ARTICLE

ပြည်သူကပန်းကုံးမစွပ်၊ ပန်းခွေမချ အမျှမဝေလို‌တော့တဲ့စစ်မိစ္ဆာတပ်

CoverLogo
1.5K Views

ဒီကနေ့မျက်မှောက်ကာလဟာဇီဝိန်ချုပ်တော့မဲ့ကျားနာနဲ့တူလာတဲ့အာဏာရှင်စနစ်ရဲ့အကြမ်တမ်းဆုံးလက်သည်းအစွယ်များသုံးလို့ကျားနာခဲအခဲခံရမှု့တွေကိုရင်ဆိုင်တန်ပြန်နေရတဲ့မြန်မာနိုင်ငံသူနိုင်ငံသားမိဘပြည်တွေအတွက်သွေးသံရဲရဲ အနိဌာရုံ‌တွေ၊ ငရဲမီးလျှံလို ဒုက္ခသုက္ခအဖုံဖုံနဲ့ပြည့်လျမ်းနေတဲ့အမှောင်ခေတ်ဖြစ်ပါတယ်။

 

နိုင်ငံနဲ့ပြည်သူကိုကာကွယ်ဖို့တိုင်းပြည်ဘဏ္ဍာရိက္ခာလစာယူထားရတဲ့စစ်တပ်ဟာသူ့ရဲ့မူရင်းတာဝန်ကိုပျက်ကွက်ယုံမက မတရားလုယူထားတဲ့အာဏာ၊ ရာထူ၊း လုပ်ပိုင်ခွင့်‌တွေနဲ့ နိုင်ငံပိုင်ပြည်သူပိုင်ပစ္စည်းတွေလုယက်ဓါးမြတိုက်ချမ်းသာလာကြပြီးအခွင့်ထူးခံခွင့်ကိုမစွန့်လွှတ်နိုင်ဘဲတိုင်းပြည်အာဏာကိုထပ်မံလုယူခဲ့ကြတဲ့စစ်အာဏာရှင်တွေကို သစ္စာခံအလုပ်အ‌ကျွေးပြုနေတဲ့တပ်မတော်အမည်ခံမိစ္ဆာစစ်ဘီလူးသဘက်တွေရဲ့တိုင်းရင်းသားမိဘပြည်သူတွေအပေါ်ဘယ်လောက်အထိယုတ်မာဆိုးသွမ်းသလဲဆိုတာအောက်မှာဖေါ်ပြမဲ့ သတင်းဆိုးတွေက သက်သေခံနေပါတယ်။

 

