NEWS

မန္တလေးသပိတ်မှ ကိုသူရအောင်အပါအဝင်လေးဦး မိသားစုနှင့် အဆက်အသွယ်မရ

CoverLogo
1K Views

မန္တလေးသပိတ်က တက်ကြွလှုပ်ရှားသူ ကိုသူရအောင်၊ကိုရဲဇင်ထွန်း(ခ)ကိုဖိုးလုံး နဲ့ အလွတ်တန်း သတင်းထောက်  ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင်တို့ ဖမ်းဆီးခံထားတာ  (၁၀)ရက်ကျော် ရှိလာပြီ ဖြစ်ပေမယ့် မိသားစုနဲ့ အဆက်သွယ်မရရှိသေးဘူးလို့ သိရပါတယ်။ 


ကိုသူရအောင်အပါအဝင်၄ ဦးဟာ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်မှာ  ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါ တယ်။


ကိုသူရအောင်တို့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း  မသိရှိရသေးတဲ့အပြင်  သူတို့တွေရဲ့ ကျန်းမာရေး၊ အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက  စိုးရိမ်ပူပန်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ 


ကိုသူရအောင်တို့ ၄ ဦးကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးခဲ့ချိန်က   ကိုယ်ရော စိတ်ပါ ကောင်းမွန်နေပြီး  ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်အုပ်စုရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်းနှိပ်စက်မှုတွေကြောင့် အသက်အန္တရာယ် ထိခိုက်မှာကို  စိုးရိမ်နေကြတယ်လို့ မန္တလေးအခြေစိုက် သပိတ်တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။ 


အဖမ်းဆီးခံရပြီး နောက်ပိုင်း အဖြစ်အပျက်အားလုံးကို အကြမ်းဖက်စစ်အုပ်စုက တာဝန်ယူ တာဝန်ခံရမှာဖြစ်ပြီး  မိသားစုဝင်များကလည်း အမြန်ဆုံး အဆက် အသွယ် ရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025
Cover
စစ်မှုထမ်းပြီးပါက ပြည်တွင်း အလုပ်သာမက ပြည်ပအလုပ်အကိုင်ရရှိဖို့ပါ လုပ်ဆောင်ပေးမယ်လို့ စစ်ကော်မရှင်စည်းရုံး
Oct 27, 2025
Cover
လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား၅ ဦး ထောင်ဘူး၀ရှေ့ ပြန်လည်ဖမ်းဆီးခံရ
Oct 03, 2025
Cover
“ညည်းချင်း ၂၀၂၅”
Oct 02, 2025
Cover
အိန္ဒိယ_မြန်မာ နယ်စပ်တလျှောက် ပြန့်ကျဲနေသော လူသားချင်းစာနာမှု အကူအညီများနှင့် ခုခံတော်လှန်မှု အစီရင်ခံစာထွက်ရှိ
Sep 11, 2025
Cover
အလုပ်ရှာနေသည့် လူငယ်များကို ပစ်မှတ်ထားလိမ်လည်ပြီး စစ်မှုထမ်းအတွက် ရောင်းစားမှုများလာ
Sep 05, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
စစ်မှုထမ်းပြီးသူများ အလုပ်အကိုင်ရရှိရေး ဟုဆိုကာ စီမံခန့်ခွဲမှုကော်မတီ စစ်ကောင်စီ ဖွဲ့စည်း
Jul 22, 2025