အကျပ်အတည်းကြားက စက်ရုံလုပ်သားများ စကားဝိုင်းဆွေးနွေးပွဲ

profile
Nov 7, 2021

နိုဝင်ဘာ ၇ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူမှု နောက်ဆက်တွဲသက်ရောက်မှုအနေနဲ့ စက်ရုံ အလုပ်ရုံအသီးသီးက အခြေခံလုပ်သားတွေအနေနဲ့ အကျပ်အတည်းမျိုးစုံကို တိုက်ရိုက်တွေ့ကြုံခံစားနေကြရပါတယ်။ အာဏာသိမ်းပြီး ၉ လတာ ကြာမြင့်လာတဲ့နောက်မှာတော့ စား ဝတ်‌ နေ ရေးအပါအဝင် လုပ်ငန်းခွင်အတွင်းက လုပ်သားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို လည်း အဲ့ဒီအခြေခံလုပ်သားတွေအများစုက ခါးစည်းရင်ဆိုင်ခံစားနေကြရပါတယ်။ ဒီလို ကြုံတွေ့ခံစားနေရတဲ့ အခြေအနေတွေကို အလုပ်သမားတွေ ဘယ်လိုဖြေရှင်းနေကြသလဲ။ သမဂ္ဂဖွဲ့ထားတဲ့ အခြေခံအဖွဲ့အစည်းတွေရဲ့ ရင်ဆိုင်တွေ့ကြုံနေရမှုတွေ က ဘယ်လိုရှိပါသလဲ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို အလုပ်သမားတွေ ဘယ်လို မျှော်လင့်ထားပါသလဲ။ Myanmar Labour News အနေနဲ့ လုပ်ငန်းခွင်အသီးသီးမှာ တာဝန်ထမ်းဆောင်နေ ကြတဲ့ အလုပ်သမားတွေ လတ်တလော ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။ ဒီကနေ့ ည ၇ နာရီအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးက စက်ရုံအလုပ်သမတွေနဲ့ ဆွေးနွေးသွားမယ့် အစီအစဉ်ကို Myanmar Labour News ရဲ့ Facebook စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အစီအစဉ်တင်ဆက်သူအနေနဲ့ ကိုသက်ဆွေဝင်း (Synergy) က ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ #MyanmarLabourNews

560 Views

Related News




About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle