NEWS

အသက်အရွယ်က လုပ်ငန်းခွင်ကိုထိခိုက်နိုင်လား။

CoverLogo
653 Views

အထည်ချုပ်လုပ်ငန်းတွေရဲ့ အလုပ်ခေါ်ယူမှာ အသက်ရွယ်သတ်မှတ်ခေါ်ယူတာတွေများလာပါတယ်။ အလုပ်အကိုင်ခေါ်ယူတဲ့အခါမျိုးမှာ အထူးသဖြင့် အမျိုးသမီးလုပ်သားတွေရဲ့ အသက်ကို ၃၀ အောက်သာ ခေါ်ယူတာများပါတယ်။ ဒီလို ခွဲခြားမှုတွေကြောင့် အမျိုးသမီးလုပ်သားတွေရဲ့ လုပ်ငန်းခွင်တည်မြဲမှုနဲ့ ဘဝ ရပ်တည်ရေးကို ထိခိုက်စေနိုင်သလား။ ပြီးတော့  အသက်အရွယ်က လုပ်ငန်းခွင်ကို ထိခိုက်မှုရှိနေလား ။ ဒါနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေကို  မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TusF- Myanmar ) က တာဝန်ရှိသူတစ်ဦး ကို မေးမြန်းထားပါတယ်။

“အကျိုးဆက်တွေကတော့ အဓိက အထည်ချုပ် လုပ်ငန်းတွေမှာ ကျွမ်းကျင် လုပ်သားဆိုတာ
မရရှိနိုင်တော့ဘူးပေါ့ ၊ အလုပ်သမားတွေ ဘက်ကကြည့်ရင်တော့ အလုပ်အကိုင်ရှားပါးလာမယ်။
နောက်ပြီး မြန်မာနိုင်ငံထဲက အလုပ်သမား တွေ ကြိုးစားချင်စိတ်တွေမရှိတော့ဘူး ငါ့အသက် (၃၀)
ဘာမှလုပ် မရတော့ဘူးဆိုတဲ့ အတွေးတွေ ဝင်လာနိုင်ပါတယ်။”
MICS-TusF- Myanmar တာဝန်ရှိသူတစ်ဦး

မေး- အထည်ချုပ် လုပ်ငန်းတွေထဲ အမှာ အသက်ကန့်သတ်ခေါ်ယူမှုတွေ ရှိနေတာ ဘာလို့လဲ ?
ဖြေ- အထည်ချုပ် လုပ်ငန်းတွေမှာ အသက်ကန့်သတ်ခေါ်ယူတာဟာ ဘာလို့လဲဆိုတော့
ထင်သလောက်လုပ်အား ထွက်မလာမှာ စိုးရိမ်တာကြောင့်လို့ မြင်တယ်။

မေး- များလာတယ်ဆိုရင် ဘယ်အရွယ်လောက်ကို ကန့်သတ်တာများလဲ?
ဖြေ- အသက်အရွယ်ကတော့ အလုပ်ခေါ်တဲ့စာမှာ (၃၀) နှစ်အောက်ဆိုပြီး တော်တော်များများမှာ
တွေ့ရပါတယ်။

မေး-လုပ်ငန်းခွင် အခြေအနေအရ အသက်ကန့်သတ်ဖို့ လိုအပ်တယ်လို့ ယူဆပါသလား?
ဖြေ- လုပ်ငန်းခွင် အခြေအနေအရ အသက်ကန့်သတ်ဖို့ လိုအပ်တယ်လို့ တစ်ဦးတစ်ယောက်အနေနဲ့
မယူဆဘူး။ ဘာလို့ဆို အလုပ်အကိုင်ကျွမ်းကျင်မှုရယ် ဒီအလုပ်သမားရဲ့ လုပ်နိုင်စွမ်းအားကိုပဲ
ကြည့်သင့်တယ်လို့ မြင်ပါတယ်။

မေး- ဘာကြောင့် အခုလို ကန့်သတ်တယ်လို့ ထင်ပါသလဲ?
ဖြေ ဘာကြောင့် အခုလို ကန့်သတ်ရသလဲဆိုတာတော့ သေချာမပြောတက်ဘူး။

