SURVEY

CoC အနှစ်သာရကို လုံးဝပြောင်းပြန်လှန်ပစ်ခြင်း (သို့) ဖေဖော်ဝါရီလ ချိုးဖောက်မှုများ

CoverLogo
55 Views

၂၀၂၆ ခုဖေဖော်ဝါရီလအတွင်း Myanmar Labour News မှာ ဖော်ပြထားတဲ့ အလုပ်သမားဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်တဲ့ သတင်း စုစုပေါင်း ၄၃ ပုဒ် ဖော်ပြထားပါတယ်။

Myanmar Labour society က ချိုးဖောက်ခံရမှုတွေကို လေ့လာခဲ့ရာ စက်ရုံပေါင်း ၄၀ ပါဝင်တာတွေ့ရပါတယ်။ စက်ရုံတွေရဲ့ လုပ်ငန်းအမျိုးအစားတွေကတော့ ပိုက်ဆံအိတ်၊ ဖိနပ်၊ လက်ကိုင်အိတ်၊ အထည်၊ ဦးထုပ် စတဲ့ ချုပ်လုပ်ရေး လုပ်ငန်းတွေနဲ့ အီလက်ထရောနစ် လုပ်ငန်းတွေပါဝင်ပါတယ်။

အဲဒီလုပ်ငန်းတွေက ပိုက်ဆံအိတ်ချုပ် လုပ်ငန်းက ၁ ခု၊ ဖိနပ်ချုပ်လုပ်ငန်းက ၁ ခု ၊ လက်ကိုင်အိတ်ချုပ်လုပ်ငန်း ၁ ခု၊ အထည်ချုပ် စက်ရုံလုပ်ငန်း ၃၄ ခု၊ ဦးထုပ်ချုပ် လုပ်ငန်း ၂ ခုနဲ့  အီလက်ထရောနစ်လုပ်ငန်း  ၁ခုတို့ ဖြစ်ပါတယ်။

ဒီစက်ရုံလုပ်ငန်းတွေမှာ အလုပ်သမား အနည်းဆုံး စက်ရုံမှာ လုပ်သား  ၁၅၀ ဝန်းကျင် ရှိပြီး လုပ်သားအများဆုံး စက်ရုံက ၁၇၀၀ ဝန်းကျင် အထိ ရှိတာကိုတွေ့ရပါတယ်။

Myanmar Labour Society က အလုပ်သမား ဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို Myanmar Labour News ရဲ့ Website က တစ်ဆင့်လေ့လာမှုတွေ ပြုလုပ်နေပါတယ်။ သတင်းမှာ ပါဝင်တဲ့ ချိုးဖောက်မှု တွေကို ကဏ္ဍ ၂၈ ခုခွဲပြီး လေ့လာမှုတွေ ပြုလုပ်နေတာပါ။

လက်ရှိ ကျင့်သုံးနေဆဲ မြန်မာအလုပ်သမား ဥပဒေတွေ၊ မြန်မာနိုင်ငံအနေနဲ့  လိုက်နာ ကျင့်သုံး ပါ့မယ်ဆိုပြီး လက်မှတ်ထိုးထားတဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း ILO ရဲ့ ပြဌာန်းချက်တွေ ၊ လူ့အခွင့်အရေးတွေနဲ့ လူမှုစံနှုန်းတွေကို အခြေခံပြီး လေ့လာမှုကဏ္ဍတွေကို ခွဲခြမ်းစိတ်ဖြာထားပါတယ်။

ဒီလို လေ့လာမှုကနေ ရရှိတဲ့ အချက်အလက်တွေကို လစဉ် ၊ နှစ်စဉ်ထုတ်ပြန်ပေးနေပါတယ်။

၂၀၂၆ ခုနှစ် ဖေဖဝါရီ လအတွင်း သတင်းဖော်ထားသည့် စက်ရုံလုပ်ငန်းများနှင့် ထုတ်ကုန်များ

No

စက်ရုံလုပ်ငန်း

လုပ်ငန်းအမျိုးအစား

ကုန်အမှတ်တံဆိပ်

လုပ်ငန်းတည်နေရာ

သတင်းဖော်ပြမှု

1

Baisheng Myanmar Industry Co.,Ltd

ဖိနပ်ချုပ်

HI-TEC

ရန်ကုန်တိုင်း၊ ထန်းတပင်မြိုနယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းမကြီး

https://www.myanmarlabournews.com/posts/baisheng-ဖိနပ်-စက်ရုံ-ဖူလုံရေးကြေး-ပေးသွင်းခွင့်မပေး-ကိုယ်ဝန်ဆောင်-အလုပ်သမားများ-အခွင့်အရေး-ဆုံးရှုံး

2

Dishang Fashion (Myanmar)

အထည်ချုပ်

ONLY, PImKIe, FIRST DOWN, JaVa, a.v.v, niko and…, Field Gear Club

ရန်ကုန်မြို့၊အရှေ့ဒဂုံမြို့နယ်၊ အရှေ့ဒဂုံစက်မှုဇုန်၊ ဖန်ချက်ဝန် ဦးမြူလမ်း

https://www.myanmarlabournews.com/posts/dishang-fashion-myanmar-အထည်ချုပ်-အချိန်ပိုကြိုပို့-အဆင်မပြေ-ကုန်ကျစာရိတ်-များပြား

3

Lucky Top Myanmar

အထည်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် ၊ မင်းကြီးမဟာ မင်းခေါင်လမ်း

https://www.myanmarlabournews.com/posts/lucky-top-myanmar-အထည်ချုပ်စက်ရုံ-ဖိအားပေး-အချိန်ပို-ဆင်းခိုင်း

4

New Fubon Co.,Ltd

အထည်ချုပ်

Plus

ရန်ကုန်မြို ၊လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်း

https://www.myanmarlabournews.com/posts/new-fubon-အထည်ချုပ်-စက်ရုံ-အချိန်ပို-မဆင်းလို-ရရှိပြီး-ဆုကြေးများအား-ဖြတ်တောက်

5

Shein Lee Co.,Ltd

အထည်ချုပ်

WearGuard, Vestis, Craft,Tuff Athletlcs

ရန်ကုနမြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ကနောင် မင်းသားကြီးလမ်း

https://www.myanmarlabournews.com/posts/shein-lee-အထည်ချုပ်-အချိန်ပိုမဆင်းလို့-ဆဲဆို

6

Glary Jun Xing Garment

အထည်ချုပ်

Sinsay

ရန်ကုန်မြို့၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပန်းပဲခေါင်း မောင်ခတ်လမ်း၊ ရုံအမှတ်၂၇၀

https://www.myanmarlabournews.com/posts/glary-jun-xing-garment-ခွဲခြားဆက်ဆံပြီး-အောလင်း-အောနိုက်-အချိန်ပိုများ-ခိုင်းစေနေ

7

Hige Fashion Accessories Myanmar Co.,ltd

ဦးထုပ်ချုပ်

Xshelte

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်း

https://www.myanmarlabournews.com/posts/hige-fashion-accessories-myanmar-စက်ရုံ-ကိုယ်ဝန်ဆောင်-အလုပ်သမားအား-အလုပ်ထုတ်

 

 

 

 

 

 

8

Uni-Win Leather

ပိုက်ဆံအိပ်

 

လှည်းကူးမြိုနယ် ပိုက်ကြီးဝဲကျေးရွာ

https://www.myanmarlabournews.com/posts/uni-win-leather-စက်ရုံ-အမျိုးသား-အောစူပါမှ-ဆဲဆို-ခိုင်းစေ

9

Victory Fishion Co.,Ltd (Myanmar Huasheng Kefu Fashion Co.,ltd)

အထည်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန် မြခေတ္တာလမ်း

https://www.myanmarlabournews.com/posts/victory-fishion-အထည်ချုပ်-အချိန်ပို-တလ-နာရီ-၁၀၀-ကျော်-လုပ်ကိုင်-ရ

10

Yuan Hong Garment Co.,Ltd

အထည်ချုပ်

American Holic, Defacto, Hush Puppies, Begum, Gemo

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသွင်းတိုက်ဝန် ဦးထွန်းညိုလမ်း

https://www.myanmarlabournews.com/posts/yuan-hong-အထည်ချုပ်-နားရက်မရှိ-အချိန်ပို-လုပ်ကိုင်ခိုင်း

11

Juntai (Fu Yuan) Garment Co.,Ltd

အထည်ချုပ်

AMISU

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင် စက်မှုဇုန်

https://www.myanmarlabournews.com/posts/juntai-fu-yuan-garment-coltd-စက်ရုံတွင်-ဆဲဆို-ဖိအားပေး-အထည်စံချိန်တောင်းနေ

12

Myanmar Ming Fang

အထည်ချုပ်

 

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၁ ၊ ကန်သာယာမှတ်တိုင်အနီး

https://www.myanmarlabournews.com/posts/myanmar-ming-fan-မနက်မိုးအလင်း-အချိန်ပိုခိုင်းပြီး-ပြန်ခွင့်မပေး

13

Asdet Myanmar Garment

အထည်ချုပ်

 

ရန်ကုန််မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မီးသတ်ဝိုင်းအနီး ၊ မီသတ်ကန်လမ်းမှ

https://www.myanmarlabournews.com/posts/asdet-myanmar-garment-အချိန်ပို-အတင်းအကျပ်-ခိုင်းစေခြင်း

14

Delo Myanmar garment

အထည်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်း

https://www.myanmarlabournews.com/posts/delo-myanmar-garment-စက်ရုံ-စူပါများ-လစာအစွန်းထွက်-ဖြတ်ယူနေ

15

Golden Maple Leaf Myanmar

အထည်ချုပ်

Rolywrk,Lvcunv

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆရာစံလမ်း

https://www.myanmarlabournews.com/posts/golden-maple-leaf-myanmar-အထည်ချုပ်-လုပ်သားများ-အလုပ်ချိန်တွင်-စစ်မှုထမ်း-စုဆောင်းခံရ

16

Golden Propitious (Myanmar) Co.,Ltd

အထည်ချုပ်

SMOG

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်

https://www.myanmarlabournews.com/posts/golden-propitious-myanmar-အထည်ချုပ်-အလုပ်သမားများ-ဆန္ဒမပါဘဲ-အချိန်ပို-လုပ်ကိုင်နေရ

17

Hanfex Garment Co.,Ltd

အထည်ချုပ်

Celio

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ၂လမ်း

https://www.myanmarlabournews.com/posts/golden-propitious-myanmar-အထည်ချုပ်-အလုပ်သမားများ-ဆန္ဒမပါဘဲ-အချိန်ပို-လုပ်ကိုင်နေရ

18

Myanmar Yangon Richang Apparel (Nisho)

အထည်ချုပ်

American Holic, Calelf Class

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်းဗန်း စက်မှုဇုန်၊ ဦးရေပေါလမ်း

https://www.myanmarlabournews.com/posts/myanmar-yangon-richang-apparel-nisho-စက်ရုံတွင်-မိုးအလင်း-အချိန်ပို-လုပ်ကိုင်ရ

19

Dong long

အထည်ချုပ်

 

ပုသိမ်မြို့၊၊ ကင်မလင်းကျွန်း၊ ၁၃ ရက်ကွက်၊ ပုသိမ်စက်မှုဇုန်

https://www.myanmarlabournews.com/posts/dong-long-အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင်-ခြိမ်းခြောက်-ဆဲဆိုမှုများနှင့်-ကြုံနေရ

20

Golden & Five Myanmar Co.,Ltd

အထည်ချုပ်

 

ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်

https://www.myanmarlabournews.com/posts/golden-five-myanmar-အထည်ချုပ်စက်ရုံ-အလုပ်သမားများအား-မတရားအလုပ်ထုတ်

21

Tanjin fashion milestone Co.,Ltd

အထည်ချုပ်

Sinsay

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း

https://www.myanmarlabournews.com/posts/tanjin-fashion-milestone-အထည်ချုပ်-လူမှုဖူလုံရေးကတ်အား-အလုပ်သမားကိုယ်တိုင်-လုပ်ကိုင်ခိုင်း

22

Tha Shu (Myanmar) Glory Fashion

အထည်ချုပ်

Large

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ သံလွှင်လမ်း

https://www.myanmarlabournews.com/posts/tha-shu-myanmar-glory-fashion-စက်ရုံတွင်-တပတ်-အချိန်ပို-အော်လင်းအောနိုက်-၄-ရက်-ဆင်းနေရ

23

Dooriga Global Garment

အထည်ချုပ်

Glacier, SPAO, Giordano

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန် လွမ်းဆွတ် ကျေးရွာ

https://www.myanmarlabournews.com/posts/လုပ်သက်ခံစားခွင့်-ရက်ပုံသေသတ်မှတ်လို့-dooriga-global-garment-အလုပ်သမားများနစ်နာရ-လုံခြုံရေးများ-ခန္ဓာကိုယ်စမ်းပြီး-ဖုန်းစစ်

24

G & F Myanmar

အထည်ချုပ်

YAMAMAY, GEMO,UNDIZ

လှည်းကူးမြို့နယ်၊ ကလီထော်ရွာ

https://www.myanmarlabournews.com/posts/g-f-myanmar-ခွင့်ယူလို့-လိုင်းစူပါက-ဆူပူ-ကိုယ်ထိလက်ရောက်-ကျူးလွန်

25

Myanmar LNY CAPS Co,Ltd (1)

ဦးထုပ်ချုပ်

47 CLEAN UP, FITCAP, OTTO, CAPAMERICA

ရန်ကုန်မြို့ ရွှေသံလွှင်စက်မှုဇုန်၊ မလိခလမ်း၊ ရွှေသံလွင်စက်မှုဇုန်၊ BOC ကားမှတ်တိုင်အနီး

https://www.myanmarlabournews.com/posts/myanmar-lny-caps-1-စက်ရုံ-ပုတ်ပြတ်လုပ်သားများအား-အချိန်ပို-၆၁-နာရီ-အဓမ္မခိုင်းစေနေ

26

WHN Garment

အထည်ချုပ်

ET VOUS, PROMOD, CALLOPE,PUNT

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ‌ရွှေလင်ဗန်းစက်မှုဇုန် (2) ၊ ဆရာစံလမ်း

https://www.myanmarlabournews.com/posts/whn-garment-ခွင့်ယူပါက-ဂရိတ်ချ-ရက်မှန်ကြေး-ဖြတ်-သရဲပူးသည်ဟုဆိုကာ-ဝမ်တိန်ထိုးရ

27

XING YUAN ( Myanmar) Co., Ltd

အထည်ချုပ်

 

ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်၊ သိမ်ချောင်းလမ်

https://www.myanmarlabournews.com/posts/xing-yuan-myanmar-အထည်ချုပ်-လိုင်းစူပါ-ဆဲဆို-ခိုင်းစေ

28

Lat War (3) Co.,Ltd

အထည်ချုပ်

KAPALUA, REGATA, MAVI CONIN’s

န်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဆိပ်ကန်းသာလမ်း

https://www.myanmarlabournews.com/posts/lat-war-3-ပိတ်သိမ်းမည့်-သတင်းထွက်ပေါ်-အလိုလျှောက်-အလုပ်ထွက်သွားရေး-ဆောင်ရွက်နေ

29

Myanmar Belle International Co.,Ltd

အထည်ချုပ်

Sinsay

ရန်ကုန်မြို့ ၊ မြသရဖီလမ်း၊ မြစိမ်းရောင်စက်မှုဇုန်

https://www.myanmarlabournews.com/posts/myanmar-belle-international-အထည်ချုပ်-တောင်းဆိုချက်များ-စာချုပ်ပြီး-ဖေါက်ဖျက်

