NEWS

ကလေးမြို့ပင်မသပိတ်အင်အားစုမှ ကော်မတီဝင်တစ်ဦးနဲ့တွေ့ဆုံမေးမြန်းခြင်း။

CoverLogo
657 Views

"တော်လှန်ရေးအောင်နိုင်ဖို့ကပြည်သူတွေစည်းလုံးဖို့လိုတယ်မိဘပြည်သူတွေအနေနဲ့မိမိပါဝင်နိုင်တဲ့နေရာကနေမမှိတ်မသုန်ပါဝင်ပေးကြဖို့ဒီတော်လှန်ရေးအောင်နိုင်တဲ့အထိအောင်နိုင်တဲ့အလံလွှင့်ထူနိုင်တဲ့အထိမိဘပြည်သူတွေအနေနဲ့ဒီတော်လှန်ရေးလမ်းစဥ်ပေါ်မှာမမှိတ်မသုဥ်ရပ်တည်ပေးကြပါ"

စစ်ကိုင်းတိုင်းဒေသကြီးအနောက်ဖက်ခြမ်းက ကလေးမြို့ရဲ့  စစ်အာဏာရှင်ဆန့်ကျင်ရေး တာဟန်းခံတပ်ကို စစ်ကောင်စီက မတ်လ ၂၇ နဲ့ ဧပြီလ ၇ ရက်မှာ အင်အားအလုံးအရင်းနဲ့ ဖြိုခွင်းခဲ့ရာ မတ်လ(၂၈)ရက် ပထမအကြိမ်ဖြိုခွင်းမှုမှာမအားခူ အပါအဝင် ပြည်သူ(၄)ဦးနဲ့  ဧပြီလ(၇)ရက် ဒုတိယအကြိမ်ဖြိုခွင်းမှုမှာကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်ကိုအာကာသူအောင်အပါအဝင် ပြည်သူ(၁၁)ဦး ကျဆုံးခဲ့ပါတယ်။

ဒါပေမယ့် ဆက်လက်ပြီးတော့ စစ်အာဏာရှင်လုံးဝအုပ်ချုပ်ခွင့်မရစေရေးအတွက် နေ့စဉ်လမ်းမထက်မှာ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က လူထုသပိတ်စစ်ကြောင်းဟာ ယနေ့အချိန်ထိ ပျက်ရက်မရှိအာဏာရှင်ကို ချီတက်တော်လှန်နေဆဲပါ။ အခုဆိုရင် ရက်ပေါင်း ၃၁၇ ရက်တိုင်ခဲ့ပါပြီ။

ဒီလိုလူထု သပိတ်တွေချီတက်နေမှုနဲ့ ပတ်သက်လို့  ဦးဆောင်ပါဝင်နေတဲ့ ကလေးမြို့ပင်မသပိတ်အင်အားစုကော်မတီဝင်ကို ဗိုက်ပူ(ကလေး)ကို  Myanmar Labour News ကဆက်သွယ်မေးမြန်းထားပါတယ်။

 

သပိတ်အင်အားစု ကော်မတီဝင် ကိုဗိုက်ပူ

စစ်ကိုင်းတိုင်း ကလေးမြို့ပင်မသပိတ်အင်အားစုမှ ကော်မတီဝင်တစ်ဦးနဲ့တွေ့ဆုံမေးမြန်းခြင်း။


MLN - ကလေးမြို့လူထုပင်မသပိတ်စစ်ကြောင်း ဘယ်လိုမျိုးဆက်လက်ပြီးလှုပ်ရှားနေပါသလဲ။

ကလေးမြို့ပင်မသပိတ်အနေနဲ့နွေဦးတော်လှန်ရေးမှာ မတ်လ၂၇ ရက်နေ့ပြည်သူ့တော်လှန်ရေးမှာစတည်ဆောက်ခဲ့တဲ့ တာဟန်သပိတ်ခံတပ်ကတော့သမိုင်းမှာမှတ်တမ်းတင်ခဲ့ပါပြီ။ မတ်လနောက်ပိုင်းကနေစပြီးဒီနေ့ဒီချိန်အထိလုံခြုံတဲ့နေရာတွေကနေဆန္ဒပြနေဆဲပါ။

MLN-သပိတ်အင်အားစုတွေက တော်လှန်ရေးမှာဘယ်အခန်းကဏ္ဍကနေပါဝင်နေသေးလဲ။

မြေပြင်သပိတ်တွေကတော့အာဏာရူးရဲ့အုပ်ချုပ်ခွင့်သက်ရောက်ခွင့်မရှိရေးနဲ့အာဏာရူးတွေရဲ့အရှိုက်ကိုထိတယ်။ပြီးတော့သပိတ်တွေရဲ့သံဓိဌာန်တွေအတိုင်း ဒီနေ့ဒီအချိန်အထိစစ်ကောင်စီကလုံးဝအုပ်ချုပ်ခွင့်မရတော့ဘူး။ ကျတော်တို့ကလဲအသံမတိတ် အလံမလိပ်ဘဲ ကနေ့အချိန်အထိတိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်။