  1. လွန်ခဲ့သည့် ဇွန်လ (၁၀) ရက်နေ့ စစ်ကောင်စီ တပ်သားတစ်ဦးသည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာထဲမှ (၁၄)နှစ်အရွယ် သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်ခဲ့တဲ့သတင်း။
  2. ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် နမ့်ဖလွန်ကျေးရွာအုပ်စုမှအသက် ၆၂ နှစ်အရွယ် အမယ်အို အမျိုးသမီးကြီးတစ်ဦးကို နိုဝင်ဘာ (၇) ရက်နေ့ စစ်ကောင်စီတပ်သားဖြစ်သူ ဖယ်ခုံတပ်ရင်း ၃၃၆ မှ တပ်သားမင်းမင်းစိုးက မုဒိမ်း ကျင့်ခဲ့တဲ့သတင်း။
  3. ချင်းပြည်နယ် တီးတိန်မြို့နယ် အပ်လွယ်ကျေးရွာမှာ နိုဝင်ဘာ (၁၁) ရက်နေ့က အကြမ်းဖက်စစ်သား ၃ ယောက်က ခင်ပွန်းဖြစ်သူကို နှိပ်စက်ပြီးတော့ မီးနေသည် အမျိုးသမီးကို ခင်ပွန်းရဲ့ရှေ့မှာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး လက်ဝတ်ရတနာတွေကို လုယူသွားခဲ့တယ်ဆိုတဲ့သတင်း။
  4. ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့ က အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်မှုဖြစ်ပွားပြီးနေအိမ်ကိုမီးငြိမ်းရန်လာသည့် ဓမ္မအမှုတော်ဆောင် Cung Biak Hmun အား သေနတ်ဖြင့် ပစ်သတ်ပြီး လက်ချောင်းဖြတ်ကာ လက်စွပ်လုယူသွားတဲ့သတင်း။
  5. မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ နိုဝင်ဘာ (၁၇) ရက် ဒီနေ့ညနေ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာရာမှာဒေသခံပြည်သူ ၁၀ ယောက်ကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ် ခေါ်ဆောင်လာခဲ့တယ်ဆိုတဲ့သတင်း။
  6. မင်းကင်းမြို့နယ်အတွင်းဘင်အ‌နောက်တောကျေးရွာမှ ဒေသခံပြည်သူ ၄ ဦးကို ပန်ဆက်ကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူပေါင်းထားသောတပ်က နိုဝင်ဘာ (၁၅) ရက်နေ့ကဖမ်းဆီး သတ်ဖြတ်သွားတယ်ဆိုတဲ့သတင်း။အသတ်ခံရတဲ့သူတွေကလည်းသာမန်ပြည်သူတွေပါ။ မြို့ကမှာတဲ့ ပစ္စည်းသွားယူရင် လမ်းမှာ အဖမ်းခံရပြီးအသတ်ခံရတာပါ။သတ်တာကလည်း ရက်ရက်စက်စက် နှိပ်စက်ပြီးသတ်တာလို့ဆိုပါတယ်။ခေါင်းကို ပစ်တယ်။မီးရှို့တယ်" ဟု ဒေသခံတစ်ဦးက ဆိုပါတယ်။
  7. လပွတ္တာမြို့နယ်၊ ဆပ်ချောင်ကျေးရွာ (သိကြားဘုရားကုန်း)မှ ကိုနေလင်းထွန်း၊ သားကိုကျော်သူဝင်း အပါအဝင် ပြည်သူ ၃ ဦးကို နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ဖမ်းဆီးသွားပြီး နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ကိုကျော်သူဝင်းကို သတ်ဖြတ်ပြီး မီးသဂြိုလ်လိုက်ကြောင်း ၊ မိသားစုကို အလောင်းပြန်မပေးခဲ့တဲ့သတင်း။
  8. စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းကြောင်းသို့စစ်ကြောင်းချီတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်များဟာပြည်သူများကို ဖမ်းဆီးသတ်ဖြတ်လျက်ရှိရာ ကွမ်းအုံကျေးရွာမှ စိတ်ဝေဒနာရှင် ကိုအောင်ကိုဝင်းကို ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရှိရသည်။ သူ့အလောင်းကတော့ လမ်းဘေး လယ်တောထဲမှာ ဦးခေါင်းကို သေနတ်နဲ့ချိန်ပြီး ပစ်သတ်သွားတာ။ စစ်တပ်တွေလာတော့ လူကောင်းတွေအကုန်လုံးက ကြောက်လန့်ပြီးပြေးတယ်။ သူက စိတ်ကျန်းမာရေးမကောင်းတော့ကြောက်ရကောင်းမှန်းလည်းမသိဘူး။ပြေးလည်းမပြေးဘူး။ အဲဒါကို ပစ်သတ်သွားတာပါ" ဟု ဒေသခံတစ်ဦးကပြောခဲ့တဲ့သတင်း။
  9. စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်စောင်တန်းရွာမှရပ်ကျေးNLD ဥက္ကဋ္ဌ ဦးစိုးအောင်ကို နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ဖမ်းဆီးသွားပြီး ရွှေဘိုမြို့နယ် ဘိုတည်ကုန်းရွာသားတစ်ဦးကိုစစ်တပ်က ပစ်သတ်သွားတဲ့သတင်း။ တန်ရွားဘက်မှာ သူ့လယ်တောရှိတော့ ရေလာ ခပ်ရင်း ပစ်သတ်ခံရတာ။ ဒီနေ့မနက်မှ သူ့မိန်းမက လိုက်ရှာတော့မှ လယ်တောထဲမှာ အလောင်းကိုတွေ့တယ်။ ဦးခေါင်းနောက်ဆက်ကို တေ့ပြီး ပစ်သတ်သွားတာ" ဟု ဒေသခံတစ်ဦးကဆိုခဲ့ပါတယ်။
  10. ဝက်လက်မြို့နယ် ဘင်တဲကုန်းရွာကို ယနေ့ နိုဝင်ဘာလ (၁၈) ရက်နေ့ နံနက် ၈နာရီတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီးဆိုင်ကယ်၂ စီး၊ ပြည်သူပိုင်ပစ္စည်းများနှင့်စားသောက်ကုန်ပစ္စည်းများကိုလုယက် ယူဆောင်သွားတဲ့သတင်း။

 