30

Nay Shwe Win Garment

အထည်ချုပ်

 

ဝါးတရာစက်မှုဇုန်

https://www.facebook.com/myanmarlabournews/posts/pfbid0czx1y5T3eGX6M8RGPZUb8FNmHe9uqAN98tUKBZzYuyfGzmswnQvd2YY7BVuewHCxl

31

Sudey

အထည်ချုပ်

 

အမှတ်(၆၄၉)၊ ဦးပိုင်ကွင်းအမှတ်(၁၀/၁+၁၁/၄) ကလိကျေးရွာ၊ ရှမ်းရွာကြီး၊ ပဲခူးမြို့နယ်။

https://www.myanmarlabournews.com/posts/sudey-အောစူပါက-တရုံလုံး-သူ-အမိုက်ရိုင်းဆုံးလို့-ပြောပြီး-ခြိမ်းခြောက်

32

General Textile (Myanmar) Apparel

အထည်ချုပ်

 

မှော်ဘီ

https://www.myanmarlabournews.com/posts/general-textile-myanmar-apparel-အထည်ချုပ်-ပြည်တောင်စုနေ-အလုပ်ဆင်းခိုင်း

33

Jie Sen Garment (Myanmar) Co.,Ltd

အထည်ချုပ်

MACKAGE

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၃)၊ မင်းကြီးမဟာမင်းခေါင်းလမ်း

https://www.myanmarlabournews.com/posts/jie-sen-garment-myanmar-စက်ရုံ-အလုပ်သမား-၄၀-အား-အလုပ်ထုတ်

34

Myanmar Zxi Xin

အထည်ချုပ်

HOP-SCOT

ရန်ကုန်မြို့ ၊ လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပန်းပဲခေါင်း မောင်ခက်လမ်း

https://www.myanmarlabournews.com/posts/myanmar-zxi-xin-အထည်ချုပ်-စက်ရုံ-အချိန်ပို-အလွန်အကျွံခေါ်

35

Titan Tree Myanmar Co.,Ltd (Tha Shu)

အထည်ချုပ်

CHEEKY ၊CDRL, COCCODRILLO

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာ စက်မှုဇုန် ၂ ဆရာစံလမ်း

https://www.myanmarlabournews.com/posts/titan-tree-myanmar-tha-shu-အထည်ချုပ်-လစာတိုးမြှင့်ပေးရေး-တောင်းဆိုမှု-ညှိနှိုင်း-ပြီးဆုံး

36

Jafon

လက်ကိုင်အိပ်ချုပ်

IPSY, GLAM BAG, Gucci

မြေကွက် အမှတ် (၃)၊ ပဲခူးစက်မှုဇုန်၊ နာဂဝန်လမ်း၊

https://www.myanmarlabournews.com/posts/jafon-စက်ရုံနှင့်-တရုတ်ဝန်ထမ်းများ-အောင်သွယ်လုပ်-လက်ထပ်ဖို့-ဖိအားပေး-စည်းရုံး

37

Max Technology

အီလက်ထရောနစ်

နားကြပ်

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်

https://www.myanmarlabournews.com/posts/max-technology-စက်ရုံမှာ-မိလ္လာကန်-ပြည့်လျှံလို့-အလုပ်သမား-၁၀၀၀-ကျော်-ဒုက္ခရောက်နေ

38

New Plus

အထည်ချုပ်

 

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း

https://www.myanmarlabournews.com/posts/ဖယ်ရီ-အင်ချက်-အလုပ်သမားတွေကို-သိက္ခာကျအောင်-ပြောဆို

39

Saifeom International Garment

အထည်ချုပ်

 

ရန်ကုန်မြို့၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း

https://www.myanmarlabournews.com/posts/saifeom-international-garment-စက်ရုံ-wcc-အမည်စာရင်း-မသိရဘဲ-ရွေးချယ်ဖို-ပြင်ဆင်နေ

40

Sanyan Outdoor Co,. Ltd

အထည်ချုပ်

Sinsay, SNSY OUT WERE, SINSAY MENS

ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံ၊ သိမ်ကျောင်းလမ်း

https://www.myanmarlabournews.com/posts/sanyan-outdoor-co-ltd-မှ-လုပ်သားများ-လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ-တောင်းဆိုမှုစတင်ပြုလုပ်နေ

ချိုးဖောက်မှု အများမှာ အနည်းသို့ စီထားပါသည်။

 

၂၀၂၆ ဖေဖော်ဝါရီ ချိုးဖောက်မှုများ

ချိုးဖောက်မှုအမျိုးအစား

သတင်းဖော်ပြထားသည့် အကြိမ်အရေ

သတင်းအရေအတွက်

အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း

26

25

ဖိအားပေး ခြိမ်းခြောက် ခိုင်းစေခြင်း

20

20

လုပ်ခလစာ ဖြတ်တောက်ခြင်း

19

19

ဥပဒေပါ ခွင့်ရက် နှင့် ခွင့် ခံစားခွင့် မရခြင်း

18

18

ဆဲဆို ခိုင်းစေခြင်း

14

14

ကောင်းမွန်သည့် လုပ်ငန်းခွင် မရှိခြင်း

13

13

အထည်စံချိန် အတင်းအကျပ်တောင်းဆိုခြင်း

11

11

လူမှုဖူလုံရေးဥပဒေ ချိုးဖာက်ခံရခြင်း

11

11

WCC ဥပဒေများအား မလိုက်နာခြင်း ဖေါက်ဖျက်ခြင်း

11

11

အလုပ်ထုတ်ခြင်း

9

9

ခွဲခြားဆက်ဆံခြင်း

9

9

ကလေးလုပ်သားများအား ခိုင်းစေခြင်း

9

9

လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားခြင်း

4

4

ဆန္ဒပြတောင်းဆိုခြင်း

4

4

ကြီးကြပ်ရေးမှူးမှ ငွေကြေး ဖြတ်တောက်ခြင်း

3

3

နေ့စားလုပ်သာများ ချိုးဖာက်ခြင်း

3

3

EC စာချုပ် ချိုးဖောက်ခံရခြင်း

3

3

အလုပ်ချိန် ၅ နာရီကျော် တဆက်တည်းလုပ်ကိုင် ခိုင်းခြင်း

3

3

လာရောက်စစ်ဆေးခြင်း

3

3

ကိုယ်ဝန်ဆောင်လုပ်သားများ ချိုးဖောက်ခံရခြင်း

2

2

အနားယူချိန် အပြည့်အဝမရခြင်း

2

2

နိုင်ငံခြားသားများမှ တိုက်ခိုက်စေခြင်း

2

2

စစ်ဆေးမှုအား လိမ်လည်ဖြေကြားခိုင်းခြင်း၊ တိမ်းရှောင်ခိုင်းခြင်း

1

1

ရက်အစား လုပ်ကိုင်ခိုင်းခြင်း

1

1

တခြားအလုပ်များအား ခိုင်စေခြင်း

1

1

အလုပ်သမားသမဂ္ဂနှင့် အဖွဲ့အစည်းများအား ပိတ်ပင်ခြင်း၊ ဖြိုခွဲခြင်း

0

0

လုပ်ငန်းခွင်ထိခိုက်မှုအား လျစ်လျူရှုခြင်း

0

0

စက်ရုံပြောင်းရွှေ့ခြင်း/ ပိတ်သိမ်းခြင်း

0

0

တွေ့ရှိချက် အချက်အလက်တွေက နိုင်ငံတကာစံနှုန်းတွေနဲ့ အညီ ဥပဒေတွေပေါ်ပေါက်ဖို့၊ အခွင့်အရေးတွေ ရရှိဖို့၊ ခေတ်ကာလနဲ့ လျှော်ညီတဲ့ လုပ်ခလစာတွေ ရရှိဖို့၊ လူမှုစံနှုန်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းခွင် ဖြစ်ပေါ်အတွက် အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒါ့အပြင် အလုပ်သမားကဏ္ဍကို လေ့လာနေသူတွေ၊ အလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမား အဖွဲ့ချုပ်တွေ ၊ အလုပ်သမားအရေးလှုပ်ရှားသူတွေနဲ့ ကဏ္ဍအတွင်း အပြောင်းအလဲ ပြုလုပ်ဖို့ရည်ရွယ်ထားသူတွေ အသုံးချနိုင်ဖို့ အတွက်  ရည်ရွယ်ထားပါတယ်။

