NEWS

လက်ဝါး ၁ အထည်ချုပ်စက်ရုံအတွင်း ခွဲခြားဆက်ဆံမှုတွေ

CoverLogo
662 Views
 
လက်၀ါး ၁ အထည်ချုပ်စက်ရုံနင့်ပက်သက်ပြီး ပြောစရာရှိလို့ပါ။
 
ကူညီပေးပါ။ စက်ရုံမှာ ခွဲခြားမှုတွေ အများကြီး ဖြစ်နေတာကို ပြောပြပါ့မယ်။ အရေးတကြီး အကြောင်းရှိလို့ ဂိတ်ပတ်စ် Gate pass တောင်းခဲ့ရင် မန်နေဂျာ နဲ့ တာဝန်ရှိသူတွေက ပေးချင်တဲ့သူများသာပေးပြီး မပေးချင်သူတော့ မပေးပါဘူး။
 
အလုပ်သမားတွေကို ပန်းမပန်ရ၊ သနက်ခါး မလိမ်းရ ဆိုပြီး စည်းကမ်းသတ်မှတ်ထားပါတယ်။ ဒါပေမဲ့ မန်နေဂျာ နဲ့ စူပါ၊ လီတာလို့ ခေါင်းဆောင်ပိုင်းတွေကတော့ ပန်းတွေ ဝေနေအောင် ပန်ကြပါတယ်။
 
စည်းကမ်းတွေက ရာထူး အဆင့်အတန်း ခွဲခြားတာလားတော့ မသိဘူး ။ စက်ရုံ အလုပ်သမားတွေကိာ ပိုက်ဆံ မချေးမငှားရ၊ ဈေးမရောင်းရလို့ စည်းကမ်းတော့ ရှိပါတယ်။
 
ဒါပေမဲ့ စက်ရုံမန်နေဂျာ ကိုယ်တိုင်က ငွေတိုးပေးပါတယ်။ စက်ရုံထဲ ကိုယ်ပိုင်စီးပွားရေးဆိုပြီး အလုပ်ချိန်မှာ စက်ရုံ အလုပ်နဲ့ မဆိုင်ဘဲ စျေးရောင်းခိုင်းပါတယ်။ အလုပ်သမားတွေမှာ ကိုယ့်အလုပ်ကို ပြီးအောင် လုပ်ရတာက တမျိုး၊ သူ့အတွက် ဈေးရောင်းပေးရတာက တမျိုး ၊ အရမ်းကို ပင်ပန်းရပါတယ်။
အလုပ်သမားတွေ လစာမလောက်လို့ မုန့် နည်းနည်းပါးပါးရောင်းရင်တော့ ရောင်းတဲ့ မုန့်တွေ အကုန် သိမ်းပါတယ်။ စည်းကမ်းသတ်မှတ်မယ်ဆိုရင် တပြေးညီ သတ်မှတ်ပေးရမှာ၊ လိုက်နာရမှာ လို့ ထင်ပါတယ် ရှင့်။
 
အလုပ်သမားတွေ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျတော့လည်း အချိန်ပို ကြေးတွေ အဖြတ်ခံရပါတယ်။ ညနေ အလုပ်ဆင်းချိန် ၄ နာရီခွဲ ပြန်တဲ့ အလုပ်သမားကို ၇၅၀၀ အထိ ဖြတ်ပါတယ်။ ညီမတို့ တနေကုန်လုပ်တဲ့ လုပ်အားခ ဘာမှမကျန်ပါ။
 
လစာထုတ်တော့လည်း လက်မှတ်ပေးမထိုးပါဘူး။ လစာစာအိပ် ဘယ်သူဘယ်ဝါ ဆိုပြီးပဲ ပေးတာပါ။ အလုပ်သမားတယောက် တရက် အလုပ်ပျက်တာနဲ့ ခွင့်မဲ့ဆိုပြီး အလုပ်ထုတ်ပါတယ်။ ညီမတို့ သိရသလောက် ရက်ပျက်က သုံးကြိမ်မှ အလုပ်ထုတ်ရမယ်လို့ နားလည်ထားပါတယ်။
 
စက်ရုံက WCC အဖွဲ့ရှိပါတယ်။ စက်ရုံကိစ္စတွေကို အဖွဲ့ဝင်တွေကိုယ်တိုင် မန်နေဂျာကို မတင်ပြရဲပါ။ ညီမတို့ကို ကြုံတွေ့ရတဲ့ အခက်အခဲ ဘယ်သူကို ပြောပြရမယ်ဆိုတာ မသိတော့ပါဘူး။ ခွဲခြားမှုတွေက တော်တော်ဆိုးဆိုးပါ။
 
စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော် ရှိပါတယ်။ မြန်မာနိုင်ငံသားပိုင်ပြီး တရုတ်နိုင်ငံသား အုပ် ချုပ်ပါတယ်။ အထည်တွေကို Export လုပ်ပါတယ်။
ကျေးဇူးပြုပြီး ကူညီ ပေးပါလို့ တောင်းဆိုချင်ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026