SURVEY

အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ၃ ဆခန့်မြင့်တက်လာခြင်းနှင့် အနှစ်ချုပ်အစီရင်ခံစာထွက်ရှိခြင်း

CoverLogo
323 Views
အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ၃ ဆခန့်မြင့်တက်လာခြင်းနှင့် အနှစ်ချုပ်အစီရင်ခံစာထွက်ရှိခြင်း
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အတွင်း Myanmar Labour News သတင်းဌာနရဲ့ Website , application နှင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် ဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာအခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်တဲ့ အစီရင်ခံစာထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ 
 
ယခုနှစ်အလိုက် အစီရင်ခံစာက ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် ၂၀၂၂ ခုနှစ်မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုသတင်း အရေအတွက် ၁၆၄ ကြိမ်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုသတင်း ၄၅၅ ကြိမ်အထိမြင့်တက်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့  ၂၀၂၂ ခုနှစ်က အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတဲ့ စက်ရုံပေါင်း ၁၂၄ ခု ၊ သတင်းဖော်ပြမှု ၁၆၄ ကြိမ် ဖော်ပြထားပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ စက်ရုံလုပ်ငန်း ၁၆၆ ခုနဲ့ သတင်ဖော်ပြမှုပေါင်း  ၄၃၈ ကြိမ် ရှိတာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေက ကျဆင်းသွားတာ မတွေ့ရဘဲ မြင့်တက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ 
 
မြင်တွေ့ရတဲ့အချက်အလက်တွေအရ ပြည်တွင်းမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု ၃ ဆပိုမိုမြင့်တက်ခဲ့ပါတယ်။
 
Myanmar Labour News က ဖော်ပြထားတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု သတင်းတွေက နိုင်ငံအတွင်း မှာ ဖြစ်ပွားခဲ့တဲ့  အလုပ်သမားတွေရဲ့ နစ်နာမှု အဖြစ်အပျက်အားလုံး မဟုတ်လို့ တခြား ချိုးဖောက်မှုတွေလည်း အမြောက်အများ ထပ်မံရှိနေနိုင်ပါတယ်။
 
Myanmar Labour News ကို ၂၀၁၉ ခုနှစ်မှာ ထည်ထောင်ခဲ့ပြီး အလုပ်သမားတွေရဲ့ အသံကို ဖော်ထုတ်ရေးနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်မှုကို ဖော်ထုတ်တင်ပြနိုင်ဖို့အတွက် ထည်ထောင် ခဲ့တာပါ။၂၀၂၃ ခုနှစ်အတွက် အလုပ်သမားအခွင့်အရေး ဆန်းစစ်ချက်ကိုတော့ Myanmar Labour Society က စီစဉ် ပြုလုပ်တာ ဖြစ်ပါတယ်။  
 
ရည်ရွယ်ချက် 
 
၂၀၂၃ ခုနှစ် တနှစ်အတွင်းမှာ Myanmar Labour News မှာ  ဖော်ပြထားတဲ့ သတင်းတွေထဲက အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကို  ဆန်းစစ်လေ့လာပြီး ထုတ်ဖော် ရေးသားထားတာ ဖြစ်ပါတယ်။ အလုပ်သမား ချိုးဖောက်မှု ဆန်းစစ်မှု ရလဒ်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ၊ ဥပဒေပြု ပုဂ္ဂိုလ်တွေက ဖတ်ရှုပြီး ကောင်းမွန်တဲ့ မူဝါဒတွေ၊ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ 
 
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေ၊ လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေ၊ အလုပ်သမားအရေး ဆောင်ရွက်နေ သူတွေ၊ အလုပ်သမား သမဂ္ဂတွေ၊ သမဂ္ဂအဖွဲ့ချုပ်တွေ ၊ စက်ရုံအလုပ်ရုံတွေက အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်းတွေ၊ လုပ်ငန်းခွင်ထဲက အဆင့်ဆင့် ကြီးကြပ်သူတွေ ဖတ်ရှု အသုံးချပြီး အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေဖို့လည်း ရည်ရွယ်ပါတယ်။ 
 
Myanmar Labour Society အဖွဲ့နှင့် အနှစ်ချုပ်အစီရင်ခံစာများ အတွက် ပူးပေါင်းဆောင်ရွက်လိုသည်ဖြစ်စေ အထောက်အပံ့ပေးနိုင်ရန်ဖြစ်စေ ဆက်သွယ်ရန် -
Mail - myanmarlabournews@gmail.com , myanmarlaboursociety@gmail.com
#MyanmarLabourNews #MyanmarLabourSociety