MLN-ကလေးမြို့ပင်မသပိတ်အနေနဲ့ဘာတွေဆက်လုပ်ဖို့ရှိနေလဲ။

အဲ့ဒါကတော့မြေပြင်အနေအထားအရပေါ့ တိုက်ပွဲလဲဆိုင်ထားနေတော့လုံခြုံရေးကလဲတင်းကျပ်တယ်။ တချို့နေ့တွေဆိုတနေ့လုံးကင်းပုန်းတွေချပြီးစောင့်ကြည့်ခံရတယ်၊ ဒါပေမယ့်ဒီနေ့ဒီအချိန်အထိတော့ရက်မပျက်ထွက်နေခဲ့ပါတယ်၊ နောက်မှာလည်းကလေးမြို့ကအသံနဲ့အလံနဲ့ကလေးမြို့ကလူထုသပိတ်ဟာလာမယ့်ရက်တွေမှာလဲအသံမတိတ်အလံမလိပ်ပဲဆက်ထွက်ဖို့ရှိပါတယ်။ဒီလူထုသပိတ်ကိုလဲမိဘပြည်သူတရပ်လုံးပူးပေါင်းပါဝင်ပေးကြဖို့နဲ့လူထုသပိတ်ဟာနွေဦးတော်လှန်ရေးရဲ့အဓိကမောင်းနှင်အားလဲဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့အလံနဲ့အသံကြားရာအရပ်ကပူးပေါင်းပါဝင်ပေးကြဖို့အဓိကပြောချင်ပါတယ်။

MLN-သပိတ်စစ်ကြောင်းအနေနဲ့ပြည်သူကိုဘာများအမှာစကားပါးချင်ပါသလဲ။

ကျတော်တို့က နွေဦးတော်လှန်ရေးနဲ့ပြည်သူကိုအခြေခံတယ် ဒါကြောင့်မို့လို့ပြည်သူမှာပြည်သူပဲရှိတယ်လေတော်လှန်ရေးအောင်နိုင်ဖို့ကပြည်သူတွေစည်းလုံးဖို့လိုတယ်မိဘပြည်သူတွေအနေနဲ့မိမိပါဝင်နိုင်တဲ့နေရာကနေမမှိတ်မသုန်ပါဝင်ပေးကြဖို့ဒီတော်လှန်ရေးအောင်နိုင်တဲ့အထိအောင်နိုင်တဲ့အလံလွှင့်ထူနိုင်တဲ့အထိမိဘပြည်သူတွေအနေနဲ့ဒီတော်လှန်ရေးလမ်းစဥ်ပေါ်မှာမမှိတ်မသုဥ်ရပ်တည်ပေးကြပါ။ ကျတော်တို့ပြည်သူမှာပြည်သူပဲရှိတယ်လို့ကျတော်ပြောချင်ပါတယ်။

MLN-ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါအုံး။

ဒီတော်လှန်ရေးကြီးမှာပြည်သူတွေအနေနဲ့သက်ဆိုင်တဲ့နေရာကနေပါဝင်ပြီး ကိုယ့်လိပ်ပြာကိုယ်လုံကြဖို့ပြီးတော့​ကိုယ့်ဟာကိုလိပ်ပြာလုံရဲ့လားလို့ပြန်မေးကြဖို့ ဆင်ခြင်ပြီးတော်လှန်ရေးကိုအရှိန်မြှင့်ပြီးအဆုံးသတ်တိုက်ပွဲဝင်ကြဖို့ကျတော့အနေနဲ့ပြောချင်ပါတယ်။

MLN -ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းချီတက်ဆန္ဒဖော်ထုတ်နေစဉ်

 


Related posts

Cover
ကိုရီးယား ရာသီချိန်လုပ်သားအလုပ် ရမယ် ပြောဆိုပြီး သိန်းချီလိမ်လည်
Feb 03, 2024
Cover
ကလေးလုပ်သား ပပျောက်ရေး ဝန်ကြီးဌာနတခုတည်း လုပ်ကိုင်၍ မရနိုင်၊ နိုင်ငံရေး တည်ငြိမ်ရန်အပ်
Jan 18, 2024
Cover
အလုပ်သမားနှင့် အလုပ်ရှင်တွေကြားက စာချုပ်များ ဥပဒေနဲ့ညီညွတ်ရဲ့လား
Oct 26, 2023
Cover
လုပ်ငန်းခွင်ရပ်နားပြီး တောင်းဆိုမှုပြုလုပ်နေတဲ့ SEN YU အထည်ချုပ်အလုပ်သမားတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ။
Oct 19, 2023
Cover
ILO စုံစမ်းစစ်ဆေးရေးအစီရင်ခံစာနဲ့ စစ်အုပ်စုဖြေရှင်းရမဲ့ပုစ္ဆာ
Oct 13, 2023
Cover
အထည်ချုပ်လုပ်ငန်းခွင်မှာ ဘာကြောင့် ဆဲဆိုတာလဲ။(အင်တာဗျူး)
Jun 28, 2023
Cover
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးလုပ်သားတွေ ဘာကြောင့် မတွေ့ရတော့တာလဲ (အင်တာဗျူး)
May 03, 2023
Cover
အသက်အရွယ်က လုပ်ငန်းခွင်ကိုထိခိုက်နိုင်လား။
May 01, 2023