Solidarity Of Trade Union Myanmar(STUM)အဖွဲ့ချုပ်ဥက္ကဌဒေါ်မျိုးအေးနှင့်တွေ့ဆုံမေးမြန်းခြင်း

cover
profile
Apr 30, 2022

"ကျမတို့အစဥ်တစိုက်တောင်းဆိုလာတာ အနိမ့်ဆုံးလုပ်ခလစာကိစ္စပဲ ခုအာဏာသိမ်းအစိုးရနဲ့ကျမတို့ကသဟဇာတမဖြစ်တဲ့အတွက်မတောင်းဘူး NUG ကိုတောင်းဖို့ကျပြန်တော့လဲမြေပြင်မှာလုပ်ခလစာသတ်မှတ်နေတာ အာဏာသိမ်းအစိုးရဖြစ်နေတော့ခက်နေတယ်ခုအနေအထားအရအလုပ်ရှင်တွေဆီကပဲကျမတို့တောင်းရတော့မယ်"

Solidarity  Of Trade Union Myanmar(STUM)အဖွဲ့ချုပ်ဥက္ကဌဒေါ်မျိုးအေးနှင့်တွေ့ဆုံမေးမြန်းခြင်း

Myanmar Labour News သတင်းဌာနမှမေလ ၁ ရက်နေ့မှာကျရောက်မယ့်ကမ္ဘာ့အလုပ်သမားများနေ့နဲ့ပါတ်သတ်တဲ့အကြောင်းအရာတွေလက်ရှိအလုပ်သမားတွေအနေနဲ့ရင်ဆိုင်နေရတဲ့အခက်အခဲအခြေအနေတွေကိုSolidarity  Of Trade Union Myanmar(STUM)အဖွဲ့ချုပ်ဥက္ကဌဒေါ်မျိုးအေးနှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုဖော်ပြပေးလိုက်ပါတယ်။

MLN-မေဒေးနေ့မှာ ကမ္ဘာ့အလုပ်သမားတွေ တောင်းဆိုတိုက်ပွဲဝင်ခဲ့သလိုသူတို့ရဲတောင်းဆိုချက်တွေလဲရရှိခဲ့တယ်၊ ဒါပေမယ့်ဒီကနေ့အချိန်အထိမြန်မာ့အလုပ်သမားတွေကတော့ မျှော်မှန်းချက်တွေ မရရှိသေးဘူးလို့မြင်တယ်၊ ဒီတော့မြန်မာ့အလုပ်သမားတွေအနေနဲ့မေဒေးခေါ်သံကို ဆက်လက်ကိုင်ဆွဲထားရဖို့ရှိပါသလား။ အဲ့ဒါနဲ့ပတ်သက်ပြီးဘာပြောချင်ပါသလဲ။

ဒေါ်မျိုးအေး- မေဒေးနေ့မှာကမ္ဘာ့အလုပ်သမားတွေကသူတို့ရဲ့တောင်းဆိုချက်တွေကိုတိုက်ပွဲဝင်ရရှိခဲ့တယ်၊ ဒါပေမယ့်မြန်မာ့အလုပ်သမားတွေကဒီနေ့အချိန်အထိမျှော်မှန်းချက်မရရှိသေးဘူးလို့မြင်တယ်၊ ဒါကြောင့်မြန်မာ့အလုပ်သမားတွေအနေနဲ့မေးဒေးတိုက်ပွဲကိုဆက်တိုက်ဖို့လိုတယ် မေဒေးတောင်းဆိုချက်တွေကိုဆက်လက်တောင်းဆိုတိုက်ပွဲဝင်သွားဖို့လိုတယ်၊ ဘာကြောင့်လဲဆိုတော့မြန်မာ့အလုပ်သမားတွေအနေနဲ့ခုအချိန်အထိလုပ်အားနဲ့ညီမျှတဲ့လုပ်အားခမရရှိသေးတဲ့အတွက်ကြောင့်ဖြစ်တယ်။

