အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အလုပ်သမားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်နီ နှင့်တွေ့ဆုံခြင်း။

cover
profile
May 1, 2022

"ဖြစ်နိုင်သမျှနည်းလမ်းတွေသုံးပြီးအလုပ်သမားတွေရဲ့အခွင့်အရေးတွေကိုကာကွယ်ပေးဖို့နဲ့ ဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးတွေကိုပြန်အရယူပေးဖို့ကြိုးစားသွားမှာပါ"

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အလုပ်သမားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်နီ နှင့်တွေ့ဆုံခြင်း။

Myanmar Labour News သတင်းဌာနမှအမျိုးသားညီညွတ်ရေးအစိုးရ(NUG)အလုပ်သမားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်နီ နှင့်တွေ့ဆုံပြီး စစ်အာဏာသိမ်းပြီးနောက်ဒုတိယအကြိမ်ရောက်ရှိလာတဲ့ ကမ္ဘာ့အလုပ်သမားနေ့နှင့်ပတ်သတ်တဲ့အကြောင်းအရာများ၊ ပြည်တွင်းပြည်ပအလုပ်သမားရေးရာကိစ္စရပ်များကိုမေးမြန်းဖြစ်ခဲ့ပါတယ်။

MLN- စစ်အာဏာသိမ်းကာလအတွင်းယခုလာမယ့်မေဒေးနေ့အတွက်ပြည်တွင်း ပြည်ပအလုပ်သမားတွေကိုပြောချင်တာများရှိရင်ပြောပေးပါ။

ဦးကျော်နီ-
ဒီတိုက်ပွဲမှာ အလုပ်သမားထုရဲ့ အင်အားက အရေးပါတဲ့ ကဏ္ဍမှာ အမြဲရှိနေပါတယ်။ အာဏာသိမ်းပြီး ၆ ရက်နေ့ကတည်းက အလုပ်သမားတွေဟာ ထုနဲ့ထည်နဲ့  လမ်းပေါ်ထွက်လာခဲ့တာဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးမှာ အလုပ်သမားထုရဲ့  ပါဝင်မှုက ကြီးမားပါတယ်။ မြန်မာပြည်ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့သလို စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲတွေမှာလည်း ခေတ်အဆက်ဆက်ပါဝင် ခဲ့ပါတယ်။ ယခုနွေဦးတော်လှန်ရေးမှာလည်း တပ်ဦးက ပါဝင်ခဲ့တာ ဖြစ်တဲ့အတွက် ကျနော်တို့ဝန်ကြီးဌာနအနေနဲ့ ဂုဏ်ယူသလို ဂုဏ်လည်းပြုပါတယ်။ အလေးလည်းပြုပါတယ်။

MLN- လက်ရှိမှာဝန်ကြီးတို့အနေနဲ့တိုင်ကြားရေးယန္တယား စတင်အကောင်အထည်ဖော်နေပြီလို့သိရတယ်။ဒါကကြားကလနစ်နာမှုတွေအတွက်အချက်အလက်ကောက်ယူယုံပဲလား၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့စီစဥ်ထားပါသလဲ။

ဦးကျော်နီ-
အချက်အလက် ကောက်ယူရုံသက်သက်တော့ မဟုတ်ပါဘူး။ ဖြစ်နိုင်သမျှ နည်းလမ်းတွေကို သုံးပြီး အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးချင် ပြန်လည်ရယူပေးဖို့ ကြိုးစားမှာပါ။ အရမ်းတော့  ခက်ခဲမှာပါ။ အလုပ်သမားအခွင့်အရေးကို အကာအကွယ်ပေးဖို့ ကြိုးစားရင်း အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ပိုမိုဆုံးရှုံးမှာကိုလည်း မဖြစ်အောင် ဂရုစိုက်နေရပါတယ်။

MLN- ဝန်ကြီးတို့အခုဆောင်ရွက်နေတဲ့အလုပ်သမားရေးရာနစ်နာမှုအချက်အလက်ကောက်ယူရေးတိုင်ကြားမှုယန္တရားဟာအလုပ်သမားတွေအတွက်သာမကပဲ အလုပ်ရှင်တွေအတွက်ပါရည်ရွယ်တယ်လို့သိရပါတယ် ဒါလေးကိုအများပြည်သူနားလည်အောင်အကျယ်လေးတချက်ပြောပြပေးပါ။

ဦးကျော်နီ-
အလုပ်ရှင်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ထားတာသာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ တရားဥပဒေ စိုးမိုးမှုမရှိသေးခင်၊ တနည်းပြောရရင် ပြည်သူ့လူထုရွေးချယ်တင်မြောက်တဲ့ အစိုးရ အုပ်ချုပ်မှု ကင်းမဲ့နေတဲ့ကာလမှာ အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေ မပြုလုပ်ဖို့၊ တိုင်ကြားမှုတွေ ရရှိလာတဲ့အခါ ပြန်လည်ကုစားမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ဖိတ်ခေါ်တာပါ။


