NEWS

Hanboom (or) Handa-3 Garment အချိန်ပိုလုပ်ခ မပေးဘဲ တနင်္ဂနွေနေ့ပါ အလုပ်ဆင်းခိုင်း

CoverLogo
660 Views
 
တိုင်ကြားပါတယ်ရှင့် ။
ရန်ကုန်မြို့၊ လိူင်သာယာမြိုု့နယ်၊ ရွှေလင်ဗန်း စက်မူဇုန်၊ ဝက်မစွပ်ဝန်ထောက်လမ်း၊ အမှတ် ၄၈၀ က Hanboom (or) Handa-3 Garment စက်ရုံ ဝန်ထမ်းတဦးပါ ။
လုပ်ငန်း Export အရေးကြီးရင် အချိန်ပို OT ကြေးမပေးဘဲ ရက်အစားထိုးဆင်းခိုင်းပြီး တနင်္ဂနွေနေ့တွေပါ ဆင်း ပေးရပါတယ်။ ညဘက် OT ရှိရင်လည်း မနက် ၈ ကနေ ၇ နာရီ ၄၀ အထိ နားချိန်မပေးဘဲ လုပ်ကိုင် ခိုင်းပါတယ်။ ထောက်ပံကြေး ကျပ် ၁၀၀၀ ပေးပေမဲ့ ဝန်ထမ်းတွေရဲ့ ဆုကြေး ထောက်ပံကြေး လျော့ချ ပါတယ်။ ထောက်ပံ ကြေး ပေးတယ်ဆိုပေမဲ့ လစာ တိုးလာတာမရှိဘဲ မူရင်းလစာဘဲ ရကြပါတယ်။
ဆုကြေးကိုလည်း ရက်ပျက် ၊ ဝမ်တိန်နဲ့ ဂိတ်ပတ်စ်တွေ ရှိရင် လုံးဝမပေးပါဘူး ။ ဆုကြေးမပေးမှာဆိုးလို့ ဝန်ထမ်း တွေမှာ ဖျားနာလည်း အလုပ်ဆင်းရပါတယ်။
Buyer (တံဆိပ်ကိုယ်စားလှယ်) လာစစ်တဲ့ နေ့တွေမှာ ဝန်ထမ်းတွေကို ရွေးခေါ်သင်ကြားပါ တယ်။ မရဖူးတဲ့ လစာ၊ မရဘူးတဲ့ ခံစားခွင့်တွေ ပေးပါတယ် ဆိုပြီး လိမ်လည်ခိုင်းပါတယ် ။
ဝန်ထမ်းတွေမှာ တနင်္ဂနွေ နားရမယ်ဆိုတာ မသေချာတော့ဘဲ Export Date ဝေးမှသာ နားရပါတယ်။
WCC တွေရှိပေမဲ့ လည်း စူပါတွေ၊ လီဒါတွေ ဖြစ်နေပါတယ်။
အချိန်ပို နဲ့ ရက်အစားထိုးဆင်းရမယ်ဆိုလည်း WCC အဖွဲ့ဝင်တွေကိုယ်တိုင် သေချာမသိရဘဲ လက်မှတ် ခေါ် ထိုးခိုင်းပြီး ခဏနေ သဘောတူကြောင်းလက်မှတ်ကို ဝန်ထမ်းတွေကို ထိုးခိုင်းပါတယ်။ အချိန်ပိုဆင်းဖို့ ဝန်ထမ်း ဆန္ဒဆိုတာ ဘာဆိုတာတောင် မသိတော့ပါဘူး။
ဝန်ထမ်း အခက်အခဲကြောင့် လူမရှိတာကိုလည်း နှစ်ယောက်နေရာမှာ တစ်ယောက်တည်း အစားထိုး အတင်း လုပ်ကိုင်ခိုင်းပါတယ်။
မနက်၈ နာရီ အလုပ်ချိန်ဆိုပေမဲ့ မနက် ၇နာရီ ၄၀ ကတည်းက ဌာနခေါင်းဆောင်တွေက မနက်ပိုင်း အစည်းအဝေး ဆိုပြီး လုပ်ပါတယ် ။ နေ့တိုင်း နေ့လည်ထမင်းစားချိန်လည်း အပြည့်အဝ မနားရပါဘူး ။ စက်လိုင်းစူပါတွေက အလုပ်ကို အတင်းခိုင်းပါတယ် ။ မလုပ်ရင် မကြည်ကြပါဘူး။ပြောဆိုနေတာပါ။ စက်လိုင်း ၂ ၊ ၇၊ ၁၇ စူပါ တွေ အဆိုးဆုံးပါ။
Hanboom (or) Handa-3 Garment စက်ရုံမှာ အလုပ်သမား ၁၂၀၀ လုပ်ကိုင်နေပြီး လက်ရှိ COLZA (Cinema Club) တံဆိပ်တွေ ချုပ်နေပါတယ်ရှင့်။ ကူညီတောင်းပါတယ် ရှင့် ။

Related posts

Cover
Workers at Chai Moon Sports (Myanmar) Forced to Sign Warnings for Refusing Overtime, Some Dismissed
Mar 17, 2026
Cover
Foreign Female Manager at Jiangsu Soho Myanmar Accused of Surveillance and Arbitrary Dismissals
Mar 17, 2026
Cover
Earnest Myanmar Wool Factory Forces Daily Overtime and Pressures Workers to Double Output on Sundays
Mar 17, 2026
Cover
Dishang Fashion (Myanmar) Garment Factory Forcing Workers to Make Up Thingyan Holidays, Workers Say
Mar 17, 2026
Cover
Dagon Talent Garment Forces Workers to Do 4 Hours Overtime Without Pay to Fund Supervisors’ Trip
Mar 17, 2026
Cover
Factory Manager Physically Assaults Workers at Kyay Oh Gyi Engine Oil Factory
Mar 17, 2026
Cover
TMA Garment Factory Supervisor Deducting Piece-Rate Wages
Mar 13, 2026
Cover
Zhong Ying Garment Factory Forces Workers to Work Overtime, Calls Them Back Even After Boarding Transport
Mar 13, 2026