်သူတွေရဲ့မြေယာတွေအဓမ္မသိမ်းလုယူတယ်။
၂၄) မျိုးချစ်စိတ်ကို အသုံးချပြီး နားမလည်သူတွေကို လမ်းမှားခေါ်တယ်။
၂၅) ဘာသာရေးလူမျိုးရေးအသုံးချပြီး လမ်းမှားခေါ်တယ်။
၂၆) စစ်အခွင့်ထူးခံအတွေးအခေါ်ကို ကူးစက်ပြန့်ပွားစေတယ်။
၂၇) စစ်ပွဲတွေဆင်နွဲပြီး ငြိမ်းချမ်းရေးမရအောင်နည်အမျိုးမျိုးနဲ့ဖျက်ဆီးဟန့်တားတယ်။
၂၈) စစ်ကိုအရင်းပြုပြီးလုပ်စားတယ်၊မကောင်းမှု့နဲ့ကြီးပွားချမ်းသာအောင်လုပ်တယ်။
၂၉) မကောင်းမှု့ အညစ်အထေး ငရဲတစ်ပိသာလုပ်ပြီး ကုသိုလ်တပဲဆိုသလို ဟိုလှူပြ ဒီလှူပြ၊ စေတီတည်ပြလုပ်ပြီး မသိနိုးနားလူရှင်ရဟန်းတွေကိုလှည့်စားစည်းရုံးတယ်။
၃၀) မဟုတ်မမှန် မုသားစကားဆိုပြီး ပြည်သူကိုလိမ်ညာတယ်။
၃၂) ရှေ့နောက်မညီတဲ့စကား သိက္ခာမဲ့စကားဆိုတယ်။
၃၁) သမိုင်းဖြစ်ရပ်မှန်တွေကို ဖုန်းကွယ်တယ်။
၃၂) မကောင်းတာပြုရမှာ မရှက်မကြောက်၊ ဟိရိသြတပ္ပကင်းမဲ့တယ်။
၃၃) လူ့ဂုဏ်သိက္ခာကို မြေမှာချနင်းစော်ကားပြီး လူကိုလူလိုအသိအမှတ်မပြုဘူး။
၃၄) လူ့အခွင့်အရေးချိုးဖေါက်တယ်။
၃၅) တရားမျှတမှု့ကို မဖေါ်ဆောင်ဘဲ ဥပဒေမစိုးမိုးအောင်စီမံတယ်။
၃၆) ဥာဏ်အမျှော်အမြင်နည်းပါးပြီး မိုက်မဲရမ်းကားတဲ့ မကောင်းမှု့ကံ ၃ ပါးကိုသာ ကျုးလွန်တတ်တယ်။
၃၇) လူတန်းစားအလွှာအသီးသီးနဲ့ပြဿနာဖြစ်ပြီး အားလုံးရဲ့ဘုံရန်သူဖြစ်အောင်နေတယ်။
၃၈) အကြမ်းဖက်ဗိုလ်ကျစီးပိုးတယ်။
၃၉) ကိုယ်နဲ့မထိုက်တန်တဲ့အာဏာနဲ့ဥစ္စာအတွက် မလုပ်ရဲတာဘာမှ မရှိဘူး။
၄၀) မကောင်းတာလုပ်ပြီးဗေဒင်နက္ခတ် ယတြာချေတယ် နတ်စိမ်းကိုးကွယ်ပသတယ်။
၄၁) အုပ်စုဖွဲ ဂိုဏ်းဂဏအစွဲအကိုကြီးညီလေးမျက်နှာလိုက်တယ်။
၄၂) ဖြောင့်ဖြောင့်မတ်မတ်မလုပ်တတ်ဘဲ ရိုးသားစိတ်ကင်းမဲ့တယ်၊
၄၃) ဂတိမတည်ကြည်ဘဲ ပေးခဲ့တဲ့ဂတိတွေ အကြိမ်ကြိမ်ဖျက်တယ်။ ကိုယ်ထွေးတဲ့တံတွေးပြန်မြိုချတယ်။
၄၄) မှားနေတာသိပေမဲ့ အမှားပြင်လိုစိတ်မရှိဘဲ ဆက်ပြီးအထပ်ထပ်အခါခါ အမှားဆက်ကျူးလွန်တယ်။
၄၅) ကျေးဇူးတရားမသိတတ်ယုံသာမက ဇါတ်တူသားပါစားတယ်။
၄၆) ပြည်သူအပေါ်သစ္စာစောင့်သိမှု့မရှိဘူး။
၄၇) ပြည်သူအပေါ် ဗြဟ္မစိုရ်တရား ၄ ပါးနဲ့မအုပ်ချုပ်ဘူး။
၄၈) ပြည်သူအပေါ် အကြောက်တရားဖန်တီးအုပ်ချုပ်တယ်။
၄၉) ပြည်သူ့ဆန္ဒကိုအမြဲဆန့်ကျင်တယ်။
၅၀) ပြည်သူကို ဆင်းရဲနွှံတွင်းထဲတွန်းချယုံမက ဒုက္ခပင်လယ်ဝေစေမျက်ရေကျစေတယ်။

ဒီလိုလူမျိုးတွေဟာ ဘုရားမကြိုက် နတ်မကြိုက်၊ သူတော်ကောင်းတွေမကြိုက်မနှစ်သက်တဲ့သူမျိုးတွေဖြစ်သလို ဘုရားတောင်ကယ်လို့မရအောင်တွင်းတူးမိုက်မဲ့လူတွေဖြစ်ပါတယ်။ သူတို့နဲ့ပေါင်းဖေါ်တဲ့ လူရှင်ရဟန်းဘုန်းတော်ကြီး နံမည်ကြီးဘာသာရေးခေါင်းဆောင်ဖြစ်ပါစေ ငါးပုပ်အသားပုပ်ကိုထုပ်ပိုးမိတဲ့ ဖက်ရွက်ဖြစ်ဖြစ် ပိုးဖဲကတ္တီပါဖြစ်ဖြစ် အပုပ်နံကူးစက်ပျက်စီးရတတ်တာကို သီတဂူနဲ့မဘသ ဘုန်းကြီးတွေအဖြစ်က သက်သေပြခဲ့ပါပြီ။


