NEWS

အလုပ်ထုတ်နစ်နာကြေး အပြည့်အဝ ပေးချေမှုမရှိသည့်အတွက် ရင်ဖွင့်စာပေးပို့လာတဲ့ အလုပ်သမတဦး

CoverLogo
4.1K Views

Mingalar Sumbiri Garment Co.,ltd.  မှာဖြစ်ပါတယ်။ H&M  နှင့် C&A Brand ကိုချုပ်လုပ်တာဖြစ်ပါတယ်။ နိုဝင်ဘာ ၃၀ ရက် နေ့မှာအလုပ်သမား ၈၆ ယောက်အလုပ်မှထုတ်ခံရပါတယ်။ လူလျော့တာပါ။  အော်ဒါတွေမရပါသဖြင့်ဆိုပြီး HR မန်နေဂျာမှ မိမိရမဲ့လျော်ကြေးထဲမှတစ်လစာလျော့မည်။

လုပ်သက် ၆ နှစ်ပြည့်ပြီး ၈ နှစ်မပြည့်ပါက နစ်နာကြေး ၅ လစာ ပေးချေရမည့် အစား ၄လစာ၊ လုပ်သက် ၄ နှစ်ပြည့်ပြီး ၆ နှစ်မပြည့်ပါက ၄ လစာကို ၃လစာ။ ၃နှစ်ပြည့်ပြီး ၄ နှစ်မပြည့်သူများအတွက် ပေးချေရမည့် လျော်ကြေး  ၃လ စာကိုလဝက်စာလျော့ပေးမည်ဟုပြောပါတယ်။

သဘောမတူပါက စက်ရုံကိုလစာမဲ့ပိတ်လို့ ရကြောင်း ပိုင်ရှင်ကမရှိ ဘယ်လိုက်တောင်းလို့တောင်းရမှန်းမသိဖြစ်သွားမည်၊ လက်ရှိပိတ်လိုက်သည့်စက်ရုံများကိုပြောပြပြီး လစာမရဖြစ်မည်။

ရတာကိုယူရမည်ဟုပြောပါသည်။  အခုချိန်မှာနင်တို့ဘယ်မှလည်းတိုင်လို့မရပါဘူး။ ဘယ်သူမှလည်းအရေးမယူပေးပါဟုဆိုကာပြောပါသည်။အလုပ်သမားများဖက်မှသဘောမတူလျင်လစာမဲ့စက်ရုံကိုပိတ်သိမ်းမည်ဟု
ခြိမ်းခြောက်ပြောဆိုပါသည်။

အမြန်ဆုံးဖြက်ပြီးလက်မှတ်ထိုးပေးဖို့ပြောပါသည်။တိုင်ပင်ချိန်မရ။ တစ်ထိုင်ထဲဆုံးဖြက်ပြီးလက်မှက်ထိုးခိုင်းပါသည်။ လက်မှက်မထိုးသူအလုပ်သမား ၃ ယောက်ကိုအလုပ်မှမထုတ်ဘူး။ ရှေ့ဘာဆက်ဖြစ်မယ်ငါလည်းမပြောတတ်ဘူးဟုပြောပါသည်။ အိုတီလည်းမခေါ်တော့ပါ။

၁၀ရက်စာပိုက်ဆံမပေးနိုင်ပါသဖြင့်ဆိုပြီး  လုပ်သက်ခွင့် ၁၀ ရက်ကိုလည်းမယူမနေရယူခိုင်းပါတယ် ။
ကိုယ်တိုင်အလုပ်ထုတ်ပယ်ခြင်းခံရသူပါ။ ဒါဒုတိယအကြိမ်လူလျော့တာပါ ပထမအကြိမ်ကလည်းအယောက် ၅၀ ကျော်ဒီလိုဘဲပြောပြီးထုပ်ပါတယ်။

ကျွန်မတို့အလုပ်သမားတွေအနေနဲ့အလုပ်မှထုတ်ပယ်ခံရရင်အရမ်းနစ်နာပါတယ်။ဒီအချိန်မှာမြန်မာနိုင်ငံမှာကအလုပ်အသစ်ရဖို့ကလည်းအရမ်းခက်ခဲပါတယ်။ အလုပ်ကိုင်ရှားပါးတဲ့ပြဿနာကစားဝတ်နေရေးအတွက်အဆင်မပြေပါဘူ။းစက်ရုံဝန်ထမ်းတစ်ဦးရဲ့နောက်မှာမိသားစုကရှိနေတာပါ။ အလုပ်သမားတွေရဲ့နစ်နာကြေးအပြည့်ဝရချင်ပါတယ်။