ဖေဖော်ဝါရီအတွင်းတွေ့ရှိချက်တွေထဲမှာ မြန်မာအလုပ်သမားဥပဒေအရ ချိုးဖောက်မှုအနေနဲ့ အချိန်ပို  အတင်းအကျပ် ခိုင်းစေတာ၊ နားရက်မပေးတာ၊ ခွင့်ခံစားခွင့်မပေးတာ၊ ကလေးအလုပ်သမား ခိုင်းစေတာ၊ ကိုယ်ဝန်ဆောင် အခွင့်အရေးချိုးဖောက်တာ စတာတွေ ပါဝင်တာတွေရပြီး ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ ILO ပြဋ္ဌာန်းချက်နဲ့ နိုင်ငံတကာသတ်မှတ်ထားတဲ့ စံနှုန်းချိုးဖောက်မှုတွေကတော့ အဓမ္မခိုင်းစေမှု ၊လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်၊ လုပ်ငန်းခွင် နှိပ်စက်ညှဉ်းပန်းမှုတွေကို စတာတွေကို တွေ့ရပါတယ်။

လူမှုစံနှုန်းနှင့် လူ့အခွင့်အရေး ရှုထောင့်ကကြည့်ရင်လည်း လူ့ဂုဏ်သိက္ခာ၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးတွေလို ကိစ္စရပ်တွေမှာ ချိုးဖောက်ထားပါတယ်။ ဒါ့အပြင် အလုပ်ရှင်နဲ့ အလုပ်သမားတွေ အတွက် အခြေခံအကျဆုံး လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေး ယန္တရား ဖြစ်တဲ့ WCC ရဲ့ အခန်းကဏ္ဍ ပျက်ယွင်းနေပြီး အာဏာပိုင်များ (အလုပ်သမားရုံး) က  ထိရောက်စွာ အရေးယူမှု အားနည်းတာတွေကိုလည်း တွေ့ရှိထားပါတယ်။ 

ဒီတလအတွင်း ထူးခြားချက်က Dishang Fashion (Myanmar)နဲ့ Hige Fashion Accessories Myanmar Co.,ltd  အထည်ချုပ် CoC ဝန်ထမ်းတွေရဲ့ ကျင့်ဝတ်ပိုင်း ဖေါက်ဖျက်မှုတွေနဲ့ Harassment (နှောင့်ယှက်စော်ကားခြင်း) တွေပါ ကျူးလွန်တာကို တွေ့ရှိလာရပါတယ်။

Code of Conduct (CoC) အရ အလုပ်သမားတွေကို စောင့်ကြည့်တယ်ဆိုတာ အမှားရှာဖို့ မဟုတ်ဘဲ ဘေးကင်းလုံခြုံမှုနဲ့ အခွင့်အရေး ရနေရဲ့လား ဆိုတာကို စစ်ဆေးတာ ဖြစ်ပါတယ်။

CoC ဝန်ထမ်း  ဆိုတာ အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ တရားမျှတမှုကို ထိန်းကျောင်းပေးရမယ့်သူဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းက ဖြစ်ရပ်တွေဟာ စက်ရုံရဲ့ ဂုဏ်သိက္ခာကိုတင်မကဘဲ ချုပ်လုပ်နေတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် Brand ရဲ့ ယုံကြည်မှုကိုပါ ဖျက်ဆီးနေတာပါ။

Dishang Fashion (Myanmar) မှာ CoC ဝန်ထမ်းသုံးဦး ရှိပြီး လုပ်ငန်းခွင် ချိုးဖောက်မှုတွေကို တိုင်ကြားလေ့ရှိတဲ့ အကြံပြုစာပုံးဆီ စာလာထဲ့ အလုပ်သမားတွေကို CCTV ကနေ တစ်ဆင့် စောင့်ကြည့်ခဲ့တာပါ။ အဲ့လို စောင့်ကြည့်မှုတွေက ကူညီဖေးဖို့မဟုတ်ဘဲ အလုပ်သမားတွေခေါ်ယူပြီး စက်ရုံဘက်စေခိုင်းသလို လုပ်ကိုင်ဖို့ ဖိအားပေးတာ၊ လုပ်ငန်းခွင်ထဲ လာရောက်ပြီး စာထည့်တဲ့ အလုပ်သမားကို အပြစ်ရှာတာ၊  လိုင်းခေါင်းဆောင်တွေ အဲ့ဒီအလုပ်သမားတွေကို ပြောဆိုဖို့ ဖိအားပေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

Hige Fashion Accessories Myanmar Co.,ltd  ရဲ့ CoC ဝန်ထမ်းကတော့ ကိုယ်ဝန်ဆောင် အလုပ်သမားအပေါ် လူမှုစံနှုန်း ခွဲခြားပြီး Harassment (နှောင့်ယှက်စော်ကားခြင်း) ကျူးလွန်တဲ့ အပြင် အလုပ်ထုတ်တဲ့ လုပ်ငန်းစဉ်မှာပါ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

ဒါက ရည်ရွက်ရှိတဲ့ လုပ်ဆောင်မှုတွေဖြစ်ပြီး “Administrative Harassment” (စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ နှောင့်ယှက် မှု) ဖြစ်ပါတယ်။ အလုပ်သမားတစ်ယောက်ကို အလုပ်ကနေ ထုတ်ချင်ရင် ဥပဒေနဲ့အညီ နစ်နာကြေးပေးပြီး ထုတ်ရမယ့်အစား၊ နစ်နာကြေး မပေးချင်တဲ့အတွက် အလုပ်သမားဘာသာ စိတ်ကုန်ပြီး ထွက်သွားအောင် နည်းမျိုးစုံနဲ့ နှိပ်စက်တာ ဖြစ်ပါတယ်။

စက်ရုံအလုပ်သမားတွေ လုပ်ငန်းခွင် အခွင့်အရေး ချိုးဖောက်ခံရတိုင်း လိုင်းခေါင်းဆောင်၊ အောစူပါ၊ မန်နေဂျာ၊ HR နဲ့ COC ဝန်ထမ်းတွေကို အစဉ်အလိုက် အားကိုးမှု ရှိတာကိုလည်း Myanmar Labour Society က တွေ့ရှိထား ပါတယ်။

 

အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း

အချိန်ပို အတင်းအကျပ် ခိုင်းစေမှုက မြန်မာအလုပ်သမားဥပဒေအရ ချိုးဖောက်မှု ဖြစ်သလို ILo ပြဌာန်းချက် အရ အဓမ္မခိုင်းစေမှု ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်း ဖော်ပြထားတဲ့ သတင်းတွေထဲမှာ တနင်္ဂနွေနေ့လို အလုပ် ပိတ်ရက်တွေ အပါအဝင် နားရက်မရှိ ခိုင်းစေတာ၊ ကျန်းမာရေး ထိခိုက်စေနိုင်တဲ့အချိန်ပို “အောလင်း (မိုးအလင်း) ၊ အောနိုက် (ညနက်)” ခိုင်းစေတာ ၊ နားချိန်မပေးဘဲ ညနက်၊ မိုးအလင်း အချိန်ပိုဆင်းရပြီး နောက်တနေ့ အနား မပေးဘဲ ဆက်တိုက်ခိုင်းတာ၊  အချိန်ပိုမဆင်းပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တာ၊ အချိန်ပို မဆင်းလို့ ရက်မှန်ကြေး၊ ဂရိတ်ကြေး၊ ဆုကြေး ဖြတ်တောက်တာ၊  ဆဲဆိုဖိနှိပ်တာ၊ ကြိုပို့ယာဉ် စီစဉ်မပေးတာနဲ့ ကလေးအလုပ်သမားကို ခိုင်းစေတာတွေကို တွေ့ရပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားဥပဒေအရ “အချိန်ပို OT ဆိုသည်မှာ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက် သဘောတူညီချက်ရှိမှသာ ခိုင်းစေရမည်” လို့ ပြဌာန်းထားပါတယ်။

ဖေဖော်ဝါရီလမှာ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်းတဲ့ စက်ရုံ  ၂၅ ရုံပါဝင်ပြီး ဦးထုပ်ချုပ်စက်ရုံ ၂ ရုံ၊ ဖိနပ်ချုပ် စက်ရုံ ၂ ရုံနဲ့ အထည်ချုပ်စက်ရုံ ၂၁ ရုံ ပါဝင်ပါတယ်။ ဖေဖော်ဝါရီလအတွင်း ချိုးဖောက်မှုရှိ စက်ရုံပေါင်း  ၄၀ ရှိခဲ့လို့ အချိန်ပို အတင်းအကျပ် ခိုင်းစေတဲ့ စက်ရုံက ၂၅ ရုံအထိ ပါဝင်နေတာဖြစ်ပါတယ်။

အချိန်ပိုအတင်းအကျပ်ခိုင်းစေတဲ့ စက်ရုံတွေကတော့ Asdet Myanmar Garment ၊ Baisheng Myanmar Industry Co.,Ltd၊ Dishang Fashion (Myanmar)၊ Dong long၊ Dooriga Global Garment ၊ General Textile (Myanmar) ApparelGlary Jun Xing Garment ၊ Golden Maple Leaf Myanmar၊ Golden Propitious (Myanmar) Co.,Ltd၊ Hanfex Garment Co.,Ltd ၊ Hige Fashion Accessories Myanmar Co.,ltd ၊ Juntai (Fu Yuan) Garment Co.,Ltd Lucky Top Myanmar ၊ Myanmar LNY CAPS Co,Ltd (1) ၊ Myanmar Ming Fang၊ Myanmar Yangon Richang Apparel (Nisho)၊ Myanmar Zxi Xin ၊ Nay Shwe Win Garment ၊ New Fubon Co.,Ltd၊ Shein Lee Co.,Ltd၊ Tha Shu (Myanmar) Glory Fashion၊ Uni-Win Leather ၊ Victory Fishion Co.,Ltd (Myanmar Huasheng Kefu Fashion Co.,ltd)၊ WHN Garment နဲ့ Yuan Hong Garment Co.,Ltd တို့ ဖြစ်ပါတယ်။

 

ဖိအားပေး ခြိမ်းခြောက်ခြင်း

ဖိအားပေး ခြိမ်းခြောက်ခိုင်းစေတာက အလုပ်သမားတွေအတွက် အကြောက်ဆုံး လက်နက်ကို အသုံးပြုတာ ဖြစ်ပါတယ်။  -

အချိန်ပို OT မဆင်းပါက အလုပ်ထုတ်မယ်ဆိုပြီး ပြောတာ၊ သတိပေးလက်မှတ် (Warning) အတင်းထိုးခိုင်းတာ၊ စံချိန်မရလို့ဆိုကာ လက်မှတ်ထိုးခိုင်းပြီး (၃) ကြိမ်ပြည့်ရင် အလုပ်ထုတ်မယ်လို့ ဖိအားပေးတာ၊ HR မှ “စကားနားမထောင်ရင် အလုပ်ထုတ်မယ်” လို့ ပြောဆိုတာ၊  ခွင့်ယူရင် သို့မဟုတ် OT မဆင်းရင် ရက်မှန်ကြေး ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်တာ၊ အလုပ်ရှင် စိတ်တိုင်းမကျရင် ကျွမ်းကျင်ကြေး ဖြတ်တောက်မယ်လို့ ဖိအားပေးတာ၊ အလုပ်သမားက မခံမရပ်နိုင်လို့ ထွက်မယ်ဆိုရင် ရထိုက်တဲ့ လစာကို အပြည့်မပေးဘဲ လျှော့ပေးမယ်လို့ ခြိမ်းခြောက်တာ၊ ရိုင်းစိုင်းစွာ ဆဲဆိုခိုင်းစေတာ၊ “ကတ်ကြေးနဲ့ ထိုးမယ်” ဆိုပြီး ခြိမ်းခြောက်တာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာ၊ အလုပ်သမားတွေကို သိက္ခာကျအောင် လူကြားထဲ ပြောဆိုတာ၊ နေမကောင်းဖြစ်လို့ ပြန်ခွင့်မပေးဘဲ အလုပ်ထဲမှာ ဆက်နေခိုင်းတာ ၊ “ခွင့်ယူရင် အလုပ်ပြုတ်မယ်” လို့ ခြိမ်းခြောက်တာ၊ အကျဉ်းသားတစ်ယောက်လို စောင့်ကြည့်ခံရတာ၊ သန့်စင်ခန်းသွားတဲ့ အလုပ်သမားကို နောက်က လိုက်ခေါ်တာတွေ ကိုတွေ့ထား ပါတယ်။

ဒီလို ချိုးဖောက်မှုတွေကို စက်ရုံ ၂၀ က သီးခြားစီ ကျူးလွန်ခဲ့ပြီး အဲ့ဒီထဲမှာ ပိုက်ဆံအိတ်၊ ဦးထုပ်၊ ဖိနပ်နဲ့ အထည်ချုပ် စက်ရုံတွေ ပါဝင်နေတာပါ။ တစ်လအတွင်း ချိုးဖောက်မှုစက်ရုံပေါင်း ၄၀ ထဲမှာ  ဒီအမျိုးအစားမှာ၂၀ အထိပါဝင်နေတာကိုလည်း တွေ့ရမှာပါ။

အဲဒီ စက်ရုံတွေကတော့ Asdet Myanmar Garment ၊ Baisheng Myanmar Industry Co.,Ltd၊ Dong long၊ G & F Myanmar ၊ General Textile (Myanmar) Apparel၊ Glary Jun Xing Garment ၊ Golden & Five Myanmar Co.,Ltd၊ Golden Maple Leaf Myanmar၊ Hanfex Garment Co.,Ltd ၊ Juntai (Fu Yuan) Garment Co.,Ltd Lucky Top Myanmar ၊ Myanmar Belle International Co.,Ltd၊ Myanmar LNY CAPS Co,Ltd (1) ၊ New Fubon Co.,Ltd၊ Sudey ၊ Uni-Win Leather ၊ Victory Fishion Co.,Ltd (Myanmar Huasheng Kefu Fashion Co.,ltd)၊ WHN Garment၊ XING YUAN ( Myanmar) Co., Ltd၊ Yuan Hong Garment Co.,Ltd ဖြစ်ကြပါတယ်။