MLN-မေဒေးရဲ့တကယ့်တောင်းဆိုချက် ရည်ရွယ်ချက်တွေကဘာလဲ။ မြန်မာအလုပ်သမားတွေအပါအဝင်ကမ္ဘာ့အလုပ်သမားတွေကဘာတွေတောင်းဆိုချင်တာလဲ၊ ပြီးတော့တကယ့်မေဒေးနေ့ရဲ့အနှစ်သာရကိုလဲပြောပြပေးပါ။


ဒေါ်မျိုးအေး- မေဒေးရဲ့တကယ့်တောင်းဆိုချက်ရည်ရွယ်ချက်ကအလုပ်သမားတွေအနေနဲ့ကိုယ်လုပ်တဲ့လုပ်အားနဲ့ညီမျှတဲ့လုပ်ခလစာကိုရရမယ်အဲ့ဒါအဓိကဖြစ်တယ်၊ မြန်မာ့အလုပ်သမားတွေရောကမ္ဘာ့အလုပ်သမားတွေရောဒါကိုပဲတောင်းဆိုဖို့လိုတယ်၊ တကယ့်မေဒေးနေ့အနှစ်သာရဆိုတာ အလုပ်သမားတွေအနေနဲ့သူ့ရဲ့အခွင့်အရေးသူ့ရဲ့ရပိုင်ခွင့်တွေကိုရဖို့လိုတယ်၊ ဒါကိုဒီနေ့မှာကမ္ဘာ့အလုပ်သမားတွေနဲ့အတူတကွတောင်းဆိုရမှာပေါ့၊ သူတို့မှာအဆမတန်အလုပ်လုပ်ရပြီးတော့သူတို့ရဲ့လုပ်အားနဲ့မညီမျှတဲ့လုပ်ခလစာကိုကမ္ဘာပေါ်ကအလုပ်သမားတော်တော်များများရနေကြတယ် ဒါကြောင့်မေဒေးရဲ့တောင်းဆိုချက်တွေကိုဆက်လက်စွဲကိုင်တိုက်ပွဲဝင်သွားဖို့လိုတယ်။

MLN-လက်ရှိမြန်မာ့အလုပ်သမားထုရဲ့အဓိကရင်ဆိုင်နေရတဲ့အခက်အခဲအခြေအနေတွေနဲ့ပတ်သတ်ပြီးပြောပြပေးပါ။

ဒေါ်မျိုးအေး-လက်ရှိမြန်မာ့အလုပ်သမားထုရင်ဆိုင်နေရတာကသူတို့အလုပ်မပြုတ်ရေးဘဲ  သူတို့အလုပ်ပြုတ်ရင်စားဝတ်နေရေးခက်ခဲမယ်ဒုက္ခရောက်မယ်၊ အဲ့တော့သူတို့ဟာငါတို့အလုပ်သမားအခွင့်အရေးဆုံးရှုံးနေပါလား၊ ငါတို့ကိုလုပ်အားညှစ်ထုတ်နေပါလား၊ ငါတို့ဟာ Force Labour ဖြစ်နေတာပါလား ဆိုတဲ့အတွေးခေါင်းထဲမှာမရှိတော့ဘူး၊ ဒါဟာငါတို့အလုပ်သမားအခွင့်အရေးဆုံးရှုံး တယ်၊ ဒါဟာငါတို့လူ့အခွင့်အရေးဆုံးရှူံးတယ်၊ ဒါဟာငါတို့ရဲ့လူ့အခွင့်အရေးတွေဆုံးရှုံးတယ် ဆိုတဲ့အတွေးတွေမတွေးနိုင်ကြဘဲနဲ့ငါတို့ကအလုပ်ရှင်ရှိနေလို့ထမင်းမငတ်တာပဲ ဒီအချိန်မှာငါတို့ဟာဘာပဲဖြစ်ဖြစ်ဒီအချိန်မှာခေါင်းငုံ့ခံရမယ်ဆိုတဲ့စိတ်ကြီးကိုသူတို့ရင်ဆိုင်နေရတယ်ဒါကိုသူတို့တွန်းလှန်နိုင်တဲ့အနေအထားမရှိသေးဘူးသူတို့ရင်ဆိုင်နေရတာကြောက်စိတ်ပဲ၊ သူတို့ကြောက်နေတဲ့ကြောက်စိတ်ကိုသူတို့ဖယ်ထုတ်ဖို့လိုတယ် အဲ့လိုမဖယ်ထုတ်ပဲနဲ့တော့သူတို့လိုချင်တဲ့ပန်းတိုင်းရောက်မှာမဟုတ်ဖူး တခါတလေမှာသူတို့ရဲ့ပန်းတိုင်ဆိုတာဘာမှန်းတောင်သိမနေကြဘူး၊ ကိုယ့်အခွင့်အရေးကိုယ်မသိတာကြီးမားသောဆုံးရှုံးမှု့နဲ့ကြီးမားသောအခက်အခဲတခုပဲ။

MLN- မြန်မာ့အလုပ်သမားထုအနေနဲ့မေဒေးနေ့မှာမေဒေးစိတ်ဓာတ်ကိုဘယ်လိုဆွဲကိုင်ပြီးတိုက်ပွဲဝင်သင့်တယ်ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာလေးလဲပြောပြပေးပါ။

ဒေါ်မျိုးအေး-အမှန်တော့မေဒေးနေ့မှာအလုပ်သမားထုကသူတို့တောင်းဆိုလိုတာတွေဥပမာ-တနှစ်တာကြုံတွေခဲ့ရတဲ့အခက်အခဲတွေခံစားရတဲ့ဟာတွေကိုတောင်းဆိုလိုတဲ့ဟာတွေကိုအစိုးရ၊လုပ်ငန်းရှင်ဒါမှမဟုတ်ကမ္ဘာပေါ်မှာရှိနေသော Institution တွေကိုတောင်းဆိုရမှာ၊ မေဒေးနေ့ကလမ်း လျှောက်ပွဲဖြစ်သင့်တာ၊ ဒီမှာကအဲ့ဒီ့ပုံသဏ္ဍန်ပျောက်ဆုံးနေတယ်၊ အလုပ်သမားတွေကတော့ခုမေဒေးနေ့တရက်ပိတ်တယ်ဒါပဲဖြစ်နေတယ်၊ အမှန်မေဒေးနေ့မှာတနှစ်ပါတ်လုံးငါတို့ဆုံးရှူံးထားတာဘာတွေလဲ၊ ငါတို့ဟာအနိမ့်ဆုံးလုပ်ခလစာပြုပြင်ဖို့လိုနေတာလား၊ ဒါမှမဟုတ် Leading  မရနေတာလား၊ ငါတို့ရဲ့လုပ်ငန်းခွင်မှာဘာတွေဆုံးရှူံးနေလဲ၊ နိုင်ငံရေးမှာပါဝင်ခွင့်မရတာလား၊ ငါတို့ရဲ့စုပေါင်းတောင်းဆိုခွင့်တွေမရတာလား၊ သမဂ္ဂတွေဖြိုခွင်းခံနေရတာလား၊ ဒီကိစ္စတွေကိုမြန်မာပြည်သူလူထုကိုဘယ်လိုတင်ပြမယ်ဆိုတာသူတို့မှာမရှိဘူးအဲ့ဒါတွေကိုမေဒေးမှာလုပ်ဖို့တိုက်တွန်းချင်တယ်။

MLN-နောက်ထပ်မေးချင်တာကလက်ရှိဆရာ/ဆရာမတို့အဖွဲ့အစည်းရဲ့ရပ်တည်ချက်လှုပ်ရှားမှု့နဲ့မေဒေးနေ့အတွက်အလုပ်သမားတွေကိုပြောချင်တဲ့အမှတ်တရစကားပြောပေးပါ။