အဲ့ဒီလိုအကြမ်းဖက်စစ်တပ်နဲ့လက်ပါးစေတွေရဲ့ပြည်သူလူထုအပေါ်လူမဆန်တဲ့ ရိုင်းစိုင်းယုတ်မာမှုအ‌ထောင်အသောင်းဟာ မြန်မာနိုင်ငံအနှံ့အပြားမှာဖြစ်ပွားနေတာဖြစ်ပါတယ်။ ‌‌

 

ဒါကြောင့်မို့လို့လဲသမ္မတရူးမင်းအောင်လှိုင်ဦးဆောင်တဲ့လူသတ်ဓါးမြမုဒိမ်းတပ်ဟာလူတန်းစားပေါင်းစုံလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပါဝင်တဲ့မြ‌န်မာပြည်သူလူထုတရပ်လုံးရဲ့အကြီးမားဆုံးဘုံရန်သူဖြစ်လာခဲ့ရပါတယ်။

 

စစ်တပ်ဆိုရင်အသံကြားလိုက်တာနဲ့ ပြည်သူတွေဟာ ချီးကိုရွံတာထက်ပိုပြီးရွံ့ရှာမှုထက်လွန်သွားခဲ့ကြတာမို့တပ်မတော်ဟေ့ဆိုရင် အများပြည်သူ‌တွေဟာ သူခိုးဂျပိုး အကြမ်းဖက်လုယက်ဓါးမြ မုဒိမ်းကောင်တွေအဖြစ်မြင်လာတာမို့မကောင်းဆိုးဝါးမိစ္ဆာတပ်လုံးလုံးဖြစ်သွားခဲ့ရပါပြီ။

 

အခြားတဖက်ကိုကြည့်ပြန်ရင်တော့သမိုင်းလိုအပ်ချက်အရ‌ပေါ်ထွန်းလာတဲ့ပြည်သူ့ကာကွယ်‌ရေးတပ် PDF တွေကိုတော့ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ။" စတဲ့ ကြွေးကြော်သံတွေနဲ့ ရွှေဘိုမြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက်က ဆန္ဒပြခဲ့ကြသလို နိုင်ငံတဝှမ်းက မတရားမှု့ကိုလက်မခံတဲ့ ပြည်သူအားလုံးမှာ တူညီတဲ့ခံစားချက်တွေရှိကြပါတယ်။

 

ပြီးခဲ့တဲ့နိုဝင်ဘာ (၁၅) ရက်နေ့တုံးကလည်း ရေစကြို PDF တပ်ဖွဲ့တချို့ တိုက်ပွဲအပြီး ရွာတစ်ရွာကို ဖြတ်ပြီး လမ်းလျှောက်ပြန်ချိန်မှာ နယ်ခံရွာသူရွာသားများက သွေးသစ္စာသီချင်းသီဆိုပြီးကြိုဆိုနှုတ်ဆက်ခဲ့ကြတဲ့ဗွီဒီယိုမှတ်တမ်းတခုကိုလူမှု့ရေးစာမျက်နှာတွေမှာတွေ့မြင်ခဲ့ကြရပါတယ်။

 

အကြမ်းဖက်စစ်တပ်ဆိုရင်မုန်းတီးနာကြည်းကြသလောက် "PDF တွေကိုဆိုရင်ပြည်သူလူထုတွေက ကြောက်ရွံ့နေတာမျိုး လုံးဝမရှိဘူး သားသမီးအရင်းလိုကြိုဆိုထောက်ခံကြ၊တတ်နိုင်တဲ့ငွေကြေးရိက္ခာတွေလှူဒါန်းကြ၊ပန်းကုံးစွပ်ပြီး အောင်ပွဲတွေနဲ့ပြန်လာနိုင်ဖို့ဆုတောင်းနေကြပါတယ်။

 

ရမ်ဘိုဇာတ်ကားအပိုင်း၄ ထဲမှာပါသလို ပြည်သူလူထုကို လူသားဒိုင်းအဖြစ်အသုံးပြုတာဟာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့မဟာရာဇဝတ်မှု့ဖြစ်တာမို့စစ်ကောင်စီနဲ့ လက်ပါးစေမိစ္ဆာစစ်ဘီလူးတပ်ဟာအပြီးဖျက်သိမ်းရမဲ့အပြင်ကျုးလွန်သူတွေကိုထိုက်တန်တဲ့အပြစ်ပေးကြရမှာဖြစ်ပါတယ်။

 