MLN- စစ်အာဏာသိမ်းပြီးကာလမှာနစ်နာခဲ့တဲ့အလုပ်သမားတွေသာမက တိုင်းရင်းသားလုပ်ငန်းရှင်တွေလဲရှိတယ်ဆိုတော့အလုပ်ရှင်တွေဖက်ကနစ်နာမှု့တွေအတွက်ရော NUG အနေနဲ့ဘယ်လိုစီစဥ်ထားလဲ။

ဦးကျော်နီ-
တော်လှန်ရေးမှာ ဖြစ်ပေါ်ခဲ့တဲ့ နစ်နာမှုတွေအတွက် NUG အနေနဲ့ တတ်နိုင်သမျှ ပြန်လည်ကုစားပေးမှာပါ။ တော်လှန်ရေးမှာ ပါဝင်သလောက်လည်း ချီးမြှင့်ပေးဖို့လည်း အစီအစဉ် ရှိပါတယ်။

MLN-
လုပ်ငန်းရှင်ကြီးတွေက ဘယ်လောက်အထိချိတ်ဆက်ဆောင်ရွက်နေပြီလဲ။

ဦးကျော်နီ-
သက်ဆိုင်ရာလုပ်ငန်းရှင်ကြီးတွေနဲ့၊ NUGနဲ့ ဝန်ကြီးဌာနအလိုက် ချိတ်ဆက်ဆောင်ရွက်တာတွေတော့ ရှိပါတယ်။ ဘယ်လောက်အထိဆိုတာကတော့ ပြောရခက်ပါတယ်။


MLN- အလုပ်ရှင်အလုပ်သမားလုပ်ငန်းခွင်ဆက်ဆံရေးခိုင်မာအားကောင်းဖို့ဆိုတဲ့အချက်လဲတွေ့ရတော့ဒီကြားကာလအလုပ်သမားတွေရဲ့နစ်နာမှု့အတွေအပေါ်မှာလုပ်ငန်းရှင်တွေကတကယ်လိုက်နာပြီးပူးပေါင်းဆောင်ရွက်ဖို့ကောဘယ်လိုဆောင်ရွက်သွားမှာပါလဲ။

ဦးကျော်နီ-
အလုပ်ရှင်အလုပ်သမားလုပ်ငန်းခွင် ခိုင်မာအားကောင်းဖို့ဆိုတာကတော့ စကစကိုဆန့်ကျင်တဲ့ ဘက်က သူတွေ ခိုင်မာ အားကောင်းလာရေးပဲ ဖြစ်ပါတယ်။ တော်လှန်တဲ့ အလုပ်သမားနဲ့ စကစ အလိုတော်ရိ လုပ်ငန်းရှင်နဲ့ကတော့ ဘယ်လိုနည်းနဲ့မှ ခိုင်မာအားကောင်းတဲ့ ဆက်ဆံရေး ရှိလာမှာ မဟုတ် ပါဘူး။ ဒီလိုပါပဲ  တော်လှန်ရေးကိုထောက်ခံတဲ့ အလုပ်ရှင်နဲ့ စကစ အမာခံ ဒလန်လုပ်နေတဲ့ အလုပ်သမားဟာလည်း ခိုင်မာအားကောင်းတဲ့ ဆက်ဆံရေးရှိမှာ မဟုတ်ပါဘူး။

MLN-
အလုပ်သမားရေးရာတိုင်ကြားရေးယန္တယား(Complaint Mechanism)ကို တကယ့်မြေပြင်မှာလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ဘယ်လိုပြင်ဆင်ထားပါသလဲ၊ ဘာတွေလိုအပ်နေပါသေးသလဲခင်ဗျ။

ဦးကျော်နီ-
လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ လိုအပ်ချက်ကတော့ အလုပ်သမားတွေအနေနဲ့ တိုင်ကြားဖို့မှာ အခက်အခဲတွေ ရှိနေပါတယ်။ ကြားက ကူညီဆောင်ရွက်ပေးမယ့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းတွေ လိုအပ်ပါတယ်။ ကျယ်ပြန့်မှုလည်း လိုနေသေးပါတယ်။ တိုင်ကြားယန္တရားရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို မသိတာလည်း ဖြစ်နိုင်ပါတယ်။ ကျယ်ပြန့်မှုအားကောင်းလာရင်တော့ အလုပ်သမားတွေရဲ့ နစ်နာမှုကို ယခုထက် ပိုမို  ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။

MLN- ပြီးတော့အလုပ်သမားရေးဝန်ကြီးဌာနအနေနဲ့ပြည်တွင်းပြည်ပအလုပ်သမားတွေ၊ တိုင်းရင်းသားလုပ်ငန်းရှင်၊ ပြည်ပလုပ်ငန်းရှင်တွေအပေါ်ပြောချင်တဲ့သတင်းစကားရှိရင်ပြောပေးပါခင်ဗျ။