ဒေါ်မျိုးအေး-ကျမတို့ STUM စဖွဲ့ကတည်းကမေဒေးနေ့ကိုအစဥ်တစိုက်လုပ်ခဲ့တယ် မနှစ်ကကျမအကျဥ်းကျနေတဲ့ကာလမှာလဲအလုပ်သမားတွေကတောင်းဆိုတဲ့လှုပ်ရှားမှု့လေးလုပ်ဖြစ်တယ်၊ ဒီနှစ်လဲပေးထားရတဲ့အနေအထားပေါ်ကြည့်ပြီးလုပ်မှာပေါ့၊ ကိုယ့်သမဂ္ဂထဲကရဲဘော်တချို့နဲ့မေဒေးနေ့တောင်းဆိုမှု့တွေကိုလုပ်ကြမယ်ပေါ့၊ ဒါပေမယ့်လက်ရှိနိုင်ငံထဲမှာရှိနေတဲ့အစိုးရနဲ့ကျမတို့နဲ့သဟဇာတမဖြစ်တဲ့အခါကျတော့ဒီအစိုးရအပေါ်တေင်းဆိုမှု့ကတော့ကျမတို့လုပ်ဖို့မရှိဘူးပေါ့၊ ဒါဆို NUG အပေါ်မှာတောင်းဆိုမှု့ရှိမလားလို့ထပ်မေးရင်ခုလက်ရှိမြေပြင်မှာကလုပ်ခလစာကိုစည်းကျပ်နေတာအာဏာသိမ်းထားတဲ့အစိုးရကစည်းကျပ်နေတာဆိုတော့အဲ့လိုတောင်းဖို့ကလဲခက်တယ်၊ အဲ့တော့ကျမတို့ရဲ့ဒီနှစ်တောင်းဆိုချက်သည်အလုပ်ရှင်ကိုပဲဖြစ်ဖို့များတယ်၊ ပြီးတော့ကျမတို့ ၂၀၁၆ ထဲကတောင်းဆိုလာတာအနိမ့်ဆုံးလုပ်ခလစာကိစ္စပဲ၊အမှန်တော့ဒါကအစိုးရကသတ်မှတ်ပြဌာန်းပေးတာမျိုးလုပ်ရတာအခုတော့ကျမတို့ကအလုပ်ရှင်ကိုပဲဒီကိစ္စတောင်းဆိုမယ်။

MLN-ဖြည့်စွက်ပြောစရာများရှိရင် ပြောပေးပါ။

ဒေါ်မျိုးအေး-အလုပ်သမားတွေအနေနဲ့သူတို့ဘာလုပ်မယ်ဆိုတဲ့အဖြေတခုပြတ်ပြတ်သားသားထားရှိဖို့လိုတယ်၊ ဥပမာ-ဆန်ရှင်ပိတ်တာကိုလက်ခံတယ်ဆို အလုပ်လုပ်တာကိုရပ်ပြီးလုပ်ငန်းခွင်ထဲကထွက်သွားကြဖို့ပဲ၊ ခုကသူတို့အနေနဲ့နိုင်ငံရေးနဲ့ချိတ်ဆက်စဥ်းစားပြီးသူတို့ရဲ့ရပ်တည်ချက်တွေရွေးချယ်မှု့တွေကိုထုတ်ပြရတော့မယ့်အနေအထားဖြစ်နေ​ပြီ၊ ဟိုလိုလိုဒီလိုလိုလုပ်နေရင်တော့ကြာရင်တော်လှန်ရေးခရီးရှည်မယ့်အနေအထားရှိတယ်၊ ဒါကြောင့်မို့လို့အလုပ်သမားထုအနေနဲ့တိကျတဲ့ဆုံးဖြတ်ချက်တခုချဖို့လိုလာတဲ့အချိန်ရောက်ပြီလို့ကျမကတော့မြင်တယ်၊ ခုရနေတဲ့လုပ်ခလစာကခုခေတ်ဒေါ်လာစျေးနဲ့တွက်ရင်အဆမတန်နည်းပါးနေးတယ် ဒါကိုလဲမသိလို့မဟုတ်ပဲသိလျက်နဲ့အဲ့ဒါကိုလစ်လျူရှု့ပြီးတော့တောင်းဆိုတဲ့သူတွေကလုပ်ခလစာကိစ္စကိုအာဏာသိမ်းအစိုးရကိုမတောင်းဆိုပါဘူးလို့ထားထားတဲ့အချိန်မှာ ဟိုဖက်ကလဲပြင်ဆင်ထားတာမျိုးမရှိဘူး၊ မတောင်းဆိုလို့မပေးဘူးဆိုတဲ့ပုံစံမျိုး၊ အလုပ်ရှင်တွေကလဲအရှုံးပေါ်တယ် ဆိုတဲ့ခေါင်းစဥ်အောက်မှ ာအဲ့တော့အလုပ်သမားတွေကမနိုင်ဝန်ထမ်းနေရသလိုကိုဖြစ်နေတယ် ဒါကြောင့်ဒါကိုအလုပ်သမားတွေအနေနဲ့သေသေချာချာစဥ်းစားရတော့မယ့်အခြေအနေကိုရောက်ပြီလို့ပြောချင်တယ်၊ အလုပ်သမားတွေအနေနဲ့မစဥ်းစားမဆုံးဖြတ်နိုင်ဘူးဆိုရင်တောင်မှပဲအလုပ်သမားသမဂ္ဂတွေကနေစတင်ပြီးတောင်းဆိုတဲ့အသံတွေစထုတ်ပေးဖို့လိုလာပြီတောင်းဆိုမှု့တခုကိုစုပေါင်းပြီးလုပ်သင့်တယ်မေဒေးနေ့မှာတောင်းဆိုမှု့တခုကိုလုပ်သင့်တယ်လို့ကျမကအားလုံးကိုတိုက်တွန်းချင်ပါတယ်။


အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

 

522 Views

Related News

cover
အမြဲတမ်းဝန်ထမ်းအဖြစ်မှ နေ့စားအဖြစ်သို့ ပြောင်းလဲခန့်အပ်တာတွေ များလာ
Mar 7, 2023
cover
Princess Power Garment က အလုပ်သမားတွေ ဖူလုံရေးခံစားခွင့်အပြည့်အ၀ရရှိလို
Mar 6, 2023
cover
လုပ်ငန်းခွင်အတွင်း ချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ Dishang Fashion Garment အလုပ်သမားတွေ ပြော
Mar 6, 2023
cover
Qi Cai (Myanmar) အထည်ချုပ်စက်ရုံ ပိတ်ရက်တွေအတွက် ဒေးကြေး အပြည့်အဝရရှိလိုတယ်လို့ အလုပ်သမားတွေပြော
Mar 3, 2023
cover
ဥပဒေပါခွင့်ခံစားခွင့်တွေမရရှိဘူးလို့အလုပ်သမားတွေပြော
Mar 3, 2023
cover
အလုပ်သမားက တရားစွဲထားတဲ့ YFA စက်ရုံပိုင်ရှင် ရုံးချိန်းသုံးချိန်းတိတိပျက်ကွက်
Mar 3, 2023
cover
လုပ်ငန်းခွင်ထဲမှာ ခွင့်တစ်ရက်ပျက်တာနဲ့ ကျွမ်းကျင်ကြေး ဖြတ်တောက်မှုတွေရှိလာ ဥပဒေပါ ခွင့်ခံစားခွင့်များမရရှိတော့ဟုဆို
Mar 2, 2023
cover
စက်ရုံအလုပ်သမားတွေ ပြည်ပနိုင်ငံတွေမှာသွားရောက်လုပ်ကိုင်ဖို့ အကူညီတောင်းခံသူ ၄၀၀ ၀န်းကျင်အထိရှိလာ
Mar 1, 2023
cover
အလုပ်သမားအခွင့်အရေးဆိုးရွားစွာ ချိုးဖောက်ခံနေရတာတွေ ပြုပြင်ပြောင်းလဲပေးဖို့ လုပ်သားတွေတောင်းဆို
Feb 28, 2023
cover
အလုပ်ရှင်ဘက်က ဖွဲ့စည်းထားတဲ့ WCC အစားအသစ်ပြန်ဖွဲ့ပေးဖို့ အလုပ်သမားတွေတောင်းဆို
Feb 27, 2023



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle