ARTICLE

အကြပ်အတည်းကြားကစက်ရုံလုပ်သားတွေရဲ့ဘဝ စကားဝိုင်းမှအလုပ်သမားတွေရဲ့လက်ရှိအခက်အခဲအကြပ်အတည်းဆိုင်ရာပြောကြားချက်များကောက်နှုတ်ချက်

CoverLogo
1.2K Views
  • လုပ်ငန်းခွင်ထဲကသမဂ္ဂတွေရဲ့လက်ရှိအခြေအနေ

(MTG)
နင်တို့အလုပ်အသမားတွေလှုပ်ရှားရင်ဆူညံဆူညံလုပ်ရင်စစ်သားလက်အပ်ပြစ်မယ်ဆိုပြီးကျမတို့ကိုခြိမ်းခြောက်တယ်။ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့သမဂ္ဂခေါင်းဆောင်တွေဆိုခုထိလုပ်ငန်းခွင်ထဲပြန်မဝင်နိုင်ကြတော့ဘူး။တချို့အလုပ်သမားတွေဆိုလုပ်ငန်းခွင်ထဲပြန်ဝင်လာရင်နေရာပြောင်းပစ်တယ်။သီးသန့်စောင့်ကြည့်တယ်။

(မသန္တာ)
အလုပ်သမားတွေဆန္ဒပြပွဲသွားရင်အလုပ်ရှင်ကလူလွှတ်ပြီးစောင့်ကြည့်ပြီးဓါတ်ပုံရိုက်ခိုင်းထားတယ်၊နောက်နေ့လူကိုခေါ်တယ်။တပ်ကလာစစ်ရင်ဘာမှမဖြေရှင်းပေးဘူး။ဒီအချက်အလက်တွေပေးပစ်မှာဆိုပြီးပြောတယ်၊ဒါ့အပြင်သမဂ္ဂအဖွဲ့တွေလဲမဖွဲ့ရတော့ဘူး။သမဂ္ဂခေါင်းဆောင်တွေကိုအလုပ်ထုတ်တယ်၊ကျမတို့ဟွာဘိုတိုင်းစက်ရံမှာဗုံးပေါက်တုန်းကဆိုအလုပ်သမားခေါင်းဆောင်တွေကိုစစ်တပ်ခေါ်ပြီးစစ်ခိုင်းတယ်။အဲ့လိုတွေလုပ်လို့တချို့ဆိုသမဂ္ဂထဲကထွက်သွားကြတယ်။

(မနှင်းနှင်းဝေ) 
လုပ်ငန်းခွင်ထဲရောက်တော့ ခြိမ်းခြောက်လာတယ်။သူတို့အမှားကိုသိရက်နဲ့ပြောခွင့်မရှိတဲ့အခြေအနေ။ကျမတို့ခေါင်းဆောင်တွေရဲ့ကိုယ်ရေးအချက်အလက်ကိုစစ်တပ်ကိုပေးပြီးဖမ်းခိုင်းတယ်၊အလုပ်သမား အလုပ်ရှင်နှစ်ဖက်သဘောတူစာချုပ်ကိုလဲချိုးဖောက်ခံရတယ်၊ ခုကစက်ရုံတော်တော်များများမှာဒေးကြေးပဲပေးတော့လို့ပြသနာဖြစ်နေတယ်၊သူတို့ကဒီအချိန်မှာဘယ်မှာမှသွားတိုင်လို့မရတော့လူမိုက်ဆန်ဆန်ပဲတိုင်ခြင်တဲ့နေရာသွားတိုင်လို့ကိုပြောတာ။

  • အာဏာသိမ်းပြီးကာလနဲ့မသိမ်းခင်ကာလသမဂ္ဂတွေရဲ့တည်ရှိမှု့နဲ့သမဂ္ဂတွေရဲ့အလုပ်သမားအရေးဖြေရှင်းပေးနိုင်မှု့အခြေအနေနှိုင်းယှဥ်ချက်

