ARTICLE

နိုင်ငံရေးအကျဥ်းသားမှသည် တော်လှန်ရေးတပ်သားဆီသို့

CoverLogo
1.3K Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်းလူထုဆန္ဒပြပွဲတွေ၊ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု့တွေမှာတက်တက်ကြွကြွပါဝင်ခဲ့တဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ ဝင်ဟောင်းတယောက်ဖြစ်တဲ့ ကိုတိုက်ဒီ တစ်ယောက်အဲ့ဒီ့နေ့မှာသူငယ်ချင်းဖြစ်သူနဲ့နိုင်ငံရေးဆွေးနွေးရင်းမန္တလေးမြို့ ၆၃ လမ်းနဲ့ ၆၄ လမ်း​ကြားကအအေးဆိုင်လေးတစ်ခုမှာထိုင်နေခဲ့တာပါ။

ဒါပေမယ့်သူတို့ထိုင်နေရာအအေးဆိုင်လေးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကရဲကား၅စီး၊ စစ်ကား၂ စီး အင်အား၂၀ ဝန်းကျင်လောက်နဲ့ပိတ်ဆို့ပြီးကိုတိုက်ဒီနဲ့သူ့ရဲ့မိတ်ဆွေဖြစ်သူကိုပါလာတဲ့အချုပ်ကားပေါ်ပစ်တင်ဖမ်းဆီးပြီးလိုက်ပါတော့တယ်။

"စစဖမ်းတုန်းကတော့အရိုက်မခံရသေးဘူးကားပေါ်မှာ ကျွန်တော်တို့ကျောင်းသားတွေကိုဖမ်းနေပါတယ်လို့အော်တော့တချက်စအရိုက်ခံရတာပဲ"လို့သူကပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်သူမှန်သမျှ မဲမဲမြင်ရာဖမ်းဆီးနေတဲ့ကာလမှာပဲ ကိုတိုက်ဒီနဲ့သူ့သူငယ်ချင်းတို့ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီးသူတို့နှစ်ဦးကိုမန္တလေးမြို့ရဲ့နာမည်ဆိုးနဲ့ ကျော်ကြားတဲ့နန်းတွင်းစစ်ကြောရေးစခန်းကိုအဲ့ဒီ့နေ့ညမှာပဲရောက်ရှိသွားပါတော့တယ်။

"၈ ပေပတ်လည်အခန်းလေးထဲမှာလက်ထိပ်ကိုနောက်ပြန်ခတ်ပြီးထားထားတယ်။ ထမင်းလဲမကျွေးဘူး၊ ရေလဲမတိုက်ဘဲ ထားထားတာ"လို့ကိုတိုက်ဒီကဆက်ပြောပါတယ်။

ဒီလိုလက်ထိပ်နောက်ပြန်ခတ်ထားပြီးညည့်နက်ပိုင်းလောက်မှာပဲ စစ်ကောင်စီတပ်သားတွေ ကိုတိုက်ဒီတို့အခန်းရှိရာကိုရောက်ရှိလာပြီးမျက်နှာကိုအဝတ်အမဲစည်းပြီးဘယ်နေရာမှန်းမသိတဲ့နေရာကိုထပ်ခေါ်ဆောင်သွားပါတယ်။

"ခေါ်သွားတဲ့နေရာရောက်တော့ မေးလဲမေး ရိုက်လဲရိုက်တော့တာပဲ ရင်ညွန့်တွေကိုကန်တယ်ထိုင်ခုံပေါ်ကပြုတ်ကျတယ်ဆက်ရိုက်တယ် ကန်တယ်အသက်တောင်ရှုမရတဲ့အထိပဲ"

ဒီစစ်ကြောရေးစခန်းမှာစစ်ဆေးနေတဲ့စစ်ကောင်စီတပ်သားတွေကသူအပါအဝင်လူငယ်တွေကိုလိင်ပိုင်းဆိုင်ရာစော်ကားတာတွေရှိခဲ့တယ်လို့သူကပြောပါတယ်။

လက်ရှိမှာလဲဗကသကျောင်းသားလူငယ်တချို့ကိုနန်းတွင်းစစ်ကြောရေးစခန်းကတာဝန်ရှိသူတွေဟာ စအို၀ကိုဝါးလုံးနဲ့ထိုးသွင်းနှိပ်စက်ခဲ့တယ်ဆိုတဲ့အကြောင်း ဗကသများအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီ့မှာအစာကောင်းမစားရ ရေကောင်းမသောက်ရ ၅ ရက်လောက်မအိပ်ရအောင်နှိပ်စက်ပြီးတော့ ကျွန်တော့်ကို သူတို့အိုးဘိုထောင်ကိုခေါ်သွားတယ်။ အဲ့ဒီ့အထိကျွန်တော့်ကိုဘာအမှု့နဲ့စွဲထားမှန်းမသိသေးဘူး"လို့ စစ်ကြောရေးကနေသူလွတ်မြောက်လာတဲ့အခြေအနေကို ကိုတိုက်ဒီကဆက်ပြောပါတယ်။

လူမဆန်စွာနှိက်စက်နေတဲ့စစ်ကြောရေးကလွတ်မြောက်လာမယ့်သူ့ကို အိုးဘိုထောင်ရောက်တော့ထောင်အာဏာပိုင်တွေကရိုးရိုး အချုပ်ထောင်ထဲမထားပဲ တန်းပြီးတိုက်ပိတ်ထားခဲ့တာပါ။

"ရောက်ထဲကတိုက်ပိတ်ထားတာလွတ်တဲ့အထိလို့ပဲပြောရမယ်"