ကံမကောင်းအကြောင်းမလှစွာ ၁၉၆၂ ခုနှစ်မှာ စစ်ဖိနပ်အောက်ကျရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံတော်မှာ နှစ်ပေါင်း ၆၀ နီးပါးအတွင်း စစ်အာဏာရှင်စနစ်အောက်မှာ တရားဥပဒေမစိုးမိုးခြင်းဆိုတဲ့ အဆိပ်ပင်ကြီးကအသီးအပွင့်တွေလို့ပြောရမဲ့ စစ်ဂျပိုး လူဂျပိုးတွေဟာလူသူတော်ကောင်း၊ ရှင်သူတော်ကောင်း၊ တပ်မတော်သားကောင်းတွေရဲ့နေရာလု၊ နိုင်ငံတော်ရဲ့အိမ်ဦးခန်းမျက်နှာစာတွေထက်မှာ နိုင်ငံအချုပ်အခြာအာဏာတည်မြဲရေး၊ အမျိုးဘာသာသာသနာတည်တံ့ပြန့်ပွားရေးစတဲ့စကားလုံးတွေကို ပါးစပ်ကသာကျယ်ကျယ်လောင်လောင်ဟစ်ကြွေးခဲ့ကြပါတယ်။

လက်တွေ့မှာတကယ်မကျင့်ကြံဘဲ သူတို့ရဲ့အခွင့်ထူးခံခွင့်တည်မြဲအောင် လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုဖြစ်အောင်၊ ညီညွတ်မှုတွေပြိုကွဲအောင် မျက်နှာဖုံးစွပ်ခြေပုန်းခုတ်နေရာက အခုတော့ပြည်သူက တင်မြောက်တဲ့တရားဝင်အစိုးရထံက အာဏာလုယူပြီး ဗြောင်လုပ်ဆောင်နေကြပြီမဟုတ်လား။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် Generation Z ဂျန်ဇီလို့ခေါ်ကြတဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့အတတ်ပညာ၊ နည်းပညာခေတ်၊ အိုင်တီခေတ်ကြီးမှာ ၁၉ ရာစုက ဟောင်းနွမ်းနေတဲ့၊ လက်နက်နဲ့အကြမ်းဖက်ဗိုလ်ကျချင်တဲ့စစ်အာဏာရှင်စနစ်ဆိုးဟာ မရှင်သန်နိုင်တော့ပါဘူး။

အာဏာလုခဲ့တာ ၉ လကျော် ၁၀ လထဲဝင်နေတာကိုပြည်တွင်း ပြည်ပ ဘယ်နိုင်ငံကမှ အသိအမှတ်ပြုမခံရတဲ့ စစ်အခွင့်ထူးခံတွေအတွက် အချိန်များများစားစားမကျန်တော့ပါဘူး။ ဘာလုပ်လုပ်မအောင်မြင်ဘဲ လှုပ်လေမြုပ်လေဖြစ်လာတဲ့ အာဏာလုစစ်ကောင်စီမှာ နိုင်ငံတော်အာဏာ ၃ ရပ်စလုံးအသက်မဝင်သလို သူတို့ကိုထောက်ထေါက်ခံဝိုင်းရံနေသူတွေဟာလည်း တနေ့တခြားလျော့ပါးနေပါပြီ။ ဘဏ္ဍာငွေကြေးတွေ ခမ်းသထက်ခမ်း၊ လက်နက်ရိက္ခာတွေလည့်လျော့သထက်လျော့လာတာအပြင် အဆိုးဆုံးက သူတို့ရဲ့စိတ်ဓါတ်ယိမ်းယိုင်လာတာဟာ တနေ့ထက်တနေ့ ထင်ရှားသထက်ထင်ရှားလာနေပါပြီ။

အဖက်ဖက်ကညွှန်ပြနေတဲ့လက္ခဏာတွေအရ ရောဂါကျွမ်းပြီး ဆေးမမှီတော့တဲ့လူမမာလို မီးဇာကုန်ဆီခမ်းနေတဲ့ မြန်မာစစ်အာဏာရှင်စနစ်ဟာ အလွန်ဆုံးခံနိုင်လှ ၃ လလောက်သာကျန်မှာမို့ အာဏာလုသက်တမ်း ၁ နှစ်သားမပြည့်ခင် ကမ္ဘာပေါ်ကနေ မျိုးတုံးပျောက်ကွယ်မှာဖြစ်ပါကြောင်း။
(မင်းကောင်းချစ်)
နိုဝင်ဘာ (၇) ရက်နေ့ ၂၀၂၁ ခုနှစ်


Related posts

Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်
Dec 25, 2023
Cover
MCE စက်ရုံ  အငြိုးတရားနှင့် သမဂ္ဂဖြိုခွဲခဲ့သလား။
Nov 25, 2023
Cover
ဝမ်းရေးတဖက် လုံခြုံရေးအခက်နဲ့ စိုးရိမ်သောကပွေရတဲ့ စက်မှုဇုန်လုပ်သားများ
Nov 19, 2023
Cover
တစ်နာရီလုပ်ခ ၆၀၀ ကျပ် နဲ့ အလုပ်သမားထုရဲ့ မျှော်လင့်ချက်
Oct 01, 2023