(မသန္တာ) 
သမဂ္ဂရှိတဲ့စက်ရုံတွေတောင်ဖြေရှင်းဖို့ခက်နေတယ်။စက်ရုံကိုတင်ပြလဲမကျေနပ်ရင်ထွက်တိုင်လူစုပြီးဆန္ဒပြမယ်ဆိုလဲစစ်တပ်နဲ့ ခြိမ်းခြောက်တယ်။အကြောက်တရားမျိုးစုံနဲ့အလုပ်ရှင်တွေဖက်ကဖိနှိပ်နေတယ်။အရင်ကဆိုတောင်းဆိုချက်ရှိလာရင်ညှိတယ်။အပြည့်မဟုတ်ရင်တောင်တဝက်လောက်ကရသေးတယ်။ခုဆိုရင်အလုပ်သမားတွေဖက်ကဥပဒေပါအခွင့်အရေးတောင်မရတော့တဲ့အပြင်OTမဆင်းချင်ရင်တောင်အတင်းဆင်းခိုင်းတယ်။

(မနှင်းနှင်းဝေ) 
အရင်ကဆိုသမဂ္ဂတွေကိုကိုယ်တွေဖက်ကမပြောရင်တောင်သူတို့ဖက်ကခေါ်ညှိတာ၊ခုကသမဂ္ဂအဖွဲ့တွေကိုသူတို့ကအသိအမှတ်မပြုဘူး၊သမဂ္ဂအဖွဲ့ဝင်ဟုတ်ဟုတ်မဟုတ်ဟုတ်အကုန်ဆုံးရှုံးရတာပဲအခွင့်အရေးက။ တခုခုသွားပြောရင်လဲစက်ရုံမန်နေဂျာတွေအလုပ်ရှင်တွေက ခြိမ်းခြောက်တော့တခုခုပြောရင်တောင်ကြောက်နေရတယ်ဆိုတော့မသိသလိုနေနေရတဲ့အခက်အခဲတွေကြုံနေရတယ်။

(MTG) 
အလုပ်ရှင်တွေကစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်အလုပ်သမားတွေကိုကာဗာပေးထားတဲ့ဥပဒေတွေကိုမလိုက်နာတော့တာအလုပ်ရှင်တွေကသမဂ္ဂတွေကိုဖိနှိပ်လာတော့သမဂ္ဂအဖွဲ့ဝင်ဟုတ်ဟုတ်မဟုတ်ဟုတ်အကုန်လုံးအလုက်သမားအခွင့်အရေးဆုံးရှူံးရတယ်အဓိကပြသနာကအလုပ်ရှင်တွေကပြဌာန်းထားတဲ့ဥပဒေတွေကိုမလိုက်နာတော့တာပဲ။

  • လှိုင်သာယာကျူးကျော်တွေကိုစစ်အုပ်စုကဖျက်တဲ့အခါမှာအလုပ်သမားဘယ်လောက်ထိခိုက်မှု့ရှိခဲ့လဲ

(မနှင်းနှင်းဝေ) 
လှိုင်သာယာမှာကျမတို့အလုပ်သမားတွေကြုံရတာကသူတို့ကရှင်းတော့ရက်အများကြီးမပေးဘူးစက်ရံတွေကလဲပိတ်ထားတော့အဲဒီမှာနေတဲ့အလုပ်သမားအများစုကအလုပ်လက်မဲ့ဖြစ်နေတော့အဆောင်ပြန်ငှားဖို့ခက်တော့အဲဒီမှာပဲတဲထိုးပြီးပြန်နေရတယ်။ညဖက်တွေအိပ်ရတာတွေမလုံခြုံဘူး၊ အဲ့ကစက်ရုံအလုပ်သမားတွေဆိုလုပ်ငန်းခွင်မှာစိတ်ကသိကအောက်ဖြစ်ရတာပေါ့။

