ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊၁၈ ရပ်ကွက်၊ရေပြာလမ်း ၊အမှတ် 39/1,2,3 ရှိ Kingsrish (MYANMAR) Fashion Limited မှ အမျိုးသမီးအလုပ်သမားတစ်ဦးဟာ လုပ်ငန်းခွင်အတွင်း ထိုးကြိတ်ခံရပြီးမှအလုပ်မှထုတ်ပယ်ခံခဲ့ရလို့ ညှိနှိုင်းဖြေရှင်းခဲ့ပေမဲ့ ပြေလည်မှူမရခဲ့ဘူးလို့ သိရပါတယ်။
" H&M ဘရမ်းက ဒီနေ့အလုပ်ရှင်က ၃ ချိန်းညှိတယ်။ အလညမှာ အလုပ်ရှင်ကတော့မပေးဘူးပြောတယ်။ ပြီးသွားပြီ။ အဲ့တော့အလုပ်သမားဘက်ကနေ တရားစွဲဆိုဖို့အတွက်ခွင့်ပြုချက်ချပေးဆိုတော့ ဦးစီးမှူးက ၀န်ကြီးဌာနဆီမှာ ညွှန်ကြားချက်ခံယူလိုက်ပါအုံးမယ်ပြောတယ်။ အဲ့တော့၀န်ကြီးဌာနဘက်က ဘာညွှန်ကြားချက်ပေးမယ်ဆိုတာစောင့်ရမှာပေါ့။ တစ်ကယ်လို့ဆက်မညှိတော့ဘူး။ တရားစွဲဖို့စာချပေးမယ်ဆိုရင်တော့ အလုပ်သမားကိုကူညီပေးသွားမှာပါ" လို့ အဲ့ဒီအလုပ်သမားကိုကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။
အဆိုပါစက်ရုံရဲ့ ပါကင် ဌာနတွင် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား မ-----ကို ဇူလိုင် ၂၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က ဌာနတူ အမျိုးသားတဦးနှင့် လုပ်ငန်းကိစ္စအခြေအတင်စကားများကြရာက ၎င်းအလုပ်သမားမှ ဆဲဆိုကာလက်သီးနှင့်မျက်နှာကို ၃ ချက်ထိုး ခံ ခဲ့ရတာလို့သိရပါတယ်။
အဲဒီလိုထိုးကြိတ်ခံရလို့ မကျေနပ်သဖြင့် Leader ကိုတိုင်ကြားခဲ့ရာ ဖြေရှင်းမပေးဘဲ မောင်းထုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက်၎င်းအဆိုပါအလုပ်သမားကပင်အင်္ကျီ ကိုနောက်မှဆောင့်ဆွဲပြီး လက်သီးနှင့် ၂ ချက် ထပ်ထိုးခံခဲ့ရတဲ့အပြင် ပိုင်ရှင်ကလည်း ဖြေရှင်းမပေးတဲ့အပြင် မည်သည့်နစ်နာကြေးမှမပေးဘဲ အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။
ဒါ့ကြောင့်EC စာချုပ်ပါအချက်ကို ချိုးဖောက်သဖြင့် အလုပ်သမားညွှန်ကြားမှူ ဦးစီးဌာနသို့တိုင်ကြားခဲ့ပြီး ဩဂုတ်၂၁ရက်နေ့က သုံးကြိမ်မြောက်ညှိနှိုင်းခဲ့ပေမဲ့ လုပ်ငန်းရှင်မှ မည်သည့် တရားမျှတမှူ မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းမရှိလို့ ညှိနှိုင်းမှုအဆင်မပြေခဲ့တာလို့ သိကပါတယ်။
အဆိုပါစက်ရုံက H&M ဘရမ်းကိုအဓိကထားချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး ပြီးခဲ့တဲ့၂၀၂၂ခု နှစ် ဇူလိုင်လကလည်း လုပ်သက်လေးနှစ်ရှိ အမျိုးသမီး အလုပ်သမားတစ်ဦးကို စက်လိုင်းထဲမုန့်ယူလာတဲ့အကြောင်းပြချက်ဖြင့် အလုပ်ကထုတ်ပယ်တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ် လို့သိရပါတယ်။
#MyanmarLabourNews