NEWS

နိုင်ငံသားစီစစ်ရေးကတ် ၅ / နှင့် ၈ / ကိုင်ဆောင်သည့် အလုပ်သမားများ အပါအဝင် ၄၀ ကျော် နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခံရ အလုပ်ပြန်မခန့်ပါက ရသင့်ရထိုက်သည့် လျော်ကြေးများရလိုဟုဆို

CoverLogo
4.6K Views

ဇူလိုင် ၃၁ ရက်‌နေ့တွင် အလုပ်သမား (၄)ဦးကို ၅/,၈/မှတ်ပုံတင် ကိုင်ဆောင်သူ ဟုတ်လားဟု ခေါ်မေးပြီး အလုပ်ရှင်ဘက်မှ စစ်ကောင်စီဘက်က ပြန်လွှတ်ခိုင်းထားသည့်အတွက် ဆိုကာ အလုပ်ထုတ်စာမပေး ကြိုတင်မပြောအလုပ်ထုတ် နစ်နာကြေး မပေးဘဲ အလုပ်မှထုတ် ထုတ်ပယ်ခဲ့တာကြောင့် ယင်းအလုပ်သမား ၄ ဦးကို အဆောင်မှလည်း လက်မခံရဲသည့်အတွက် ဘုန်းတော်ကြီးကျောင်းမှာ သွားရောက်နေထိုင်ရတယ်လို့ ယင်းအလုပ်သမားတွေကပြောပါတယ်။

 

ရန်ကုန် ရွှေပြည်သာ စက်မှုဇုန် ၄ မှာဖွင့်လှစ်ထားတဲ့ အဆိုပါ  မြန်မာနိုင်ငံသားပိုင် Lucky Fortune အထည်ချုပ်စက်ရုံမှာ နောက်ထပ် အလုပ်သမား ၄၀ ကို  နစ်နာကြေး မပေးဘဲ ထပ်မံ အလုပ်ထုတ်ခံထားရတယ်လို့ သိရပါတယ်။

 

အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား စုစုပေါင်း  ၄၄ ဦးခန့်ရှိပြီး ၎င်းတို့အနေနဲ့ လုပ်ငန်းခွင်ပြန်လည်လုပ်ကိုင်ရန် ဆန္ဒရှိပြီး အလုပ်ပြန်မခန့်ပါကလည်း မိမိတို့ရသင့်ရထိုက်သည့် နစ်နာကြေးရရှိလိုတယ်လို့ အဆိုပါ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမားဦးရေ ၁၀၀၀ ကျော်နဲ့လည်ပတ်နေတဲ့ အဆိုပါစက်ရုံမှာ  ZARA,ONLY စတဲ့ အမှတ်တံဆိပ်တွေချုပ်လုပ်တာ ဖြစ်ပါတယ်။


ဩဂုတ်လ ၈ ရက်နေ့မှာတော့ နောက်ထပ် အမျိုးသမီးလုပ်သား ၃၆ ဦးနဲ့ အမျိုးသား ၄ ဦးပါ ၄၀ဦးကို နစ်နာကြေးမပေးဘဲ ထပ်မံထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။


“ဩဂုတ်လ ၈ ရက်နေ့က အလုပ်ထုတ်ခံခဲ့ရတဲ့ ၄၄ ဦးထဲက ၁၈ ဦးကနေပြီးတော့ ရွှေပြည်သာ လမ်းဆုံမီးပွိုင့်မှာ သွားပြီးတော့ ထိုင်နေကြတယ်။ ၅/ ၈/ ကြောင့် အလုပ်ထုတ်ခံရတယ်ဆိုတဲ့စာတန်းကိုင်ပြီး ဆန္ဒပြကြတဲ့အနေနဲ့ ပေါ့ အဲ့မှာ ရဲနဲ့စစ်သားတွေက လာရောက် မေးပြီးတော့ ၁၈ ယောက်လုံးကို အလုပ်ထဲပြန်လာပို့သွားတယ်။” လို့ ယင်းဖြစ်ရပ်ထဲမှာပါဝင်တဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။


“အလုပ်ကတော့ ပြန်လိုချင်တာပေါ့ အလုပ်မရှိလို့မှ မဖြစ်တာ တကယ်လို့ သူတို့ဘက်က အလုပ်ပြန်မခန့်ဘူးဆိုလည်း အများကြီးတောင်းဆိုတာမဟုတ်ဘူးလေ ရသင့်ရထိုက်တဲ့လျော်ကြေးနစ်နာကြေးတွေ ပြန်ရချင်ပါတယ် လို့ အလုပ်ထုတ်ခံလိုက်ရတဲ့ လုပ်သားတစ်ဦးကပြောဆိုပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲမှာ မကွေး နက်မောက် မြိုးသစ် 8/ မှတ်ပုံတင် ကိုင်ဆောင်သူအလုပ်သမား(၁၄၆)ဦးကိုလည်း  “မှတ်ပုံတင်ပြောင်းပေးမယ် တစ်ယောက်ကို (၁၂၀၀၀၀)ပေးရမယ်” ဆိုကာ  စက်ရုံမှူးက တောင်းနေတယ်လို့ လည်း အလုပ်သမားတွေကပြောဆိုပါတယ်။ 


အဆိုပါစက်ရုံမှာ လုပ်ငန်းခွင်အတွင်း အလုပ်သမား အခွင့်အ‌ရေး ချိုးဖောက်ခံရတာတွေလည်း ရှိနေပြီး ဥပဒေမဲ့ အလုပ်ထုတ်ခြင်း လုပ်သားတွေရဲ့ ဖုန်းကို ကွန်ပျူတာဖြင့်စစ်ဆေးခြင်း ပျောက်ဆုံးပျက်စီးပါက တာဝန်မယူခြင်းစတဲ့ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေလည်း ရှိနေတယ်လို့ ယင်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက‌ ပြောဆိုပါတယ်။
 


Related posts

Cover
Myanmar Dihuali စက်ရုံ အလုပ်သမားများ သင်္ကြန်ပိတ်ရက် ရက်အစားလုပ်ကိုင်ပေးရသည့်အပြင် အချိန်ပိုအလုပ်ချိန်များမှ တရက်စာ ထပ်ဖြတ်ခံရ
Mar 27, 2024
Cover
လုပ်ငန်းခွင်အတွင်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခိုင်းစေနေဟုဆို
Mar 27, 2024
Cover
လုပ်ငန်းခွင်မှာ အထည်စံချိန်အလွန်အကျွံတောင်းခံ
Mar 24, 2024
Cover
လုပ်ငန်းခွင်ဆိုင်ရာ ခံစားခွင့်တွေ ခွင့်ပြုပေးဖို့ အလုပ်သမားတွေတောင်းဆို
Mar 23, 2024
Cover
တရုတ်နိုင်ငံ SHANGCHENG Garment မှ မြန်မာလုပ်သား ၂၀၀ ခန့် နေရပ်ပြန်
Mar 22, 2024
Cover
တရုတ်နိုင်ငံတွင် တောင်းဆိုမှုပြုလုပ်ခဲ့သည့် မြန်မာအထည်ချုပ် အလုပ်သမားများ ညှိနှိုင်းမှု မပြေလည်၊ လုပ်သားတချို့ နေရပ်ပြန်မည်
Mar 21, 2024
Cover
အထည်စံချိန်အဆမတန်ချုပ်ခိုင်းပြီး မရပါက ဥပဒေမဲ့အလုပ်ထုတ်နေ
Mar 20, 2024
Cover
လုပ်အားခ မပေးဘဲ အချိန်ပိုအား မဆင်းဟုဆိုကာ G&B အထည်ချုပ်စက်ရုံ အလုပ်ထုတ်
Mar 17, 2024