(MTG) 
အဆောင်ငှားဖို့ပြင်ထားတာလဲမရှိခုကလခစားတွေမရှိတော့ဘူး။စက်ရုံကြ​တော့ နေ့စားတွေလုပ်ပစ်တော့ဒီနေ့အလုပ်မလာရင်ဒီနေ့ပြုတ်မယ့်ကိစ္စကလဲရှိအိမ်ရှိနေတဲ့ကျူးကိုဖျက်တဲ့နေ့အလုပ်မသွားရင်အလုပ်ကပြုတ်မှာဆိုတော့အတော်အခက်အခဲဖြစ်ကြရတယ်

(မသန္တာ) 
ကျမတို့ဖက်မှာတော့ဒါမျိုးမကြုံရသေးပေမယ့်သူတို့အတွက်တော်တော်ခက်ခဲမှာပါ။

  • လက်ရှိအလုပ်သမားတွေရင်ဆိုင်နေရတဲ့လုပ်ခလစာလစာနည်းပါးမှု့နဲ့ကုန်စျေးနှုန်းကြီးမြင့်မှု

(MTG)
ကုန်စျေးနှုန်းကတက်တယ်အနိမ့်ဆုံးလုပ်ခလစာ၂နှစ်တကြိမ်ပြင်ဖို့လုပ်နေတာလဲကြာပြီ၊ခုကပုံမှန်ဆင်းနေတဲ့သူတောင်တသိန်းကျော်လောက်ပဲကျန်တယ်၊ အိမ်ငှားခနဲ့ခုဆိုလစာထုတ်ပြီး၁၀ရက်လောက်ဆိုတာနဲ့လက်ထဲပိုက်ဆံမရှိတော့ဘူး၊စားဖို့ကလဲတနေ့၂၀၀၀လောက်မှစားဝင်ယုံလောက်ရတာဆိုတော့ညီမတို့လိုအခြေခံအလုပ်သမားတွေအများကြီးအခက်အခဲကြုံရတယ်။


(မသန္တာ) 
အရင်ကဆိုပြည့်ပြည့်စုံစုံနဲ့လုံလောက်တယ်၊ခုကဒေးကြေးတောင်၄၈၀၀ပဲပေးတယ်၊အခြေခံလစာလဲတသိန်းလေးသောင်းမရပဲတသိန်းနှစ်သောင်းလောက်နဲ့အလုပ်လုပ်နေရတာတချို့ဆိုငါးသောင်းခြောက်သောင်းပဲရတယ်၊တချို့လတွေဆိုအဆောင်လခတွေမပေးနိုင်လို့အဆောင်ရှင်ကနှင်ချတာခံရတယ်၊တချို့ဆိုလမ်းပေါ်မှာကိုအိပ်နေတယ်၊ခုကတော့နေမကောင်းလို့ဒီကိုဂျင်လေးတလုံးဝယ်သောက်ဖို့တောင်တော်စဥ်းစားနေရတယ်။

(နှင်းနှင်းဝေ) 
တနေ့ထပ်တနေ့မနည်းနပ်မှန်အောင်စားဖို့ကြိုးစားနေရတာကျမတို့အကြီးမားဆုံးကြုံနေရတဲ့အခက်အခဲပဲ။

  • ခုတော်လှန်ရေးကာလမှာအလုပ်သမားတွေအနေနဲ့ဘလိုအခန်းကဏ္ဍ ကနေဆက်ရှိနေနိုင်မလဲဒီ​တော်လှန်ရေးအပေါ်ဘယ်လောက်အထိမျှော်လင့်ထားလဲ၊ဒီတော်လှန်ရေးကာလမှာဘာတွေအခက်အခဲကြုံနေရလဲ။