ဖိအားပေး ခိုင်းစေမှု အမျိုးအစားဖြစ်တဲ့ အထည်စံချိန် အတင်းအကျပ်တောင်းဆိုမှုတွေက အလုပ်သမားတွေ အပေါ်  စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ “ဖိအားပေးခိုင်းစေမှု” (Forced Labor/Coercion) ဖြစ်သလို ဥပဒေနှင့် ကျင့်ဝတ်ဆိုင်ရာ ချိုးဖောက်မှု ဖြစ်ပါတယ်။ ဒီချိုးဖောက်မှုတွေထဲ ဆဲဆိုတာ၊ အရှက်ခွဲ သိက္ခာချ ပြောဆိုတာ၊ သတိပေး လက်မှတ်ကို အတင်းအကျပ် ထိုးခိုင်းတာ စတာတွေအပြင် နောက်ဆက်တွဲ အခြေခံရပိုင်ခွင့်တွေ ပိတ်ပင်ခံရ ငွေကြေးဆိုင်ရာ နစ်နာမှုတွေပါ အလုပ်သမားတွေခံစားခဲ့ရတာပါ။

ဖေဖော်ဝါရီလအတွင်း အထည်စံချိန် အတင်းအကျပ် တောင်းဆိုတဲ့ စက်ရုံ ၁၁ ရုံပါဝင်ပြီး အဲဒီ စက်ရုံတွေကတော့ Baisheng Myanmar Industry Co.,Ltd၊ Dooriga Global Garment ၊ Juntai (Fu Yuan) Garment Co.,Ltd ၊ Lucky Top Myanmar ၊ Myanmar Ming Fang၊ New Fubon Co.,Ltd၊ Shein Lee Co.,Ltd၊ Tanjin fashion milestone Co.,Ltd ၊ Victory Fishion Co.,Ltd (Myanmar Huasheng Kefu Fashion Co.,ltd)၊ XING YUAN ( Myanmar) Co., Ltd၊ Yuan Hong Garment Co.,Ltd တို့ ဖြစ်ပါတယ်။

 

လုပ်ခလစာ ဖြတ်တောက်မှုများ

ဖေဖော်ဝါရီလအတွင်း ဆေးခွင့်၊ ရှောင်တခင်ခွင့် တွေမပေးဘဲ ရက်ပျက်ဆိုပြီး ဒေးကြေး၊ ရက်မှန်ကြေး ဖြတ်တောက်တာ၊ အချိန်ပို မဆင်းလို့ ဆုကြေးမပေးတာ၊ ကျွမ်းကျင်ကြေး (Grade ကြေး) လျှော့တာ၊ အလုပ် နောက်ကျတာ၊  အလုပ်ချိန်အတွင်း ဖုန်းပြောတာ၊ ခေါင်းဆောင်ကို ပြန်ပြောလို့ လုပ်ခလစာဖြတ်တာ၊ ဆေးဝယ်ဖို့ လစာဖြတ်တာ၊ လစာထဲမှ အစွန်းထွက်ငွေ ဖြတ်တာ၊ အခွန်ငွေ အထောက်အထားမပေးဘဲ ဖြတ်တာ၊  အလှူငွေအတင်းအကျပ် ကောက်ခံတာ၊ အလုပ်ထွက်လို့ လုပ်ခလစာကို လျှော့ပေးတာ၊ ဆုကြေးတွေကို ခေါင်းပုံဖြတ်တာ၊ ဂိတ်ပတ် (Gate Pass) ယူလို့ ငွေဖြတ်တာနဲ့ ထမင်းဖိုး၊ ကားခတွေ  လျှော့ပေးတာတွေ တွေ့ထားပါတယ်။ 

ဒီ လုပ်ခလစာ ဖြတ်တောက်တဲ့ အမျိုးအစားတွေကို စက်ရုံပေါင်း ၁၉ ရုံက တမျိုး ဒါမှမဟုတ် ဒီထက်ပိုပြီး ကျူးလွန်နေတာပါ။

မြန်မာနိုင်ငံရဲ့ ၂၀၁၆ ခုနှစ် လုပ်ခလစာပေးချေရေးဥပဒေ အရ အလုပ်ရှင်သည် အလုပ်ပျက် ကာလ ၊  အလုပ်ရှင်နဲ့ သဘောတူထားတဲ့ ဝန်ဆောင်မှု အတွက်၊  ကြိုတင်ထုတ်ယူငွေ ၊ ဝင်ငွေခွန်၊ လူမှုဖူလုံရေးကြေး၊ ဒဏ်ကြေး စတာတွေကို ဖြတ်တောက်နိုင်ပေမဲ့ စုစုပေါင်း ဖြတ်တောက်မှုအားလုံးက အလုပ်သမား ရရှိရမဲ့ လစာရဲ့  (၅၀) ရာခိုင်နှုန်းထက် မကျော်လွန်ရလို့ ဖော်ပြထားပါတယ်။

လုပ်ခလစာဖြတ်တောက်မှု အကြောင်းအရာတွေထဲမှာ လိုင်းခေါင်းဆောင်တွေရဲ့ တရားမဝင် ဖြတ်တောက်မှုတွေ ပါဝင်တာကိုလည်း တွေ့ရပါတယ်။

လုပ်လစာ ဖြတ်တောက်တဲ့ စက်ရုံတွေကတော့ ဦးထုပ်၊ ပိုက်ဆံအိတ်၊ ဖိနပ်နဲ့ အထည်ချုပ် စက်ရုံတွေပဲ ဖြစ်ပါတယ်။ အဲဒီစက်ရုံတွေကတော့ Baisheng Myanmar Industry Co.,Ltd၊ Delo Myanmar garment ၊ Dishang Fashion (Myanmar)၊ Glary Jun Xing Garment ၊ Golden Maple Leaf Myanmar၊ Golden Propitious (Myanmar) Co.,Ltd၊ Hanfex Garment Co.,Ltd ၊ Juntai (Fu Yuan) Garment Co.,Ltd Lat War (3) Co.,Ltd ၊ Lucky Top Myanmar ၊ Myanmar Belle International Co.,Ltd၊ Myanmar LNY CAPS Co,Ltd (1) ၊ Myanmar Ming Fang၊ Myanmar Yangon Richang Apparel (Nisho)၊ New Fubon Co.,Ltd၊ Tha Shu (Myanmar) Glory Fashion၊ Uni-Win Leather ၊ Victory Fishion Co.,Ltd (Myanmar Huasheng Kefu Fashion Co.,ltd)၊ WHN Garment တို့ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ လုပ်ခလစာကို လိုင်းခေါင်းဆောင်တွေက ဖြတ်တောက်နေတယ်ဆိုတဲ့ စက်ရုံတွေကတော့ Delo Myanmar garment၊ Hanfex Garment Co.,Ltd နဲ့ Myanmar Ming Fang အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။

 

ဥပဒေပါ ခွင့်ရက် နှင့် ခွင့် ခံစားခွင့် မရခြင်း

အလုပ်သမားတွေ အနေနဲ့ ဥပဒေပါ ရှောင်တခင်ခွင့်တွေ ဆေးခွင့်များကို ခံစားခွင့်မရရှိဘဲ ပိတ်ပင်ခံထားရတာကို တွေ့ရပါတယ်။

ခွင့်မပေးဘဲ ရက်ပျက် သတ်မှတ်ကာ ဒေးကြေး၊ ရက်မှန်ကြေးနှင့် ကျွမ်းကျင်ကြေး (Grade ကြေး) တွေ ဖြတ်တောက်တာ၊  ကိုယ်ဝန်ဆောင် အလုပ်သမားများအား ဆေးခွင့် သို့မဟုတ် ရှောင်တခင်ခွင့်များ ခံစားခွင့် မပေးတာနဲ့ လူမှုဖူလုံရေး ခံစားခွင့်များ မရတာ၊  ကျန်းမာရေးအတွက် ဂိတ်ပတ်မပေးတာနဲ့  ငွေကြေးဖြတ် တောက်တာ၊  ရက်သတ္တပတ် အလုပ်ပိတ်ရက်များနှင့် အများပြည်သူ ရုံးပိတ်ရက်တွေမှာ အချိန်ပို (OT) အတင်းအကျပ် ဆင်းခိုင်းတာ၊   ခွင့်ယူလို့ (Grade) ချမယ် ၊ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တာနဲ့ အလုပ် ထုတ်တာ၊ ဆေးခွင့်ရက်ကို လျှော့ချ အလုပ်ဆင်းခိုင်းတာ၊ လူမှုဖူလုံရေးခွင့်ကို အလုပ်သမားကိုယ်တိုင် တင်ပြရမယ်လို့  ဖိအားပေးတာတွေ ပါဝင်ပါတယ်။