ဒါကြောင့်ဒီ‌ေဆာင်းပါးကိုနိဂုံးချုပ်ရရင်သန်း ၅၀ ကျော်သောမြန်မာပြည်သူ‌အများစုဟာ နိုင်ငံနဲ့လူထုကို ခေတ်အဆက်ဆက်အနိုင်ကျင့်လို့ဘာကောင်းကျိုးမှမပေးတဲ့ဖက်ဆစ်စစ်တပ်ကို မေတ္တာတုံး ရွှံမုန်းတဲ့အဆင့်ကိုကျော်လွန်ပြီးဒီလက်နက်ကိုင်ဓါးမြတပ်မရှိတော့မှသာတတိုင်းတပြည်လုံးချမ်းသာအေးငြိမ်းနိုင်မယ်ဆိုတာပြတ်ပြတ်သားသားယုံကြည်လာကြပြီးလူတိုင်းက မိမိတနိုင်တပိုင်ပါဝင်လို့စစ်အာဏာရှင်စနစ်အမြစ်နှုတ်ရှင်းလင်းဖို့အားထုတ်နေကြပြီဖြစ်ပါတယ်။

 

တိုင်းပြည်လွတ်လပ်ရေးရပြီးစကတော့လူထုခေါင်း‌ဆောင်ဗိုလ်ချုပ်အောင်ဆန်းဦး‌ဆောင်လို့ ဖက်ဆစ်ဂျပန်ကိုတော်လှန်ဖို့တည်ထောင်ခဲ့တာမို့ အစောပိုင်းမှာ ပြည်သူက အားကိုးအားထားရမလားမျှော်လင့်ချက်နဲ့တော်လှန်‌ ရေး‌နေ့‌တွေမှာ ပန်းကုံးစွပ်ကြိုဆိုခဲ့ကြဘူးပါတယ်။

 

ဒါပေမဲ့သန္ဓေယုတ်ပြီးကိုယ်ကျင့်သီလမကောင်းတဲ့စစ်အာဏာရှင်ဗိုလ်နေဝင်း‌လက်အောက်ရောက်သွားရာက သူခိုးဓါးမြရွာရောက်ခဲ့ရတဲ့ကျေးသားမိုက်တွေလိုစစ်တပ်တတပ်လုံနီးပါးးဟာပြည်သူကိုပြန်သတ်လုယက်ခိုးဆိုးမိုက်တဲ့ဘီးလူးသဘက်တွေလိုဖြစ်သွားတာမို့ပြည်သူက ပန်းကုံးမစွပ်၊ ပန်းခွေမချ အမျှမဝေလို‌တော့တဲ့မိစ္ဆာဘီလူးတပ်အဖြစ်သမိုင်းဝင်ခဲ့ပြီးမဝေးတော့တဲ့အနာဂါတ်မှာကမ္ဘာမှာပထမဆုံးအဖြစ်ပြည်သူ့ခုံရုံးနဲ့ နိုင်ငံတကာတရားရုံးတွေမှာစစ်ဗိုလ်စစ်သားရဲသားစစ်ကြောရေး၊ အကျဉ်းဦးစီးဝန်ထမ်း၊ အာဏာသိမ်းမှု့ကိုပူး‌ေပါင်းကူညီသူကြံ့ခိုင်ရေး၊အစွန်း‌ရောက်မဘသတွေ လူသားမျိုးနွယ်စုအပေါ်ရာဇဝတ်မှု့ (Crime Against Humanity) ကျူးလွန်ခဲ့ကြသူအားလုံးအုံနဲ့ကျင်းနဲ့ တရားစွဲဆိုအပြစ်ပေးခံကြရမှာမလွှဲမသွေဖြစ်ပါကြောင်း‌ ရေးသားအသိပေးအပ်ပါတယ်။

 

လေးစားစွာဖြင့်

(မင်းကောင်းချစ်)

 


Related posts

Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်
Dec 25, 2023
Cover
MCE စက်ရုံ  အငြိုးတရားနှင့် သမဂ္ဂဖြိုခွဲခဲ့သလား။
Nov 25, 2023
Cover
ဝမ်းရေးတဖက် လုံခြုံရေးအခက်နဲ့ စိုးရိမ်သောကပွေရတဲ့ စက်မှုဇုန်လုပ်သားများ
Nov 19, 2023
Cover
တစ်နာရီလုပ်ခ ၆၀၀ ကျပ် နဲ့ အလုပ်သမားထုရဲ့ မျှော်လင့်ချက်
Oct 01, 2023