စက်ရုံ HR မန်နေဂျာတွေအနေနဲ့လည်းကိုယ့်မြန်မာလူမျိုးဝန်ထမ်းတွေအတွက်မကြည့်ဘဲနဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေဘက်လိုက်ပြီး ဒီလိုအချိန်မှာခေါင်းခံပြီးဒီလိုလုပ်လို့ရတယ်ဆိုပြီးလုပ်ပြတာကိုနောင်ဒီလိုမလုပ်ဖို့ နဲ့ ဘယ်သူဘဲအုပ်ချုပ်အုပ်ချုပ်မြန်မာပြည်ရဲ့ဥပဒေကိုလေးစားလိုက်နာဖို့ပြောချင်ပါတယ်။ ကျွန်မတို့ရမယ့်အလုပ်သမားအခွင့်ရေးတွေကိုအပြည့်အဝပေးစေချင်ပါတယ်။

ဒီစက်ရုံဟာတစ်ခြားအထည်ချုပ်စက်ရုံတွေလိုလုပ်ခလစာအပြည့်ဝမရပါဘူး ။ တစ်ခြားစက်ရုံတွေမှာရက်မှန်ကြေး ၃ သောင်းပေးချိန် ဒီစက်ရုံမှာ ၇၀၀၀ ဘဲပေးပါတယ် ။ လုပ်သားကျွမ်းကျင်ဆုကြေးဆိုလည်းအများဆုံးမှ ၆၀၀၀ 
။ လီဒါလစာဆိုလည်းအခြေခံလစာကို ၅၃၀၀ ထောက်ပံ့ကြေးဆိုပြီး ၃၅၀၀၀ ပေးပါတယ်။ အိုတီကို ၅၃၀၀ နဲ့တွက်ပေးတယ် ။ အလုပ်သမားတွေနစ်နာတာပေါ့။ HR မန်နေဂျာကလည်းအလုပ်သမား တွေဖက်မှာလုံးဝမရှိပါဘူး။

ဒါကတော့ ရင်ဖွင့်စာပေးပို့လာတဲ့ အလုပ်သမားတယောက်ရဲ့ ပြောပြချက် အပြည့်အစုံပါ။ရင်ဖွင့်စာပေးပို့လိုတဲ့ အလုပ်သမားတွေအနေနဲ့  Myanmar Labour News Page Messenger ကနေ ပေးပို့နိုင်ပါတယ်။

 


Related posts

Cover
တရားမ၀င် မိန်းမတောင်းသည့် တရုတ်နိုင်ငံသားနှင့်စကားပြန်တို့ကို လူကုန်ကူးမှုဖြင့်အရေးယူထားဟုဆို
Feb 08, 2025
Cover
အလုပ်သမားများအခွင့်အရေးများချိုးဖောက်ခံနေရပြီး နားရက်မရှိ အချ်ိန်ပိုဆင်းပေးနေရ
Feb 08, 2025
Cover
Opal 1 စက်ရုံလုပ်သားများအား  ပြည်ပဝန်ထမ်းက ကြမ်းတမ်းစွာဆက်ဆံ ခိုင်းစေ
Feb 08, 2025
Cover
YUHUA အထည်ချုပ်စက်ရုံ အပြောင်းအလဲမရှိဘဲ အချိန်ပိုခေါ်ခိုင်းလို့ တလ နှစ်ရက်သာ အနားရ
Feb 07, 2025
Cover
Myanmar QI Yuan Garment အချိန်ပို အတင်းအကျပ် ခိုင်းစေနေ
Feb 07, 2025
Cover
မူဆယ်မှာ အထည်ချုပ်လုပ်ငန်းလုပ်ရန်သွားရောက်တဲ့ လူထောင်နဲ့ချီပိတ်မိနေ
Feb 06, 2025
Cover
စက်ရုံအလုပ်သမားများ ဆဲဆိုကြိမ်းမောင်းခံရမှုနဲ့ အတူလုပ်အားခခေါင်းပုံဖြတ်ခံနေရ
Feb 05, 2025
Cover
ဥပဒေမဲ့အလုပ်ထုတ်ခံရလို့ Ooredoo Myanmar ကိုတရားစွဲဆိုထားတဲ့အမှု ဖေဖော်ဝါရီ ၂၅ ရက်သို့ ပြန်လည်ချိန်းဆို
Feb 05, 2025