ခွင့်နဲ့ ပတ်သက်တဲ့ ချိုးဖောက်မှုတွေထဲ ဆေးခွင့်မပေးဘဲ ချိုးဖောက်မှုတွေပါဝင်ပြီး စုစုပေါင်း စက်ရုံ ၁၈ ရုံမှာ ဖြစ်ပွားနေတာပါ။ အဲ့စက်ရုံတွေက  Asdet Myanmar Garment ၊ Delo Myanmar garment၊ Dooriga Global Garment ၊ G & F Myanmar ၊ Glary Jun Xing Garment ၊ Golden & Five Myanmar Co.,Ltd၊ Golden Propitious (Myanmar) Co.,Ltd၊ Hige Fashion Accessories Myanmar Co.,ltd ၊ Lat War (3) Co.,Ltd ၊ Lucky Top Myanmar ၊ Myanmar Yangon Richang Apparel (Nisho)၊ New Fubon Co.,Ltd၊ Shein Lee Co.,Ltd၊ Tanjin fashion milestone Co.,Ltd ၊ Tha Shu (Myanmar) Glory Fashion၊ Uni-Win Leather ၊ Victory Fishion Co.,Ltd (Myanmar Huasheng Kefu Fashion Co.,ltd)၊ WHN Garment ဖြစ်ပါတယ်။

ဒီစက်ရုံတွေကအထည်ချုပ် ၊ ပိုက်ဆံအိတ်ချုပ်စက်ရုံနဲ့၊ ဦးထုပ်ချုပ် စက်ရုံတွေလည်း ဖြစ်ကြပါတယ်။

လူမှုဖုံလုံရေးဆေးခွင့်နဲ့ ပတ်သက်ပြီး ချိုးဖောက်တဲ့ စက်ရုံတွေကတော့ Baisheng Myanmar Industry Co.,Ltd၊ Delo Myanmar garment၊ G & F Myanmar ၊ Glary Jun Xing Garment ၊ Golden & Five Myanmar Co.,Ltd၊ Hige Fashion Accessories Myanmar Co.,ltd ၊ Myanmar Yangon Richang Apparel (Nisho)၊ New Fubon Co.,Ltd၊ Tanjin fashion milestone Co.,Ltd ၊ Tha Shu (Myanmar) Glory Fashion၊ Victory Fishion Co.,Ltd (Myanmar Huasheng Kefu Fashion Co.,ltd) တို့ဖြစ်ပါတယ်။

 

ဆဲဆိုခိုင်းစေခြင်း

ဆဲဆို ခိုင်းစေမှုက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) စာချုပ်ပါ ကျင့်ဝတ်စည်းကမ်း  နဲ့  လုပ်ငန်းခွင် ကျင့်ဝတ် (Code of Conduct - COC ကျင့်ဝတ်တွေ ဖောက်ဖျက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမားတွေ အပေါ် စိတ်ပိုင်း နဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေပြီး အရှက်ရစေလို့ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်။

မြန်မာဓလေ့အရ ခေါင်းဆောင်ရဲ့  ဆဲဆို ခိုင်းစေမှုကို ခွင့်လွှတ်ထာပေးမယ့်  အာဏာအလွဲသုံးစားမှုလို့ Myanmar Labour Society က သုံးသပ်ပါတယ်။

ဖေဖော်ဝါရီလအတွင်း စက်ရုံပေါင်း ၁၄ ရုံမှာ ဆဲဆိုခိုင်းစေမှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ဒီထဲမှာ အထည်ချုပ်၊ ပိုက်ဆံအိတ်ချုပ်၊ ဦးထုပ် စက်ရုံ စတာတွေ ပါဝင်ပါတယ်။ အဲဒီ စက်ရုံတွေကတော့ Dong long၊ Dooriga Global Garment ၊ G & F Myanmar ၊ Glary Jun Xing Garment ၊ Hige Fashion Accessories Myanmar Co.,ltd Juntai (Fu Yuan) Garment Co.,Ltd ၊ Myanmar Ming Fang၊ New Fubon Co.,Ltd၊ Shein Lee Co.,Ltd ၊ Sudey ၊ Tanjin fashion milestone Co.,Ltd ၊ Uni-Win Leather ၊ Victory Fishion Co.,Ltd (Myanmar Huasheng Kefu Fashion Co.,ltd)၊ XING YUAN ( Myanmar) Co., Ltd တို့ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွင်း ဆဲဆိုမှုနဲ့ ဆက်စပ်တဲ့ ခွဲခြားဆက်ဆံမှုတွေတော့က အချိန်ပို (OT) မဆင်းသူများအပေါ် ခွဲခြားတာ၊  ကိုယ်ဝန်ဆောင် အလုပ်သမားများအပေါ် ခွဲခြားတာ၊  လုပ်ခလစာနှင့် ရပိုင်ခွင့်များ ခွဲခြားတာ၊  အဆင့်အတန်း ခွဲခြားတာတွေကို တွေ့ရပါတယ်။ အဲဒီ စက်ရုံတွေကတော့ Baisheng Myanmar Industry Co.,Ltd၊ Delo Myanmar garment၊ Dishang Fashion (Myanmar)၊ Dong long၊ Jie Sen Garment (Myanmar) Co.,Ltd၊ Myanmar LNY CAPS Co,Ltd (1) ၊ Sudey ၊ Uni-Win Leather ၊ Yuan Hong Garment Co.,Ltd တို့ ဖြစ်ပါတယ်။

 

ကောင်းမွန်သည့် လုပ်ငန်းခွင် မရှိခြင်း

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ (၂၀၁၉) ကို ချိုးဖောက်တာဖြစ်ပြီး အလုပ်သမားနှင့် အလုပ်ရှင် သဘောတူစာချုပ် (EC) ပါ စည်းကမ်းတွေကို ချိုးဖောက်တာလဲ ဖြစ်ပါတယ်။

သန့်ရှင်းတဲ့ သောက်ရေ၊ သုံးရေနှင့် လုံလောက်သော အိမ်သာများ စီစဉ်ပေးရမည်ဖြစ်သော်လည်း ဖေဖော်ဝါရီလတွင်း  ရေမသန့်တာ၊ အိမ်သာများ မလုံခြုံတာ၊ လုပ်ငန်းခွင်  လေဝင်လေထွက် မကောင်းတာ၊ ဆေးခန်းမရှိတာ၊ သူနာပြုက ဆက်ဆံရေးမကောင်းတာ၊ ဆေးဝါးမလုံလောက်တာနဲ မရှိတာ တွေကို တွေ့ရပါတယ်။

လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေအတွက် လိုအပ်ချက်တွေ ဖြစ်နေတဲ့ စက်ရုံတွေကတော့ Baisheng Myanmar Industry Co.,Ltd၊ Dishang Fashion (Myanmar)၊ Glary Jun Xing Garment ၊ Golden Maple Leaf Myanmar၊ Golden Propitious (Myanmar) Co.,Ltd၊ Hanfex Garment Co.,Ltd ၊ Juntai (Fu Yuan) Garment Co.,Ltd ၊ Lucky Top Myanmar ၊ Max Technology၊ Myanmar Yangon Richang Apparel (Nisho)၊ New Fubon Co.,Ltd၊ Shein Lee Co.,Ltd၊ Tha Shu (Myanmar) Glory Fashion တို့ ဖြစ်ပါတယ်။