သူထောင်ထဲရောက်ရှိစဥ်မှာဗကသခေါင်းဆောင်ဟောင်း ကိုအောင်မှိုင်းဆန်းအပါအဝင်မန်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာရဲလွင်အစရှိတဲ့ယခင် NLD ခေါင်းဆောင်ပိုင်းတွေလဲအိုးဘိုထောင်ထဲမှာရှိနေပါတယ်။

"အထဲမှာရှိတုန်းကဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာတခါ ၈၈ နှစ်ပတ်လည်မှာတခါအာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်လို့ဝရုန်းသုံးကားဖြစ်ပြီးအရိုက်ခံရတာတွေကြုံခဲ့ရတယ်"

ကိုတိုက်ဒီအိုးဘိုထောင်ထဲရှိနေစဥ်ကာလမှာ ၂၀၂၁ ခု နှစ်ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့၇၆နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့အိုးဘိုထောင်တွင်းဆန္ဒပြခဲ့ပြီးနောက်၁၉၈၈ လူထုအရေးတော်ပုံနှစ်ပါတ်လည်နေ့ထောင်တွင်းဆန္ဒပြပွဲတွေမှာထောင်အာဏာပိုင်တွေကဓမ္မသီချင်းတွေဖွင့်ပြီးပစ်ခတ်ရိုက်နှက်ခဲ့လို့သူ့ရှေ့မှာတင်လူငယ်၂ ယောက်ဆေးရုံရောက်ရှိသွားတာကြုံခဲ့ရပါသေးတယ်။

"ထောင်တွင်းကျန်းမာရေးအခြေအနေကတော့ဆိုးဆိုးဝါးဝါးပဲ တခါသားညဖက်ကြီးဒေါက်ဇော်ရောဂါထလို့အော်တာ၂နာရီလောက်ကြာမှရောက်လာတယ်သေမယ့်သူဆိုသေတာကြာပြီ"လို့ကိုတိုက်ဒီကသူ့ရဲ့ထောင်တွင်းကျန်းမာရေးစောင့်ရှောက်ပေးမှု့ဆိုးဝါးတဲ့ခြေအနေကြုံခဲ့ရပုံကိုပြောပါတယ်။

စစ်ကြောရေးစခန်းဖြတ်သန်းမှု့ပြီးနောက်အိုးဘိုထောင်တွင်း ၄ လတာတိုက်ပိတ်ခံရအပြီးမှာကိုတိုက်ဒီတယောက်လွတ်မြောက်လာခဲ့ပါတယ်။

ဒါပေမယ့်ဘယ်လောက်ပဲနှိပ်စက်ခံရခံရ အကျဥ်းကျခံရရသူ့ရဲ့စစ်အာဏာရှင်အပေါ်တော်လှန်လိုစိတ်ကမပျောက်သေးဘူးလို့ဆိုရမှာပါ။

"လွတ်ပြီးပြီးပြီးချင်း၂ ရက်လောက်ပဲ နိုင်ငံရေးအခြေအနေအကဲခတ်ဖို့နေလိုက်တယ် ပြီးတာနဲ့ခုလွတ်မြောက်နယ်မြေမှာအကြမ်းဖက်စစ်ကောင်စီကိုပြန်တိုက်ဖို့လက်နက်ကိုင်ခဲ့တယ်"လို့သူကဆိုပါတယ်။

ခုလက်ရှိသူဟာတိုင်းရင်းသားလက်နက်ကိုင်နယ်မြေတခုမှာစစ်ပညာသင်ကြားပြီးမြောက်ကာ သူ့လိုဘဝတူလူငယ်တွေနဲ့ပေါင်းစည်းပြီး(505-PDF)အမည်ရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖွဲ့စည်းဆောင်ရွက်နေပြီလို့ဆိုပါတယ်။

သူလက်နက်ကိုင်လမ်းစဥ်လိုက်ရတဲ့အပေါ်မေးမြန်းရာမှာတေ့ာ့-

"ကျတော်တို့ရည်ရွယ်ချက်ကတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပူးပေါင်းပြီးစစ်အာဏာရှင်အမြစ်ပြတ်သည်အထိတွန်းလှန်တိုက်ခိုက်သွားမယ်ဆိုတာပဲ" ကိုတိုက်ဒီကအားနဲ့မာန်နဲ့ဖြေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီကဖမ်းဆီးထားသူအရေအတွက်ဟာ ၂၀၂၁ ဖေဖော်ဝါရီ  ၁ ရက်နေ့မှ ၂၀၂၂ ဇန်နဝါရီ၁ရက်နေ့အထိ(၈၃၄၄)ဦးရှိနေပြီးအဲ့ဒီ့ထဲကမှအသက်မပြည့်သေးတဲ့၁၈နှစ်အောက်လူငယ်၂ဦးအပါအဝင် ၇၈ ယောက်ကိုသေဒဏ်ချမှတ်ထားတယ်လို့နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 


Related posts

Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်
Dec 25, 2023
Cover
MCE စက်ရုံ  အငြိုးတရားနှင့် သမဂ္ဂဖြိုခွဲခဲ့သလား။
Nov 25, 2023
Cover
ဝမ်းရေးတဖက် လုံခြုံရေးအခက်နဲ့ စိုးရိမ်သောကပွေရတဲ့ စက်မှုဇုန်လုပ်သားများ
Nov 19, 2023
Cover
တစ်နာရီလုပ်ခ ၆၀၀ ကျပ် နဲ့ အလုပ်သမားထုရဲ့ မျှော်လင့်ချက်
Oct 01, 2023
Cover
အာဏာရှင် ခေတ်ဆိုး၊ စနစ်ဆိုးနဲ့ အခြေခံပြည်သူလူထုကြား စတင်ပေါက်ဖွားလာပြီဖြစ်တဲ့ ‘ဒုဗ္ဘိက္ခန္တရကပ်’
Sep 24, 2023