မေး- ဒီလို ကန့်သတ်တာတွေကြောင့် အကျိုးဆက်တွေက ဘာတွေဖြစ်မလဲ?
ဖြေ- ဒီလို ကန့်သတ်တာတွေကြောင့် အကျိုးဆက်တွေကတော့ အဓိက အထည်ချုပ် လုပ်ငန်းတွေမှာ
ကျွမ်းကျင် လုပ်သားဆိုတာ မရရှိနိုင်တော့ဘူးပေါ့ ၊ အလုပ်သမားတွေ ဘက်ကကြည့်ရင်တော့
အလုပ်အကိုင်ရှားပါးလာမယ်။ နောက်ပြီး မြန်မာနိုင်ငံထဲက အလုပ်သမားတွေ
ကြိုးစားချင်စိတ်တွေမရှိတော့ဘူး ငါ့အသက် (၃၀) ဘာမှလုပ် မရတော့ဘူးဆိုတဲ့ အတွေးတွေ
ဝင်လာနိုင်ပါတယ်။

မေး-အသက်ကန့်သတ်တာက အမျိုးသမီးတွေရဲ့ အလုပ်အကိုင်တည်မြဲရေးနဲ့ ရှင်သန်ရပ်တည်ရေးကို
ထိခိုက်နိုင် ပါသလား?
မေး- အသက်ကန့်သတ်တာက အမျိုးသမီးတွေရဲ့ အလုပ်အကိုင်တည်မြဲရေးနဲ့ ရှင်သန်ရပ်တည်ရေးကို
ထိခိုက်နိုင် ပါတယ် ။ အခုဆိုရင်ပဲ လုပ်ငန်းကျွမ်းကျင်ပါလျက်နဲ့ အသက်အရွယ်ကြောင့် အလုပ်ရှာမရတဲ့
အထည်ချုပ် အလုပ်သမတွေ ဒုနဲ့ဒေးပါပဲ။

မေး- အသက်အရွယ်ကြောင့် စိုးရိမ်ကြောင့်ကြမှုရှိနေတဲ့ အမျိုးသမီးတွေအတွက် ဘာပြောချင်လဲ ?
ဖြေ- အသက်အရွယ်ကြောင့် စိုးရိမ်ကြောင့်ကြမှုရှိနေတဲ့ အမျိုးသမီးတွေအတွက် အားမငယ်ပါနဲ့လို့
ပြောချင် ပါတယ်။ သင့်တော်မဲ့ အလုပ်နဲ့ အလုပ်ရှင်ကို တွေ့လာတဲ့အခါ ကိုယ်ရဲ့ကျွမ်းကျင်မှုတွေကို
အသိအမှတ်ပြု လာမှာပါ။ နောက်ပြီး  အသက်အရွယ်ဆိုတာ အဓိက မဟုတ်ဘဲ၊ လုပ်နိုင်စွမ်းရည်နဲ့
ကျွမ်းကျင်မှု့ကသာ အဓိက ဆိုတာ အလုပ်ရှင်တွေ သိရှိနားလည် လက်ခံလာအောင် ကိုယ့်ရဲ့
စွမ်းအားတွေကို ပြသကြရမယ်လို့ ပြောချင် ပါတယ်။

ဖြေပေးတာကျေးဇူးတင်ပါတယ်။

#MyanmarLabourNews


Related posts

Cover
ကိုရီးယား ရာသီချိန်လုပ်သားအလုပ် ရမယ် ပြောဆိုပြီး သိန်းချီလိမ်လည်
Feb 03, 2024
Cover
ကလေးလုပ်သား ပပျောက်ရေး ဝန်ကြီးဌာနတခုတည်း လုပ်ကိုင်၍ မရနိုင်၊ နိုင်ငံရေး တည်ငြိမ်ရန်အပ်
Jan 18, 2024
Cover
အလုပ်သမားနှင့် အလုပ်ရှင်တွေကြားက စာချုပ်များ ဥပဒေနဲ့ညီညွတ်ရဲ့လား
Oct 26, 2023
Cover
လုပ်ငန်းခွင်ရပ်နားပြီး တောင်းဆိုမှုပြုလုပ်နေတဲ့ SEN YU အထည်ချုပ်အလုပ်သမားတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ။
Oct 19, 2023
Cover
ILO စုံစမ်းစစ်ဆေးရေးအစီရင်ခံစာနဲ့ စစ်အုပ်စုဖြေရှင်းရမဲ့ပုစ္ဆာ
Oct 13, 2023
Cover
အထည်ချုပ်လုပ်ငန်းခွင်မှာ ဘာကြောင့် ဆဲဆိုတာလဲ။(အင်တာဗျူး)
Jun 28, 2023
Cover
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးလုပ်သားတွေ ဘာကြောင့် မတွေ့ရတော့တာလဲ (အင်တာဗျူး)
May 03, 2023
Cover
သင့်တော်တဲ့လုပ်အားခကိုပဲတောင်းဆိုချင်တာပါ
May 01, 2023