 

WCC ဥပဒေများအား မလိုက်နာခြင်း ဖေါက်ဖျက်ခြင်း

Workplace Coordination Committee - WCC ရဲ့ အဓိက တာဝန်ထဲမှာ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ခြင်း -ဖြစ်ပြီး အဖွဲ့ကို ဖွဲ့စည်းဖို့ကို  ဥပဒေနဲ့ အညီဖြစ်ဖို့လိုအပ်ပါတယ်။

ဖေဖော်ဝါရီအတွင်း WCC အဖွဲ့နဲ့ ပတ်သက်ပြီး ဘက်လိုက်တာ၊  အလုပ်ရှင်ဘက်မှ ရပ်တည်တာ၊  WCC ကို အလုပ်ရှင်ဘက်က  တစ်ဖက်သတ် ဖွဲ့စည်းထားတာ ၊ အလုပ်သမား နစ်နာမှုတွေကို  ကူညီပေးဖို့  ငြင်းဆန်တာ၊  အလုပ်သမား  အကူအညီတောင်းခံမှုကို အလေးမထားတာ၊   ဆောင်ရွက်မပေးတာ တွေဖြစ်ပါတယ်။

WCC ရဲ့ မူလရည်ရွယ်ချက်မှာ အလုပ်ရှင်၊ အလုပ်သမားအကြား ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့နဲ့  လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရလေ့ရှိတဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းပေးဖို့ ဖြစ်ပေမဲ့ တွေ့ရှိချက်တွေအရာ WCC အဖွဲ့တွေက  အလုပ်သမားတွေကို ဖိနှိပ်ရဖို့ အလုပ်ရှင်ရဲ့ လက်ကိုင်တုတ်သဖွယ် ဖြစ်နေတာကို တွေ့ရပါတယ်။ 

ဒီလို ဖြစ်စဉ်တွေကို Asdet Myanmar Garment ၊ Baisheng Myanmar Industry Co.,Ltd၊ Dishang Fashion (Myanmar)၊ Dong long၊ Golden Propitious (Myanmar) Co.,Ltd၊ Hige Fashion Accessories Myanmar Co.,ltd ၊ Lucky Top Myanmar ၊ Myanmar Ming Fang၊ Saifeom International Garment၊ Shein Lee Co.,Ltd၊ Yuan Hong Garment Co.,Ltd စတဲ့ စက်ရုံတွေမှာ ဖြစ်ပွားနေပါတယ်။

ဒီနောက်မှာတော့  တရားမဝင် အလုပ်ထုတ်တဲ့ စက်ရုံက ၉ ရုံ ၊ ကလေးလုပ်သားများအား ခိုင်းစေတဲ့ စက်ရုံက ၉ ရုံ၊  လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှု ရှိတဲ့ စက်ရုံနဲ့ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားတဲ့ စက်ရုံက ၄ ရုံစီ၊ ကြီးကြပ်ရေး မှူးမှ ငွေကြေး ဖြတ်တောက်မှုရှိတဲ့ စက်ရုံ၊ နေ့စားလုပ်သားအပေါ် ချိုးဖောက်တဲ့ စက်ရုံ ၊ EC စာချုပ် ချိုးဖောက်တဲ့ စက်ရုံ၊ အလုပ်ချိန် ၅ နာရီကျော် တဆက်တည်းလုပ်ကိုင် ခိုင်းစေတဲ့ စက်ရုံနဲ့  လာရောက်စစ်ဆေးမှုရှိပေမဲ့ အရေးယူဆောင်ရွက်မှု မရှိတဲ့ စက်ရုံ  စတာတွေက ၃ရုံ စီ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်လုပ်သားတွေအပေါ် ချိုးဖောက်တဲ့စက်ရုံ၊ အနားယူချိန် အပြည့်အဝမပေးတဲ့ စက်ရုံနဲ့ နိုင်ငံခြားသားမှ တိုက်ရိုက်ခိုင်းစေတဲ့ စက်ရုံ စတဲ့ စက်ရုံက ၂ ရုံစီ တိုဖြစ်ပါတယ်။ 

စစ်ဆေးမှုအား လိမ်လည်ဖြေကြားခိုင်းတာနဲ့ တိမ်းရှောင်ခိုင်းတဲ့ စက်ရုံ ၊ ရက်အစား လုပ်ကိုင်ခိုင်းတဲ့ စက်ရုံနဲ့တခြားအလုပ်များအား ခိုင်စေတဲ့ စက်ရုံတွေလည်း ၁ ရုံစီ ရှိခဲ့တာကို တွေ့ရှိထားပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံရှိ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ  လျော့ကျသွားခြင်းမရှိဘဲ ပိုမိုဆိုးရွားလာတယ်လို့ ခြုံငုံသုံးသပ်ရမျာ ဖြစ်ပါတယ်။  အထူးသဖြင့် ဥပဒေပါ ခွင့်ရက်ခံစားခွင့်များကို ပိတ်ပင်ခြင်း၊ အထည်စံချိန်များအား ဆဲဆိုတောင်းဆိုခြင်းနှင့် အချိန်ပို (OT) အတင်းအကျပ် ခိုင်းစေခြင်းတို့သည် အဓိကပြဿနာများ ဖြစ်နေဆဲပါပဲ။ ထို့အပြင် လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့က အလုပ်သမားဘက် ရပ်တည်မှုမရှိတာကလည်း လုပ်ငန်းခွင်အတွင်း အကာအကွယ်မဲ့မှုတွေကို  ပိုမိုဖြစ်ပေါ်စေပါတယ်။

 

ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အမှတ်တံဆိပ် (Brands) တွေအနေနဲ့  အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ တရားမျှတမှုကို ထိန်းကျောင်းတဲ့ အနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေကို အရေးတကြီး ပြန်လည်စစ်ဆေးပြီး ထိရောက်စွာ အရေးယူဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

 

Myanmar Labour News Background

MLN သည် မြန်မာနိုင်ငံရှိ အလုပ်သမားရေးရာ ကဏ္ဍကို အထူး အာရုံစိုက်ထားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လုပ်ငန်းခွင်ဆိုင်ရာ တရားမျှတမှု နှင့် အလုပ်သမားအခွင့်အရေး ခံစားခွင့်ကို အလုပ်သမားအားလုံး တန်းတူညီမျှ ခံစားခွင့်ရရှိရေး၊ သတင်းအချက်အလက်များ လွယ်ကူရှင်းလင်းစွာ သိနားလည်ရေး ၊ အခြေခံလူတန်းစာတို့ ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေမှာ အထောက်အကူပြုရေးအတွက်  မြန်မာလူငယ်များ ဦးဆောင်ပြီး လွတ်လပ်စွာ ရပ်တည်နေသော မြန်မာနိုင်၏ ပထမဆုံးသော ဒစ်ဂျစ်တယ် မီဒီယာပလပ်ဖောင်းဖြစ်ပါတယ်။

Myanmar Labour Society

MLS သည် သတင်းအချက်အလက်များကို ကောက်ယူပြီး သုတေသနပြုခြင်း၊ လစဉ် ၊ နှစ်စဉ် အစီရင်ခံစာများ ထုတ်လုပ်ခြင်း၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ အသိပညာများဖြန့်ဖြူးရေးဆိုင်ရာ သင်တန်းများပြုလုပ်ခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖော်ထုတ်ရေးသားရန်အတွက် အလွတ်တန်းသတင်းထောက်များ လေ့ကျင့်ပေးရေး နဲ့ အလုပ်သမားများ၏ ပညာရေး ၊ ကျန်းမာရေး၊ အလုပ်သမားဥပဒေ များသိနားလည်ရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပို့ချရေး တို့ အားစိုက်လုပ်ဆောင်လျက်ရှိပါတယ်။

Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။

 

PDF DOWNLOAD