(မသန္တာ)
ခုလိုအခြေအနေမကောင်းတော့သွားရေးလာရေးကအစခက်တယ်။သူတို့ကအလုပ်သွားတဲ့လမ်းမှာမထင်ရင် မထင်သလိုစစ်တယ်၊ပုသိမ်ဖက်ကဗုံးပေါက်ထားတဲ့စက်ရုံမှာဆိုစစ်သားတွေကိုအစောင့်ထားပြီးမိန်းကလေးတွေကအစအလုပ်ဝင်ခါနီးတကိုယ်လုံးစစ်တယ်၊ထမင်းဘူးပါဖွင့်စားပြရတယ်၊ပြီးတော့အဲ့ဒီ့စောင့်နေတဲ့စစ်သားတွေကအမျိုးသမီးတွေကိုလိင်ပိုင်းဆိုင်ရာနှောက်ယှက်ထိပါးတာတွေစော်ကားပြောဆိုတာတွေလုပ်တယ်၊စက်ရုံကအလုပ်သမားတွေကိုမနက်အလုပ်ဆင်းချိန်ကနေအလုပ်ပြန်တဲ့အထိဖုန်းပေးမသုံးဘူး၊မနက်အစောကြီးထပြီးအစစ်ခံဖို့သွားရတယ်၊မိန်းကလေးတွေရောယောကျာ်းလေးရောတကိုယ်လုံးစစ်တယ်၊

(MTG)
နိုင်ငံရေးမျှော်လင့်ချက်ကတော့ဒီအခြေအနေကြီးကိုငြီးငွေ့လာပြီကိုဗစ်ကတမျိုးနိုင်ငံရေးကတမျိုးတဖက်မှာလဲနလံမထူနိုင်လူငယ်တွေဖက်ပလဲပြင်းပြင်းထန်ထန်တော်လှန်နေတော့ဒီမိုကရေစီအမြန်ဆုံးရချင်တယ်၊ ကျွန်မတို့အလုပ်သမားတွေအများကြီးအခက်အခဲဖြစ်နေပေမယ့်ဒီမိုကရေစီအမြန်ဆုံးရဖို့လိုအပ်တဲ့ဖက်ကတိုက်ပွဲဝင်နေတယ်၊အငတ်ငတ်အပြတ်ပြတ်ဖြစ်နေပေမယ့်လိုအပ်တဲ့နေရာမှာလုပ်နေတုန်းပဲ၊ ပြောရရင်အရင်ကလို အလုပ်သမားတွေအတွက်အကာအကွယ်ပြန်ပေးချင်တယ်။

(နှင်းနှင်းဝေ) 
အလုပ်သမားတွေကလဲကြောက်နေရတယ်ပြည်သူတွေကလဲကြောက်နရတယ်။စစ်တပ်ကဘယ်အချိန်တခုခုလာလုပ်မလဲမထင်ရင်မထင်သလိုဖမ်းမလဲဆီးမလဲဆိုပြီးတော့၊အရင်လိုပြည်သူကတင်မြှောက်ထားတဲ့ခေါင်းဆောင်တွေနဲ့အလုပ်ပြန်လုပ်ချင်ပြီ။

Myanmar Labour News မှစီစဥ်တင်ဆက်တဲ့အကြပ်အတည်းကြားကစက်ရုံလုပ်သားတွေရဲ့စကားဝိုင်းမှအမျိုးသမီးလုပ်သားသမဂ္ဂခေါင်းဆောင်တွေရဲ့လုပ်ရှိအလုပ်သမားတွေကြုံနေရတဲ့အခက်အခဲတွေကိုပြန်လည်ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါတယ်။ 
 


Related posts

Cover
"foodpanda အလုပ်မဆင်းသပိတ်မှာဘာတွေဖြစ်နေလဲ" စကားဝိုင်း ဆွေးနွေးပွဲ
Jun 19, 2022
Cover
အလုံးစုံစီးပွားရေးပိတ်ဆို့မှု့ဘာလဲ၊ ဘယ်လဲ။
Feb 11, 2022
Cover
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုနှင့် အလုပ်သမားရေးရာစကားဝိုင်း
Dec 15, 2021
Cover
လုပ်ငန်းခွင်ဖိနှိပ်မှု့ကြားက တော်လှန်စိတ်နဲ့သမဂ္ဂအလုပ်သမားများ
Nov 08, 2021
Cover
အကျပ်အတည်းကြားက စက်ရုံလုပ်သားများ စကားဝိုင်းဆွေးနွေးပွဲ
Nov 07, 2021