ဦးကျော်နီ-
ပြည်တွင်းပြည်ပအလုပ်သမားတွေကိုတော့ ဒီတော်လှန်ရေးမှာ အဓိကနေရာက ပါဝင်တဲ့အတွက် အများကြီးကျေးဇူးတင်သလို အလေးလည်း ပြုပါတယ်။ တိုင်းရင်းသားလုပ်ငန်းရှင်တွေအနေနဲ့ တော်လှန်ရေးကို ယခုထက် ပိုမိုပါဝင် အားဖြည့် ပေးသင့်တယ်လို့ ယူဆပါတယ်။ ပြည်ပလုပ်ငန်းရှင်တွေအနေနဲ့လည်း NUG က ချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒတွေကို လိုက်နာဖို့ လိုပါမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာမယ် ဆိုရင်လည်း သက်ဆိုင်တဲ့ မူဝါဒဖြစ်တဲ့ Policy on Socially Responsible Disengagement  ကို လိုက်နာဖို့ လိုပါမယ်။

MLN-
အခက်အခဲပေါင်းစုံနဲ့ အခွင့်အရေးတွေ ဖေါက်ဖျက်ခံနေရတဲ့ အပေါ်  ပြည်တွင်းအလုပ်သမားတွေကို ပြောချင်ရှိရင် ပြောပေးပါ။

ဦးကျော်နီ-
ကျနော့် ဘဝသက်တမ်းရဲ့ တဝက်နည်းနည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပေးခဲ့ရတာဖြစ်တဲ့အပြင် အလုပ်သမားအခွင့်အရေးတွေအတွက် နှစ်ပေါင်းများစွာရပ်တည်လာခဲ့တဲ့သူတယောက်အနေနဲ့  စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အလုပ်သမားတွေရဲ့  ပေးဆပ်မှုဟာ ဘယ်လောက်ကစစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပေးခဲ့ရတာဖြစ်တဲ့အပြင် အလုပ်သမားအခွင့်အရေးတွေအတွက် ကြီးမားတယ် ဆိုတာ သိနေပါတယ်။ ဒါပေမယ့် ရှေ့မှာလည်း မိမိတို့လို အနစ်နာခံခဲ့တဲ့ မျိုးဆက်က ရှိခဲ့ပါတယ်။ သူတို့ပုခုံးပေါ်ကို နင်းလာခဲ့တဲ့အတွက်ကြောင့်သာ ယခုလို အောင်ပွဲနဲ့ နီးနေတာပါ။ မကြာမီမှာ အောင်လံကို ဆွတ်ယူနိုင်တော့မှာ ဖြစ်တဲ့အတွက် အားမလျော့ကြစေချင်ပါဘူး။ 
အရေးတော်ပုံအောင်ရမည်။

အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

 

721 Views

Related News

cover
Myanmar Gigi စက်ရုံမှာ နေ့စား တနှစ်နီးပါး လုပ်ကိုင်ပေမဲ့ အမြဲတမ်းလုပ်သား ခန့်ထားခြင်းမရှိ
Mar 21, 2023
cover
ပဲခူး ကောင်းဝိတ်ဆဲလ်ကုမ္ပဏီပိုင် စက်ရုံက သင်္ကြန် အလုပ်ပိတ်ရက်များအား အစားထိုးဆင်းခိုင်း
Mar 19, 2023
cover
လုပ်ငန်းခွင်နဲ့မသက်ဆိုင်တဲ့ အလုပ်တွေ ခိုင်းစေခြင်းမပြုလုပ်ဖို့ အလုပ်သမားတွေတောင်းဆို
Mar 18, 2023
cover
၂၀၂၂ ခုနှစ်အတွက် အလုပ်သမားအရေး အနှစ်ချုပ် (Myanmar Labour News)
Mar 18, 2023
cover
ရွှေပြည်သာက GY Sen(Primseng GUO) စက်ရုံပိတ်သိမ်းပြီးတစ်လမပြည့်မီပြန်လည်လုပ်သားခေါ်ယူနေ
Mar 18, 2023
cover
တရားစွဲခံ ရိမ်းဘိုးဆပ်ပြာစက်ရုံသမဂ္ဂခေါင်းဆောင်များအား နုတ်ထွက်ရန် ညှိနှိုင်း
Mar 17, 2023
cover
H&M အမှတ်တံဆိပ်ချုပ်တဲ့ Suzhou Silk Fashion (Myanmar) အထည်ချုပ်စက်ရုံပိတ်ရက်တွေအတွက် ဒေးကြေးပေးဖို့အလုပ်သမားတွေတောင်းဆို
Mar 16, 2023
cover
အလုပ်သမားအခွင့်အရေးများ လစ်လျူရှု့ခံနေရတယ်လို့ အလုပ်သမားတွေပြော
Mar 14, 2023
cover
သင်္ကြန်အလုပ်ပိတ်ရက် လုပ်ခလစာမပေးလိုတာကြောင့် အလုပ်သမား(၄၀၀)ကျော်အား အလုပ်မှရပ်ဆိုင်းခဲ့ဟုဆို
Mar 14, 2023
cover
W&F GROUP CO.,LTD အထည်ချုပ်စက်ရုံမန်နေဂျာ မှ အလုပ်သမားများအား မိုက်ရိုင်းစွာပြောဆိုအလုပ်ထုတ်
Mar 14, 2023



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle