ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က Gainway International (Myanmar) Garment က အလုပ်သမားလုပ်သားတွေဟာ တစ်ရက်လုပ်အားခ (ဒေးကြေး) ၅၆၀၀ တိုးပေးဖို့အတွက် စက်ရုံတွင်း ဆန္ဒပြ တောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
" ဒီကနေ့ တောင်းဆိုတာပါ။ ၅လပိုင်း(မေ) ၃၀ရက်နေ့က တောင်းဆိုတယ်။ စာတွေပို့တယ်။ ၆လပိုင်း(ဇွန်) ၃ရက်နေ့မှာ ရုံးပေါ်တက်ပြောတယ်။ အရင်ရက်တွေကတော့ စာတိုက်ပုံးတွေကနေစာနဲ့တောင်းဆိုတယ်။ မရလို့ ဦးစီးမှူး ရုံးကိုပြောတော့ အဆင့်ဆင့်ညှိလို့ပြောတယ်။ WCC နဲ့အရင်ညှိပြီးမှလုပ်ပါဆိုလို့ WCC က လည်း စက်ရုံကို တက်ညှိ ပေးတယ်။ သူတို့ကလည်းအလုပ်ရှင်တိုးပေးမှရတာဆိုတော့ တင်ပြပေးလို့ ပဲရ တယ်။ အလုပ်ရှင် ကတော့ အကြောင်းမပြန်ပါဘူး။ ဒါကြောင့်ခုလိုတောင်းဆိုတာပါ" လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။
Gainway International (Myanmar) Garment စက်ရုံအလုပ်သမား ၉၀၀ ကျော်အထဲက အလုပ်သမား ၈၂၅ ဦးဟာ တစ်ရက်လုပ်အားခ ၅၆၀၀ ကျပ်တိုးပေးဖို့ သဘောတူ လက်မှတ်ထိုးပြီး စာနဲ့ တင်ပြတောင်းဆို ခဲ့တယ်လို့ ပြောပါတယ်။ ဒီတောင်းဆိုမှုကို တုံ့ပြန်မှူမရှိလို့ ဒီကနေ့ ဇွန် ၉ရက်မှာတော့ လုပ်ငန်းခွင်ကို မဝင်ရောက်ဘဲ စက်ရုံအတွင်း တောင်းဆိုနေကြတာဖြစ်တယ်လို့ Myanmar Labour News ကို ပြောပြထားပါတယ်။
Gainway International (Myanmar) Garment စက်ရုံဟာ H&M ကုန်အမှတ်တံဆိပ် အမျိုးသမီး အတွင်းခံ အဝတ်အထည် တွေချုပ်လုပ်နေတာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ထည်ထောင်ထားတာဖြစ်လို့ DICA ရဲ့ အချက်အလက်တွေအရ သိရပါတယ် ။
#MyanmarLabourNews